ရန်ကုန်မြို့ ထောက်ကြန့် – လှော်ကား တာဆုံအနီးမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ၁၀၆ ခြေမြန်တပ်ရင်း ဌာနချုပ် အဝင်ဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဖြစ်တဲ့ Rangoon Urban Force (R.U.C) ထံက သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဂိတ်ကို မနေ့က ဒီဇင်ဘာ ၃ရက် ညပိုင်းမှာ 79 ဗုံးပစ်လောင်ချာ ၂လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

“မြို့ပြ UG အလုပ်ကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်၊ ရဲနဲ့ သူတို့လက်အောက်ခံ ဌာနဆိုင်ရာတွေကိုပါ သတိပေးတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။ အခုအခါမှာတော့ အခြေနေပေးရင်ပေးသလို တိုက်ပွဲဝင်ဆောင်ရွက်မှာပါ” လို့ R.U.C စစ်ကြောင်းတာဝန်ခံ ကိုရဲခေါင်က မောင်းကိုပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုကြောင့် အဝင်ဂိတ်မှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်သားတွေ ထိခိုက်မှု ရှိတယ်လို့ မြေပြင်တန်ပြန်ထောက်လှမ်းရေးအဖွဲ့ထံက သိရပြီး တော်လှန်ရေးရဲဘော်တွေကတော့ ဘေးလွတ်ရာကို ပြန်လည်ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

၁၀၆ ခြေမြန်တပ်ရင်း ဌာနချုပ် အဝင်ဂိတ် တိုက်ခိုက်ခံရပြီးတဲ့နောက် အကြမ်းဖက်စစ်တပ်က လမ်းဆုံလမ်းခွတွေမှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုတွေ လုပ်ခဲ့သေးတယ်လို့လည်း အနီးနား ဖြတ်သန်းသွားလာသူတွေထံက သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ အသုံးပြုမည်ဟု ယူဆရသည့် Y-8 လေယာဉ်နှစ်စင်း ကူးမင်းလေဆိပ်တွင် တွေ့ရှိခဲ့ဟု Myanmar Witness ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မတော်(လေ) (MAF) အမှတ်တံဆိပ်ပါ Shaanxi Y-8F-200W နည်းဗျူဟာမြောက် သယ်ယူပို့ဆောင်ရေး လေယာဉ်နှစ်စင်းကို တရုတ်နိုင်ငံ ကူးမင်းလေဆိပ်ရှိ နေရာတစ်ခုမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ Myanmar Witness က မနေ့က ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမှာ နတ်ပွဲအကြောင်းပြ လုပ်စားနေတဲ့ လောင်းကစားဝိုင်းတွေကို ပကဖ ဝင်ရောက်ဖမ်းဆီး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ နတ်ပွဲအကြောင်းပြပြီး လောင်းကစားဝိုင်း ပြုလုပ်နေသူတွေကို ဝင်ရောက်ဖမ်းဆီးကာ ပါဝင်သူတွေကိုသတိပေးအရေးယူတာတွေ လုပ်ဆောင်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး ကိုရှဲဒိုးက မောင်းကိုပြောပါတယ်။
Read More

မုံရွာမြို့ပေါ် စစ်ကောင်စီတပ်သား ၂ ဦး ရှင်းလင်းခံရမှုအတွက် မြို့ခံ အယောက် ၆၀ ကျော်ကို စစ်အုပ်စု ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီ တပ်သား ၂ ယောက် ပစ်ခတ်ရှင်းလင်းခံရတာနဲ့ ပတ်သက်ပြီး အကြမ်းဖက်စစ်အုပ်စုဟာ မြို့ခံပြည်သူများစွာကို နေ့တွင်းချင်းပဲ မတရားဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရန်ကုန်မြို့တွင်း သပိတ်လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်တဲ့ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေ ဖမ်းဆီးခံရ

ရန်ကုန်မြို့တွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်သူတစ်ယောက်ဖြစ်တဲ့ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေကို အကြမ်းဖက်စစ်ကောင်စီ ဖမ်းဆီးသွားတယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (Anti-Junta Alliance Yangon – AJAY) က ထုတ်ပြန်ထားပါတယ်။
Read More

သာယာဝတီခရိုင် PDF တပ်ရင်း ၃ (3803) ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၃) သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ၊ သာယာဝတီခရိုင်တပ်ရင်း ၃ (3803) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၃) သင်တန်းဆင်းပွဲကို ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့မှာ သာယာဝတီခရိုင်အတွင်း ကျင်းပ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် ဝမ်းတွင်းတွင် သေဆုံးသူ ၃၀ဦးအထက်ရှိလာပြီး၊ ထိခိုက်ဒဏ်ရာရသူ ၇၀ ကျော်ရှိဟု ဆို

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ ငလျင်ဒဏ်ကြောင့် မြို့နယ်လုံးကျွတ် ထိခိုက်ပျက်စီးကာ ကလေးငယ်နဲ့ သံဃာတော်များ အပါအဝင် သေဆုံးသူ ၃၀ ကျော်အထိ ရှိတယ်လို့ Voice of Wundwin တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။