ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ဖရဲသီးရဲ့ သတင်းပေးပို့မှုကြောင့် ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီဗိုလ်ကြီး ၁ယောက်အပါအဝင် စစ်သား ၂ယောက် သေဆုံးခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ထံက သိရပါတယ်။

ဒီနေ့ ဒီဇင်ဘာလ ၄ ရက် မနက်ပိုင်းမှာ အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ကျေးရွာအခြေစိုက် ခမရ (၆) ကနေ ဆိုင်ကယ် ၄ စီးနဲ့ ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၈ယောက်ကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ခမရ (၆) တပ်ရှေ့ ကိုက်၂၀၀အကွာမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ရဲဘော်များနှင့် သိမ်းဆည့်ရရှိခဲ့သည့် လက်နက်ခဲယမ်းများ

တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှု ၈ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီး သိန်းဝင်းနဲ့ တပ်ကြပ် တင်အောင်တို့ သေဆုံးခဲ့ပြီး ကျန်တဲ့ တပ်သားတွေကတော့ ကြောက်လန့်တကြားနဲ့ ခမရ (၆) အတွင်းကို ဆုတ်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများ

“ရှေ့ဆုံးဆိုင်ကယ်က ထိသွားတာပါ။ ကျန်တဲ့ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနိုင်ပါတယ်။ ဒါကိုတော့ အတည်မပြုနိုင်သေးပါဘူး။ သတင်းပေးတဲ့ ဖရဲသီးလည်း ဘေးကင်းပါတယ်။” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက မောင်းကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်သားတွေထံက MA3 သေနတ်အသစ် ၁လက်၊ ကျည်ဘောက်၂ခု၊ ၅.၅၆ကျည် ၄၉တောင့်၊ လက်ပစ်ဗုံး၃လုံး၊ မိုလ်ဘိုင်းဖုန်း၂လုံး၊ ကျောပိုးအိတ်၁လုံး၊ မှတ်ပုံတင်၁ခု၊ ငွေသား ၄၀၀၀၀ကျပ်နဲ့ ခမရ(၆)တပ်ရဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေကို သိမ်းဆည်းနိုင်ခဲ့ပြီး တော်လှန်ရေးရဲဘော်တွေကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ စစ်ကောင်စီ တပ်သား ၂ ယောက်
သေဆုံးသွားတဲ့ စစ်ကောင်စီ တပ်သား ၂ ယောက်
0 Shares:
You May Also Like
Read More

ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၀ က တပ်ရင်းရှိ ရဲဘော်တွေကို အောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို ချီးကျူးဂုဏ်ပြုမှုနဲ့အတူ သီတင်းကျွတ်မုန့်ဖိုး ပေးအပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင် အမှတ် ၃၀ တပ်ရင်း (အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် - ADPRA) က တပ်ရင်းက တပ်ခွဲတွေရှိ ရဲဘော်တွေကို အောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို ချီးကျူးဂုဏ်ပြုမှုနဲ့အတူ သီတင်းကျွတ်မုန့်ဖိုး ပေးအပ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

သပိတ်ကျင်းတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦးသေပြီး ကလေးများနှင့် သံဃာတော်များအပါ ၈ ဦးဒဏ်ရာရ…

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ကလေးငယ်တွေနဲ့ သံဃာတော်တွေအပါအဝင် ၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်ချုပ်ရေးယန္တရားရှိရာ တောင်ဒဂုံမြို့နယ် တရားရုံးကို အဝေးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က စစ်အုပ်စုလက်အောက်ခံ တရားရုံးကို (ဇွန်လ ၇ရက်) မနေ့ညပိုင်းမှာ အဝေးပစ်လောင်ချာနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

လားရှိုးမှာ အရပ်သားတွေ အိပ်မောကျချိန် စစ်တပ်က ပေါင် ၅၀၀ ဗုံး ကြဲချလို့ ၁ ယောက်သေဆုံးကာ ၁၅ ယောက်ခန့် ဒဏ်ရာရ

ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ အမှတ် ၂ ရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က စက်တင်ဘာ ၂၄ ရက်၊ ဒီနေ့မနက် ၁နာရီကျော်မှာ လေကြောင်းကနေ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးတွေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
Read More

အသွင်ကူးပြောင်းရေးဆိုင်ရာ အစိုးရသစ်တစ်ရပ် ကြိုတင်ဖော်ဆောင်နိုင်ဖို့ လိုအပ်ကြောင်း NUG ယာယီသမ္မတ ပြောကြား

အရွယ်အလိုက် ကြီးပြင်းလာတဲ့ တော်လှန်ရေးကို တော်လှန်ရေးလားမြောက်အောင် ထပ်မံ ချဲ့ထွင် တည်ဆောက်ဖို့ လိုအပ်တယ်လို့ ဧပြီလ ၁၅ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ၁၁ /၂၀၂၅ အစိုးရအဖွဲ့အစည်းဝေးမှာ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ကြောင်း NUG က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူ၊ ကမ္မမြို့အရှေ့ဘက်ရှိ ရှင်မကန်ပျူစောထီးစခန်းကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့အရှေ့ဘက်က ရှင်မကန်ပျူစခန်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ စခန်းရှိရာရွာအတွင်း ကျရောက်ပေါက်ကွဲပြီး စစ်အုပ်စုဘက်ထိခိုက်မှုတွေရှိကြောင်း Cobra One တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။