တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်က အကြမ်းဖက်စစ်တပ် ဂိတ်စခန်းတွေကို ဒရုန်းနဲ့ ၂ ရက်တာ ဗုံးကြဲတိုက်ခိုက်မှုမှာ အရာရှိအပါအဝင် စစ်ကောင်စီတပ်သား ၁၀ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေါနတပ်ရင်း၊ တပ်ခွဲ – ၆ (ဝေဟင်တပ်ဖွဲ့)က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ရက်နဲ့ ၂၅ရက်နေ့တွေမှာ ထားဝယ်ရေနက်ဆိပ်ကမ်းဧရိယာ ဂိတ်စခန်းအပါအဝင် ရပ်တော်မှု ဘုရားအနီးက ဂိတ်စခန်းနဲ့ ခမရ (၄၀၇) တပ်ရင်းတို့ကို ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များခဲ့တာဖြစ်ပါတယ်။

ရေဖြူမြို့နယ်၊ ထားဝယ်ရေနက်ဆိပ်ကမ်းဧရိယာအတွင်းက စစ်တပ်စခန်းကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် – TPLF ရဲ့ ချေမှုန်းရေးတပ်စု၊ Drone Team၊ ရေဖြူ-ပကဖ (တပ်ခွဲ-၂)တို့နဲ့အတူ နိုဝင်ဘာ ၂၁ရက်နေ့မှာ ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်သား၁ယောက် သေဆုံးကြောင်းဒေါနတပ်ရင်း၊ တပ်ခွဲ – ၆ (ဝေဟင်တပ်ဖွဲ့)ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

အလားတူ နိုဝင်ဘာ (၂၅) ရက်နေ့ကလည်း ရေဖြူမြို့၊ ရပ်တော်မူဘုရားအနီးက စစ်တပ်ဂိတ်စခန်းအပါအဝင် စကခ(၈) လက်အောက်ခံ ရေဖြူမြို့အခြေစိုက် ခမရ (၄၀၇)တပ်ရင်းတို့ကိုလည်း ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး ခမရ(၄၀၇)တပ်ရင်းက အရာရှိအဆင့် ၁ယောက်အပါအဝင် စစ်သား ၉ယောက် သေဆုံးခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကို ဒေါနတပ်ရင်း၊  တပ်ခွဲ-၆ (ဝေဟင်တပ်ဖွဲ့)နဲ့အတူ တပ်ခွဲ-၇ (LPF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် (အမှတ်-၁)တပ်ရင်း၊ Sky Ghost  Drone Force၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် – TPLF ရဲ့ ချေမှုန်းရေးတပ်စု Drone Team၊ ရေဖြူ-ပကဖ (တပ်ခွဲ-၂)နဲ့ နဂါးနီပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်​​ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေထဲ သေဆုံးသူတွေအပြင် ထိခိုက်၊ ဒဏ်ရာပြင်းအထန်သူတွေလည်း အများအပြားရှိခဲ့ကြောင်း ဒေါနတပ်ရင်း၊  တပ်ခွဲ-၆ (ဝေဟင်တပ်ဖွဲ့)က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဇေယျဝတီဘူတာရုံ အပါအဝင် ဖြူးမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို ပကဖတပ်ဖွဲ့ဝင်များ  ဝင်ရောက်တိုက်ခိုက်

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်က ဇေယျဝတီမြို့ဘူတာရုံအပါအဝင် စစ်ကောင်စီတပ်တွေရှိနေတဲ့  မြို့ပေါ်နေရာတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း  ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

AA နဲ့ ရခိုင်လူမျိုးတွေ ကိုပစ်မှတ်ထား တိုက်ခိုက်ဝါဒဖြန့်နေတဲ့ စစ်ကောင်စီ ချန်နယ်အချို့ ရပ်ဆိုင်း

ရခိုင်လူမျိုးတွေနဲ့ အာရက္ခတပ်တော် AA ကိုပစ်မှတ်ထားကာ ဝါဒဖြန့်တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ အမာခံ တယ်လီဂရန်အပါအဝင် ချန်နယ်အချို့ရပ်ဆိုင်းသွားတယ်လို့ Burma Affairs & Conflict Study (BACS) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

မြိုင်တွင် ပိတ်ဆို့ခံထားရပြီး ငတ်ပြတ်နေသည့် စစ်အုပ်စုရွာကို စစ်ကောင်စီ Y8 လေယာဥ်ဖြင့် ရိက္ခာချပေး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေ ပိတ်ဆို့ဝန်းရံထားတဲ့ သရက်ကန် ပျူစောထီးရွာကို စစ်ကောင်စီက ထောက်ပို့လေယာဥ်နဲ ရိက္ခာထုပ်တွေချပေးခဲ့ကြောင်း TKY ပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်စောကြီးက မောင်းကို ပြောပါတယ်။
Read More

ထီးလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲတပ်သား ၁ ယောက် ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာ

မကွေးတိုင်း၊ ထီးလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲတပ်သား ၁ ယောက်ဟာ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။
Read More

အသံတိတ်သပိတ် ဂုဏ်ပြုသောအားဖြင့် ဂန့်ဂေါမြို့မရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ရဲ ၂ ဦး ဆေးရုံရောက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ အသံတိတ်သပိတ် အောင်ပွဲအထိမ်းအမှတ်အနေနဲ့ ဂန့်ဂေါမြို့မရဲစခန်းကို တော်လှန်ရေးအင်အားစုတွေက ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ရဲ ၂ယောက် ဆေးရုံတင်ထားရကြောင်း ယောအလင်းတန်းအဖွဲ့ဝင် ကိုရောင်နီက မောင်းကို ပြောပါတယ်။
Read More

လူထုကြား ပျောက်နေသည့် ဗိုလ်ချုပ်တာဘုန်းကျော် တအာင်းပညာရေးအကယ်ဒမီ ကျောင်းဆင်းပွဲတွင် ပြန်ထွက်ပေါ်လာ

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် TNLA က မိုးကုတ်မြို့ကို အကြမ်းဖက်ကော်မရှင်ထံ ပြန်ပေးလိုက်ပြီးနောက် မြို့ထဲကို စစ်တပ် ဘယ်လိုပြန်ဝင်လာမလဲဆိုတာနဲ့ ပတ်သက်ပြီး အငြင်းပွားနေချိန် လူထုရှေ့ ထွက်မလာတာကြာပြီဖြစ်တဲ့ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်ဟာ တအာင်းပညာရေးအကယ်ဒမီ ကျောင်းဆင်းပွဲနဲ့အတူ လူထုရှေ့ ပြန်ထွက်ပေါ်လာခဲ့ပါတယ်။