မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြင်စည်လျှပ်စစ်ဓာတ်အားပေးခွဲရုံမှာ တပ်စွဲအထိုင်ချထားတဲ့ အင်အား ၃၀ ခန့်ရှိ အကြမ်းဖက်စစ်သားတွေကို ဒီဇင်ဘာ ၂ ရက်က တော်လှန်ရေးပူး ပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force ထံက သိရပါတယ်။

ပြင်စည်လျှပ်စစ်ဓာတ်အားပေးခွဲရုံက အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီး ၂ ကြိမ်ကြဲချပြီး ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ကာ မြေပြင်ကနေ လက်နက်ငယ်တွေနဲ့ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ ၁ နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၇ ယောက်သေကာ ထိခိုက်ဒဏ်ရာ ရရှိသူတွေလည်းရှိပြီး ရန်ကုန်-မန္တလေးအမြန်လမ်းမကနေ စစ်ကူတွေ ရောက်ရှိလာတဲ့အတွက် တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ဆင်ရေးအတွင်း တော်လှန်ရေးရဲဘော်တွေဘက်က Fixed Wings ဒရုန်း ၂ စီး ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄-၁၀)နဲ့ MDDSတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပန်းဘဲတန်းမြို့နယ် PPP ကိုယ်စားလှယ်က အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ နာမည်ကြီးအကနဲ့ ကပြမဲဆွယ် (ရုပ်/သံ)

''ဒီလို ကျပ်မပြည့်တဲ့ကောင်တွေက လွှတ်တော်အမတ်ဖြစ်ချင်နေတာက ‌ေ‌-ာက်ပြဿနာ၊ ဒီလိုအခြေနေမျိုးမှာ ပြည်သူ့ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ပြည်သူရဲ့ ဆဲဆိုသံ လှောင်ပြောင်သံတွေကို မသိကြတာလား …. တိုင်းပြည်အရေးထက် ခေတ်ပျက်မှာ အချောင်အမတ်ဖြစ်မလားဆိုပြီး ဝင်ပြိုင်နေကြသူတွေချည်းပဲ'' လို့ Facebook သုံးစွဲသူတွေက မှတ်ချက်ပြုရေးသားထားပါတယ်။
Read More

အာရက္ခတပ်တော် AA သိမ်းယူထားတဲ့ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာ (ရုပ်/သံ)

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ အာရက္ခတပ်တော် AA သိမ်းယူထားတဲ့ အမှတ် (၅) စစ်ဆင်ရေး ကွပ်ကဲရေးဌာနချုပ်အတွင်း ရိုက်ယူထားတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။
Read More

ကန့်ဘလူ သင်တောရွာကို စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၆ ဦး သေဆုံး (ရုပ်/သံ)

ကန့်ဘလူမြို့နယ်၊ သင်တောရွာက ကုန်စုံဆိုင်ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၆ ယောက် သေဆုံးခဲ့တယ်လို့  Kawlin info ထံက သိရပါတယ်။
Read More

ဗန်းမောက်မြို့အဝင် ဆိုင်းဘုတ်တွင် PDF များ အောင်ပွဲခံ (ရုပ်/သံ)

စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် PDF အလံတွေကိုင်ဆောင်ကာ အောင်ပွဲခံနေတဲ့ PDF ရဲဘော်တွေရဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

ထားဝယ်ခရိုင်ရဲဘော်တွေကို လက်နက်တပ်ဆင်ဖို့ ဂျပန်နိုင်ငံမှာ ပြုလုပ်မယ့် Music Concert (ရုပ်/သံ)

လိုအပ်နေတဲ့ လက်နက်ခဲယမ်းတွေ ဝယ်ယူပြီး ထားဝယ်ခရိုင်တပ်ပေါင်းစု ရဲဘော်တွေကို လက်နက်ခဲယမ်း အပြည့်အစုံတပ်ဆင်ပေးနိုင်ဖို့ ဂျပန်နိုင်ငံမှာ Charity Music Concert ပွဲကျင်းပသွားမယ်လို့ သိရပါတယ်။
Read More

သီပေါမြို့ကို လက်လွှတ်လိုက်တဲ့ စစ်ကောင်စီတပ်သားတွေ ကုန်တင်ယာဉ်တွေနဲ့ ထွက်ပြေး (ရုပ်/သံ)

သီပေါမြို့က စစ်ကောင်စီတပ်စခန်းအားလုံးကို TNLA ဦးဆောင်တဲ့တော်လှန်ရေးတပ်‌တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက်စစ်သားတွေနဲ့ တပ်မိသားစုတွေဟာ ကုန်တင်ယာဉ်တွေစီးပြီး ထွက်ပြေးသွားကြတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။