မန္တလေးတိုင်း၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ်မှာ စစ်အုပ်စုအထိုင်ချတပ်စွဲထားတဲ့ ပြင်စည်ရွာ လျှပ်စစ်ခွဲရုံးအပါအဝင် ရဲစခန်းနဲ့ စာသင်ကျောင်းတို့ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ရော အနီးကပ်ပါ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ယောက် သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၄ ရဲဘော် ၁ ယောက်က မောင်းကို ပြောပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့ မနက်အစောပိုင်းကစလို့ ပြင်စည်ရွာ လျှပ်စစ်ဓာတ်အားပေးခွဲရုံမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဆီ တော်လှန်ရေးတပ်တွေက အရင်ဆုံးဒရုန်းနဲ့ ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြေပြင်ကနေပါ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အနီးကပ်ကပ် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ပြင်စည်ရဲစခန်းနဲ့ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်အုပ်စုတွေကိုလည်း ၆၀မမ လက်နက်ကြီးနဲ့ ၅ ကြိမ်၊ ဒရုန်းနဲ့  ၂ ကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုတွေကို  ၁နာရီခွဲကြာ တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်ကနေ အကြမ်းဖက်စစ်ကူကားတွေ ​ရောက်ရှိလာ​တာကြောင့် ပြန်လည်ဆုတ်ခွါပေးခဲ့ရပြီး လွှတ်တင်ထားတဲ့ Fixed Wings ဒရုန်း ၂စင်းကိုလည်း တိုက်ပွဲထဲ လက်လွှတ်ဆုံးရှုံးခဲ့ရတယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၄ ရဲဘော် ၁ ယောက်က ဆိုပါတယ်။

“မနက်ခင်းအလင်းရောင် စပျိုးလာတာနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ လျှပ်စစ်ခွဲရုံးရော ရဲစခန်းတွေရော တချိန်တည်း တိုက်ခိုက်ခဲ့တာပါ။ ပြင်စည်က ရန်ကုန်-မန္တလေးလမ်းနဲ့နီးတော့ ဒီကောင်တွေ ပေးရမှာကြောက်ပြီး ဂျမ်မာတွေ ပြည့်ပြည့်စုံစုံ တပ်ထားတယ်။ အဲ့ဂျမ်မာတွေ ကောင်းတော့ ဒရုန်းတွေ ဆုံးရှုံးရတာပါ။ အဲ့နောက်တော့ အမြန်လမ်းကနေ ကားကြီးသုံးစီး ဆင်းလာကူတာပါပဲ” လို့ မြင်းခြံခရိုင် တပ်ရင်း ၄ ရဲဘော်က ပြောပြပါတယ်။

ဒီတိုက်ခိုက်မှုတွေကို မြင်းခြံခရိုင် တပ်ရင်း ၄ နဲ့ ၁၀ (Natogyi PDF) က လုပ်ဆောင်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိခဲ့သလို စစ်ကောင်စီဘက်က ၇ ယောက် သေကာ ၈ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဓနုလူမျိုးများဆုံစည်းရာနေ့ အခမ်းအနားကို DPLF/DPLA လှုပ်ရှားနယ်မြေတစ်နေရာတွင် ကျင်းပပြုလုပ်

တပေါင်းလဆန်း(၁၄)ရက်မှာ ကျရောက်တဲ့ ဓနုလူမျိုးများဆုံစည်းရာနေ့ အခမ်းအနားကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF/DPLA) ရဲ့ လှုပ်ရှားနယ်မြေ တစ်နေရာမှာ DPLF/DPLA က ဦးဆောင်ပြီး အကျဥ်းရုံး ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေ ၄ လ ကျော်ကြာတဲ့အထိ ထောင်ဝင်စာဧည့်တွေ့ခွင့်မရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုဝင်တွေက ထောင်ဝင်စာဧည့်တွေ့ခွင့်မရတာ ၄ လကျော်အထိ ကြာနေပြီလို့  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ကနေထုတ်ပြန်ထားပါတယ်။
Read More

အမှတ် (၂) စစ်ဒေသခွဲ ထိန်းချုပ်နယ်မြေတွေမှာ ပြည်သူလူထုနဲ့ PDF တို့ စုပေါင်းမဟာဘုံကထိန်ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ ထိန်းချုပ်ရာ ပဲခူးတိုင်း အရှေ့ခြမ်းရှိ ကျေးရွာတွေမှာ ပြည်သူလူထုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ စုပေါင်းပြီး စုပေါင်းမဟာဘုံကထိန်ပွဲပြုလုပ် ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

ဝမ်းတွင်းတွင် မြို့တွင်းမြို့ပြင် ကျေးရွာအနှံ့ စစ်မှုထမ်းအတွက် ဖမ်းဆီးခံရမှု ဆိုးရွား များပြားလာ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ စစ်အုပ်စုရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေ ပြန်လည်ဆိုးရွားလာသလို တအိမ်တက် တအိမ်ဆင်း လက်ကိုင်ဖုန်းတွေပါ စစ်ဆေးလာကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရန်ကုန်မြို့တွင် “ငလျင်ဘေးအကြောင်းပြ ဗုံးကြဲတိုက်ခိုက်မှုကို တားဆီးကြ” စာတန်းချိတ်ဆွဲပြီး လူထုလှုပ်ရှားမှု ပြုလုပ် (ဓာတ်ပုံသတင်း)

ရန်ကုန်မြို့ YBS ကားပေါ်နဲ့ ကုန်းကျော်တံတားတစ်ခုပေါ်မှာ ရွှေပြည်သာသပိတ်ကော်မတီ (SPTSC) က "ငလျင်ဘေးအကြောင်းပြ ဗုံးကြဲတိုက်ခိုက်မှုကို တားဆီးကြ" ဘန်နာစာသားချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

Chinland Defense Force, Kalay-Kabaw-Gangaw (CDF – KKG) ရဲ့ ခရစ်စမတ်ပွဲတော် (ဓာတ်ပုံသတင်း)

Chinland Defense Force, Kalay-Kabaw-Gangaw (CDF - KKG) အနေနဲ့ ခရစ်စမတ်ပွဲကို ဩစတြေးလျက အလှူရှင် ( ၂ ) ယောက် ပါဝင် လှူဒါန်း ပြုလုပ်ပေးခဲ့မှုနဲ့အတူ တပ်ဖွဲ့အတွင်း မနေ့က ပြုလုပ်ခဲ့တယ်လို့ ဒီနေ့မှာ CDF-KKG က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။