ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အခြေစိုက်ဖြစ်တဲ့ အကြမ်းဖက်စစ်တပ် အမှတ် ၄၇ ခြေလျင်တပ်ရင်းရဲ့ အဓိကကျတဲ့ ကာကင်းစခန်း ၂ခုလုံးကို KIA PDF တော်လှန်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာလ ၄ရက် မနက်အစောပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲတွေ ပြင်းထန်လာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဗန်းမော်မြို့နယ်ထဲမှာ ကုန်းလမ်းကနေ စစ်ဘေးရှောင်ဖို့ မလွယ်တာကြောင့် ရေလမ်းကြောင်းတွေကိုသာ အသုံးပြုပြီး စစ်ဘေးရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

“ဗန်းမော်မြို့ကနေ တရုတ်ပြည်နယ်စပ်အထိ သွားလို့ရတဲ့ လမ်းတလျှောက်က စစ်ကောင်စီတပ်စခန်းအားလုံးကို KIA PDF ပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိုးစစ်ဆင်နေတာပါ။ တိုက်ပွဲတွေ ပြင်းထန်လာတယ်” လို့ ဗန်းမော်မြို့မှာ နေထိုင်သူတစ်ယောက်က မောင်းကိုပြောပါတယ်

ဗန်းမော်မြို့နဲ့ မံစီမြို့ကြားထဲမှာရှိတဲ့ အကြမ်းဖက်စစ်တပ် ခလရ ၄၇ တပ်ရင်းရဲ့ ဖန်းခါးကုန်းကာကင်းစခန်းနဲ့ ညောင်ပင်သာစခန်း၂ခုလုံးကို KIA PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နောက် လမ်းတလျှောက်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့လည်း ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် မံစီမြို့မှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီ တပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၁၉၊ ၆၀၁ နဲ့ အမှတ် ၅၂၃ အမြောက်တပ်ရင်းတွေကိုလည်း တော်လှန်ရေး ပူးပေါင်းတပ်တွေက ဝန်းရံပိတ်ဆို့ ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ်အစ ၂ လအတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၅၉ ဦးအထိ သေဆုံးခဲ့…

၂၀၂၅ ခုနှစ်အစပိုင်း ဇန်နဝါရီလ နဲ့ ဖေဖော်ဝါရီလ နှစ်လတာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁၅၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်ပါတယ်။
Read More

အောက်တိုဘာလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၅၀ ကြောင့် ပြည်သူ ၁၈၅ ဦး သေဆုံး၊ ၅၂၂ ဦး ဒဏ်ရာရ

အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူအပေါ် သွေးစွန်းစေတဲ့ ကိန်းဂဏန်းတွေဟာ ဆက်လက်မြင့်တက်နေပြီး အောက်တိုဘာလအတွင်း အာဏာသိမ်းစစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၅၀ အထိ ကျူးလွန်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ဆိုပါတယ်။
Read More

AA ယူနီဖောင်း ဝတ်ထားသူတချို့ စစ်သုံ့ပန်း ၂ ဦးကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှု ICC စုံစမ်းစစ်ဆေးဖို့ Fortify Rights အဖွဲ့ တောင်းဆို

ပေါက်ကြားလာတဲ့ ဗီဒီယိုမှတ်တမ်းအရ AA ယူနီဖောင်း ဝတ်ထားသူတချို့က စစ်သုံ့ပန်း ၂ ယောက်ကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC ) ကနေ စုံစမ်းစစ်ဆေးဖို့ ထိုင်းအခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့အစည်း Fortify Rights အဖွဲ့က ဇန်နဝါရီ ၂၃ ရက် ဒီနေ့မှာ တောင်းဆိုထုတ်ပြန်လိုက်ပါတယ်။
Read More

ရန်ကုန်တိုင်းအတွင်း ဧပြီလမှာ စစ်ရေးဖော်ဆောင်မှု ၉ ကြိမ် ပြုလုပ်ခဲ့ကြောင်း Operation Flame တပ်ဖွဲ့ ထုတ်ပြန်

ရန်ကုန်တိုင်းစစ်ရေးလှုပ်ရှားမှုတွေအနေနဲ့ ဧပြီလ ၁ လတာအတွင်း စစ်ရေးဖော်ဆောင်မှု စုစုပေါင်း ၉ ကြိမ်ပြုလုပ်ခဲ့တယ်လို့ Operation Flame တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အတင်းအဓမ္မ ပြန်လည်စုဆောင်းခံရသည့် တပ်ကြပ်အပါအဝင် စစ်မှုထမ်း ၂ ဦး ရှေ့တန်းတွင် ထွက်ပြေးအလင်းဝင်

သြဂုတ်လဆန်းပိုင်းကစလို့ မုံရွာမြို့နယ် ကျောက္ကာလမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး တိုက်ပွဲထဲကနေ စစ်မှုထမ်း ၂ ယောက် ထွက်ပြေးကာ အလင်းဝင်လာခဲ့တယ်လို့ Northwest Plains Revolutionary Forces – NPRF က ထုတ်ပြန်ပါတယ်။
Read More

ဧပြီလအတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၅ ဦး သေဆုံး… အတည်ပြုဖို့ လိုနေတဲ့ ၄၇ ဦးကို စာရင်းပြုစုဖို့ လုပ်ဆောင်နေဟု AAPP ဆို..

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း အရပ်သားပြည်သူ အမျိုးသမီး (၆) ယောက်နဲ့ အမျိုးသား (၉) ယောက် စုစုပေါင်း (၁၅) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ပါတယ်။