ကောလင်းခရိုင် အမှတ်၂တပ်ရင်း ထိန်းချုပ်စိုးမိုးထားတဲ့ စစ်ကိုင်းတိုင်း ကောလင်း-ဝန်းသိုလမ်းပိုင်းကုထ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကာ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ကောလင်းခရိုင်တပ်ရင်း၂ ထံက သိရပါတယ်။

အောက်တိုဘာ ၂၀ ရက်က ကောလင်းခရိုင်အမှတ် ၂ တပ်ရင်းထိန်းချုပ်ထားတဲ့ ကောလင်း- ဝန်းသို လမ်းပိုင် အင်းဗုတ်ကျေးရွာတဝိုက်ကို ကောလင်းဘက်က အင်အား ၅၀ ခန့်နဲ့ ဝန်းသိုဘက်က အင်အား ၁၂၀ ကျော်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ တော်လှန်ရေးရဲဘော်တွေနဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး အများအပြားသေကာ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အဲဒီနောက် အကြမ်းဖက်စစ်ကောင်စီတပ်သားအလောင်း အများအပြား တွေ့ခဲ့ရပြီး လက်နက် ၂ လက် သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

လုံခြုံရေးနဲ့ စစ်ရေးအရ သတင်းထုတ်ပြန်မှု နောက်ကျခဲ့တဲ့အတွက် တောင်းပန်အပ်ပါကြောင်းလည်း ကောလင်းခရိုင်အမှတ် ၂ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြား တိုက်ပွဲဝင်နေတဲ့ အမျိုးသမီးစနိုက်ဘာရဲဘော်ရဲ့ မှတ်တမ်းပုံရိပ်တွေ PDF-Zoland ထုတ်ပြန်

ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ PDF-Zoland (Sniper Team) ရဲ့ အမျိုးသမီးရဲဘော် ၁ ယောက် တိုက်ပွဲဝင်နေတဲ့ မှတ်တမ်းပုံရိပ်တွေကို PDF-Zoland မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ အပတ်စဥ်(၂) အခြေခံစစ်ပညာသင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်းကျင်းပပြုလုပ် (ရုပ်/သံ)

တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ အပတ်စဥ်(၂) အခြေခံစစ်ပညာသင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်းအခမ်းအနားမှတ်တမ်းရုပ်သံကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ် ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ (MOD)မှ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းမြို့ထဲ အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်နေချိန် စစ်အုပ်စုကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်၊ အဆောက်အအုံအချို့ပျက်စီးပြီး စစ်သားများ ထိခိုက်မှု ရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ အုန်းတောရွာ ဖွံ့ဖြိုးရေးကျောင်းဝင်းအတွင်း အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်နေချိန် စစ်အုပ်စုကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆောက်အအုံတချို့ ပျက်စီးပြီး စစ်သားတွေ ထိခိုက်မှုရှိခဲ့တယ်လို့ Generation Z Power က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံးမြို့ပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

တနင်္သာရီတိုင်း လောင်းလုံးမြို့ပေါ်မှာ စက်တင်ဘာ ၁၇ ရက် ညနေပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကောက်မတီထံက သိရပါတယ်။
Read More

ပေါက်နှင့် မြိုင်မြို့နယ်အစပ် သပြေညိုရေနံမှော်ကို အကြမ်းဖက်စစ်တပ် Gyrocopter ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အစပ်ရှိ သပြေညိုရေနံမှော်ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်က တက်လာတဲ့ Gyrocopter ၃ စီးက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ We Love Myaing က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီရဲ့ အန္တရာယ်ကွေ့စခန်းပတ်လည်မှာ ထောင်ထားတဲ့ မိုင်းကို KNDF/B-17 ရှင်းလင်း (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အန္တရာယ်ကွေ့စခန်းပတ်လည်မှာ ထောင်ထားတဲ့ မိုင်းကို KNDF/B-17 က တပ်ထိန်းလှမောင် ရှင်းလင်းနေတဲ့ ရုပ်သံဖိုင်တစ်ခုကို ကရင်အမျိုးသားများ ကာကွယ်ရေးတပ် KNDF/B-17 က ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာ မျှဝေလိုက်ပါတယ်။