မန္တလေး PDF ထိန်းချုပ်ထားတဲ့ မတ္တရာဒေသထဲက မြို့ကုန်းကျေးရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာလို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၇ ယောက်သေဆုံးကာ စစ်သုံ့ပန်း  ၁ယောက်နဲ့အတူ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်း ရရှိခဲ့ကြောင်း MDY-PDF က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့  ဒီဇင်ဘာလ (၂)ရက် ညပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်စိုးမိုးထားတဲ့ မတ္တရာမြို့နယ် အရှေ့ဘက်ခြမ်းက မြို့ကုန်းကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာလို့ တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း စစ်သုံ့ပန်း (၁)ယောက်နဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ပြီး ရန်သူ့အလောင်း(၇)လောင်းလည်း ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့က အဲဒီတိုက်ပွဲဟာ တစ်နေကုန်နီးပါး  ဖြစ်ပွားခဲ့ပြီး ညနေပိုင်းလောက်မှာ စစ်ကောင်စီတပ်တွေ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေအကြား မတ္တရာမြို့နယ် ၊ သပိတ်ကျင်းမြို့နယ် နဲ့ နောင်ချိုမြို့နယ်တို့မှာ နေ့စဉ်တိုက်ပွဲတွေ ဖြစ်ပွါးလျက်ရှိတယ်လို့ MDY-PDF က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလက စတင်ပြီး စစ်ကောင်စီဟာ MDY-PDF ထိန်းချုပ်ရာ မတ္တရာဒေသထဲကို  စစ်ကြောင်းထိုးဝင်ရောက်တာ ပြန်လည်ထိုးစစ်ဆင်မှုတွေ ဆက်တိုက်ပြုလုပ်နေပေမယ့် MDY-PDF ဘက်ကတော့ နယ်မြေတွေကို ဆက်လက်ထိန်းချုပ် လွှမ်းမိုးထားဆဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်တပ်အတွက် တပ်သားသစ်စုဆောင်းပေးကာ ပြည်သူတွေကို ငွေညှစ်နေတဲ့ ပျူခေါင်းဆောင် ရာအိမ်မှူး ဌေးလွင် ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပုတီးကုန်းမြို့နယ်၊ သပြေလှအုပ်စု၊ ရင်းတိုက်ကျေးရွာမှာ နေထိုင်တဲ့ ရာအိမ်မှူး ဌေးလွင်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ တရားမဝင် စစ်မှုထမ်းဥပဒေအတွက် လူသစ်စုဆောင်းပေးနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။
Read More

မင်းတပ်မြို့နေ ပြည်သူများ စစ်ကောင်စီတပ်ကျန်ခဲ့သည့် လက်နက်ခဲယမ်းများ ရရှိထားလျှင် ပြန်အပ်နှံဖို့ CDF – Mindat ထုတ်ပြန်

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ် ကျန်နေခဲ့တဲ့ လက်နက်ခဲယမ်းတွေ လက်ဝယ်ရရှိထားရင် လာမယ့် မတ်လ ၁၅ ရက် နောက်ဆုံးထား ပြန်လည်အပ်နှံဖို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ် (Chin Defence Force – Mindat) က မနေ့ကဖေဖော်ဝါရီ ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

အုတ်ဖိုမှာ အုပ်ချုပ်ရေးမှူးတွေ ဦးဆောင်ကျင်းပတဲ့ လောင်းကစားဝိုင်းကို ဝင်ရောက်ပစ်ခတ်ရာ အုပ်ချုပ်ရေးမှူး ၁ ယောက် သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့အနီးမှာ မတောင့်တကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် အောင်မင်းထက်ဆိုသူ ဦးဆောင်ပြီး ပျူစောထီးတွေနဲ့ အုပ်ချုပ်ရေးမှူးတွေ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို တော်လှန်ရေးအင်အားစုတွေက ဝင်ရောက် ပစ်ခတ်ရာ အောင်မင်းထက်ကတော့ နေရာမှာတင် သေဆုံးသွားတယ်လို့  ၃၈၀၂ တပ်ရင်းထံက သိရပါတယ်။
Read More

ကိုထိန်လင်းနှင့် နယူးယောက်ရှိ မြန်မာများ တွေ့ဆုံပွဲမှ ကန်ဒေါ်လာ ၅၂၀၀၀ ကျော်ရရှိ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအတွက် အသုံးပြုမည်

အမေရိကန်နိုင်ငံကို Suu 80th Birthday Campaign အတွက် ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် Kim Aris (ခေါ်) ကိုထိန်လင်းဟာ နယူးယောက်ရှိ မြန်မာပြည်သူတွေနဲ့ မတ်လ ၁၅ ရက်နေ့မှာ တွေ့ဆုံခဲ့ပါတယ်။  
Read More

ယင်းမာပင်မြို့နယ် ပကဖ လက်ရုံးတပ်၏ ဖွဲ့စည်းတည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) လက်ရုံးတပ် Union Liberation Front - ULF စစ်ကြောင်း ဖွဲ့စည်းတည်ထောင်ခြင်း (၃) နှစ်ပြည့် အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံတွေကို အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

စျေးသည်တွေကို ဖိနှိပ်ဆက်ဆံတဲ့ တာမွေစည်ပင်ရုံး လက်ပစ်ဗုံးနဲ့ပစ်ခံရ

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်က စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးပစ် တိုက်ခိုက်ခံရပြီး Non CDM ဝန်ထမ်းတွေ ထိခိုက်သွားကြောင်း သိရပါတယ်​။