အမှတ် (၁) စစ်ဒေသ မင်းဘူးခရိုင် အမှတ် (၃) တပ်ရင်းက ရဲဘော်တွေကို Equipment ၊ Helmet  နဲ့ ချပ်ဝတ်တန်ဆာတွေ တပ်ဆင်ပေးနိုင်ဖို့အတွက်  “အဖိုးတန်အသက်တွေမဆုံးရှုံးဖို့ ချပ်ဝတ်တန်ဆာ‌ဆင်‌ပေးစို့ “ကမ်ပိန်းပြုလုပ်ထားပါတယ်။

ပွင့်လင်းရာသီရောက်လာတာနဲ့အမျှ စစ်ရေးအရှိန်အဟုန် မြင့်လာတော့မှာဖြစ်တဲ့အတွက် ပြည်သူ့အသက်အိုးအိမ်ကို အသက်ပေး ကာကွယ်နေကြတဲ့ ပြည်သူ့ရဲဘော်တွေအတွက် “အဖိုးတန်အသက်တွေမဆုံးရှုံးဖို့ ချပ်ဝတ်တန်ဆာ‌ဆင်‌ပေးစို့” ကမ်ပိန်းမှာ တော်လှန်မိဘ ပြည်သူတွေ ပါဝင်ပေးကြဖို့ အလေးအနက်တောင်းဆိုထားပါတယ်။

ကမ်ပိန်းမှာ ပါဝင်လိုတဲ့ တော်လှန် မိဘပြည်သူတွေအနေနဲ့ ပြည်သူ့လွတ်မြောက်ရေး အင်အားစု စေတုတ္တရာဖေ့စ်ဘွတ်ခ်ပေ့ချ်မှာ အသေးစိတ်ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

0 Shares:
You May Also Like
Read More

ဝက်လက်-ရှိန်းမ ကားလမ်းမပေါ်မှာ စစ်သားတွေ စီးနင်းလာတဲ့ ယာဉ် ၃ စီးကို တိုက်ခိုက်မှု ၁ စီး ထိခိုက်ပျက်စီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်-ရှိန်းမကားလမ်းမပေါ်မှာ နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းက ပြည်သူတွေထံက အနိုင်ကျင့်လုယူပြီး အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ ယာဉ် ၃ စီးကို တော်လှန်ရေး ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ DOUNG NI People Defence Force - DNPDF က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် ‘TRIဗျူဟာ’ သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် 'TRIဗျူဟာ' သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း မှတ်တမ်းရုပ်သံကို အမှတ် -၁၂၂၂ တပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

“စက်လက်စုံညီ ရှေ့သို့ချီ” ကမ်ပိန်းမှာ ပါဝင်ပေးဖို့ ယင်းမာပင် ပကဖ ဖိတ်ခေါ် (ရုပ်/သံ)

အညာဒေသမှာ စနစ်တကျ စုဖွဲ့ပြင်ဆင်မှုတွေနဲ့ စစ်ကောင်စီကို တိုက်ခိုက်ဖို့အတွက် “စက်လက်စုံညီ ရှေ့သို့ချီ" ကမ်ပိန်းမှာ ပါဝင်ပေးကြဖို့ ယင်းမာပင်ခရိုင် ပကဖ က ဖိတ်ခေါ်လိုက်ပါတယ်။
Read More

Sky Villa ကွန်ဒိုကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေ၊ ရုပ်အလောင်း ၄ လောင်း ထပ်မံတွေ့ရှိ (ရုပ်/သံ)

ပြင်းထန်တဲ့ငလျင်နဲ့ ကြုံတွေ့ခဲ့ရတဲ့ Sky Villa ကွန်ဒို ပြိုကျမှုက ပိတ်မိနေသူတွေကို ဒီနေ့ ဧပြီလ ၃ ရက်နေ့မှာ ဆက်လက်ရှာဖွေမှုတွေပြုလုပ်ခဲ့တယ်လို့  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမြို့နယ်အတွင်း အတင်းအဓမ္မတပ်သားစုဆောင်း၊ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို တာဝေးပစ်ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ်က တပ်မ ၁၀၁ နဲ့ လက်အောက်ခံတပ် ၂၅၁၊ ၂၅၂ တပ်တွေကို ဒီဇင်ဘာ ၁၇ ရက် ဒီနေ့မနက်ပိုင်းမှာ တာဝေးပစ်ရော့ကတ် ၈ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE Pakokku အဖွဲ့ရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။
Read More

ပုလောမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ စစ်စခန်းတွေကို ၁ လတာအတွင်း ဒရုန်းနဲ့ ဗုံးသီး အကြိမ် ၅၀ ကျော် ကြဲချတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ စစ်စခန်းတွေကို ဒီဇင်ဘာ ၁၄ ရက်ကနေ ဇန်နဝါရီ ၁၂ ရက်အထိ ရက်ပေါင်း ၃၀ အတွင်း ဒရုန်းနဲ့ ဗုံးသီးအကြိမ်ရေ ၅၀ ကျော်၊ ဗုံးသီး အလုံး ၇၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပုလော ပကဖ ထံက သိရပါတယ်။