ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ၂ ၊ ဗျူဟာ၂၅ (ရိုးမဗျူဟာ ၄) ၊ ဖာပွန်ခရိုင် တပ်ရင်း ၁ က ဒုတပ်ရင်းမှူးနဲ့ တပ်ခွဲမှူး ကျဆုံးခဲ့တာ ၁ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။

ကျဆုံးရဲဘော် ၂ ယောက်အတွက် အဆိုပါတပ်ရင်းက လွမ်းဆွတ်သတိရခြင်းဆိုတဲ့ ခေါင်းစဥ်နဲ့ ကျဆုံးသူတို့ရဲ့ ဓာတ်ပုံတွေကို ဖော်ပြထားပါတယ်။

ဖာပွန်ခရိုင် တပ်ရင်း ၁ (P27001)ရဲ့ ဒုတပ်ရင်းမှူး ကိုထက်နဲ့ တပ်ခွဲမှူး ကိုသံချောင်းတို့ဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃ ရက်မှာ စစ်ကောင်စီတပ်ကို ခုခံတော်လှန်တိုက်ထုတ်ရင်း အသက်ခန္ဓာ ပေးလှူသွားခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ကျဆုံးရဲဘော် ၂ ယောက်ဟာ သူတို့ရဲ့ ရဲဘော်ရဲဘက် လက်အောက်ငယ်သားတွေအပေါ်  အနစ်နာခံမှုနဲ့အတူ ဦးဆောင်ခဲ့တယ်လို့လည်း အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်မြို့ အသံတိတ်သပိတ် မြင်ကွင်း (ဓာတ်ပုံသတင်း)

ဒီဇင်ဘာ ၁၀ ရက်၊ ဒီနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ အာဏာသိမ်းစစ်ကော်မရှင်ကို ဆန့်ကျင်ကြောင်း အသံတိတ်သပိတ် Silent Strike ဆင်နွှဲနေကြတဲ့ ရန်ကုန်မြို့ရဲ့ လူသူရှင်းလင်းနေတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။ “ငါတို့မြို့၊ ငါတို့ လှုပ်ချင်လှုပ်မယ်၊ ငါတို့ ငြိမ်ချင်ငြိမ်မယ်” ဆိုပြီး မနက် ၁၀ နာရီကနေ ညနေ ၃နာရီအထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။
Read More

မန္တလေးနန်းတွင်းထဲမှ လက်နက်ကြီး ရမ်းကားပစ်ခတ်မှုကြောင့် ထိခိုက်သူများကို စစ်အုပ်စု လျော်ကြေးပေးပြီး သတင်းဖုံးရန် ကြိုးပမ်း

မန္တလေးနန်တွင်း ထပရ-၁၂၁ တပ်ကနေ စစ်တပ် ရမ်းသမ်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို စစ်အုပ်စုက အိမ်တိုင်ရာရောက် လိုက်လံနှုတ်ပိတ်ပြီး အခြေအနေမှန်ကို သတင်းဖုံးဖို့ ကြိုးပမ်းခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
Read More

တိုက်ပွဲတွင် ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ရသူများအပါအဝင် Federal Wings ဒရုန်းတပ်ဖွဲ့မှ တပ်သားသစ်များ ခေါ်ယူနေ၊ Research and Development လုပ်ငန်းများတွင် လက်တွဲဆောင်ရွက်လိုသည့် တော်လှန်ရေးအဖွဲ့များကိုလည်း ဖိတ်ခေါ်

နိုင်ငံတစ်ဝန်း စစ်မျက်နှာတွေမှာ ပါဝင်တိုက်ပွဲဝင်နေတဲ့ Federal Wings ဒရုန်းတပ်ဖွဲ့က တာဝန်ထမ်းဆောင်ဖို့ တော်လှန်ရေးတပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။
Read More

သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သည့် ညဘက် အပြင်ထွက်ချိန် ပေါ်တာဆွဲခံရသူ စစ်သား ၁ ဦး ဒေါနစစ်ကြောင်းဆီ လက်နက်နှင့် အလင်းဝင်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၃၁ က စစ်မှုထမ်းသင်တန်းဆင်း စစ်ကောင်စီတပ်သားတစ်ယောက် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ၃၃ နယ်မြေ ၊ ဒေါနတပ်ရင်း ၊ ‌တပ်ခွဲ(၄) (Kanbauk Defense Force) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၆ နှစ်ကြာ တာဝန်ထမ်းခဲ့သည့် စစ်ကောင်စီတပ်သား အလင်းဝင်ကာ PDF နှင့်အတူ တိုက်ပွဲဝင်မည်ဟု ဆို

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မှာ စစ်ကောင်စီတပ်သား ၁ယောက် ညကင်း တာဝန်ကျချိန် ထွက်ပြေးရင်း နေပြည်တော် PDF တပ်ရင်း (၉၀၁) ထံ လက်နက်ကျည်ဆံတွေ ယူဆောင်ကာ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပေါက်မြို့နယ်မှာ ကိုင်းလယ်ရဲစခန်းအပါအဝင် စစ်ကောင်စီတပ် တပ်စွဲထားတဲ့ နေရာ ၃ နေရာကို ဒရုန်းနဲ့ ဗုံးသီး ၃၀၀ ကျော် ကြဲချတိုက်ခိုက်…

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းက ကိုင်းလယ်ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ နေရာ ၃ခုကို ဒရုန်းဗုံးသီးပေါင်း ၃၀၀ ကျော်နဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။