ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲမှူး မိုးညိုရဲ့ နေအိမ်ကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေက ပြင်းအားမြင့် မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း The Grand Unsung (TGU) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ဒီဇင်ဘာ ၂ရက်၊ မနေ့က မနက်အစောပိုင်းမှာ ရွှေပြည်သာမြို့နယ်၊ (ဎ၁၃) ရပ်ကွက်မှာနေထိုင်တဲ့ ရဲမှူး မိုးညိုဆိုသူရဲ့နေအိမ်ရှေ့ကို The Grand Unsung (TGU) နဲ့ Black Tiger UG Team တို့က ပြင်းအားမြင့် အ​ဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
မိုင်းခွဲတိုက်ခိုက်မှုကြောင့် ရဲမှူးပိုင်ဆိုင်တဲ့ ဟွန်ဒါဖစ်ကား၁စီး မီးလောင်ကျွမ်းခဲ့တယ်လို့လည်း သိရပါတယ်။
“မိုးညိုက နေပြည်တော်ကို ရာထူးတိုးနဲ့ပြောင်းသွားပြီလို့သိရတယ်။ အဲ့ဒါ ရန်ကုန်ကို အလည်ပြန်လာတုန်း အမိအရ တိုက်ခိုက်ခဲ့တာပါ။ လူမထိခိုက်ခဲ့ပေမယ့် ဒီကောင့်ကားက မီးအတော်လောင်သွားတယ်လို့ သိရတယ်။ ကျနော်တို့ကတော့ ရရင်ရသလောက် တိုက်ခိုက်မှာပဲဗျ။ ဒီလိုမျိုး စစ်တပ်ဘက်တော်သားတွေကို ပြောက်ကျားစနစ်နဲ့ ရရင်ရသလောက် အမှည့်ခြွေနေမှာမို့ ပြည်သူတွေကလည်း ရရာနေရာကနေ ကျနော်တို့ UG တွေကို ဝန်းရံပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။” လို့ The Grand Unsung (TGU) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
The Grand Unsung (TGU) အနေနဲ့ နောက်နောင်မှာလည်း ပြည်သူတွေကို မတရားခြိမ်းခြောက်အနိုင်ကျင့်နေတဲ့ စစ်ကောင်စီထောက်တိုင်၊ အုပ်ချုပ်ရေးမှူးတွေနဲ့ လက်အောက်ခံဝန်ထမ်းတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားဖို့ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာနဲ့ နိုဝင်ဘာလတွေအတွင်း ရန်ကုန်တိုင်းထဲက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ၊ စစ်တပ်ဝန်းတွေ မကြာခဏ တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က မြို့တွင်းလုံခြုံရေးတိုးမြှင့်မှုတွေ ဆက်တိုက်လုပ်ဆောင်လာခဲ့ပါတယ်။
ပုံစာ – အကြမ်းဖက် ရဲမှူး မိုးညိုရဲ့ကား
0 Shares:
You May Also Like
Read More

ရွှေဘိုတွင် ရွေးကောက်ပွဲအတု လက်မခံကြောင်း လက်ဗွေနှိပ် ဆန္ဒပြ

အာဏာသိမ်းစစ်တပ် နိုင်ငံရေးထွက်ပေါက်တစ်ခုအနေနဲ့ ဟန်ပြကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို လက်မခံ ဆန့်ကျင်ကြောင်း လက်ဗွေနှိပ် ဆန္ဒပြတဲ့ လှုပ်ရှားမှုတစ်ခုကို စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပဲခူးတိုင်းအတွင်း ခရိုင် ၃ ခုမှာ အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ရက်ဆက်ဖြစ်ပွားနေ

ပဲခူးတိုင်း၊ တောင်ငူ၊ ပြည် နဲ့ သာယာဝတီခရိုင်အတွင်းက မြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ထိတွေ့မှုတွေ ဆက်တိုက်ဆိုသလို ရှိလာနေပြီး စစ်ကောင်စီက အင်အားသုံးစစ်ကြောင်း ထိုးနေတယ်လို့ သိရပါတယ်။
Read More

KNU တပ်မဟာ(၁) ဒူးသထူခရိုင်မှာ အုပ်ချုပ်ရေးခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ပြည်သူ့ရေးရာဝန်ဆောင်မှု သင်တန်းဆင်းပွဲ

ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်က နိုဝင်ဘာလအတွင်း အုပ်ချုပ်ရေးခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ပြည်သူ့ရေးရာ ဝန်ဆောင်မှု သင်တန်းကို ပြုလုပ်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီနဲ့ ပူးပေါင်းပြီး လုံခြုံရေးကုမ္ပဏီ လုပ်ဆောင်တာဟာ တရုတ် အကျိုးစီးပွားနဲ့ လုံခြုံရေးကို ကာကွယ် ပေးနိုင်မှာမဟုတ်၊ တရုတ်အပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအားလုံးကို NUG ကာကွယ်ပေးမယ်လို့ ကတိပေး…

အကြမ်းဖက်စစ်ကောင်စီနဲ့ လုံခြုံရေးကုမ္ပဏီ လုပ်ဆောင်တာဟာ တရုတ်အကျိုးစီးပွားနဲ့ လုံခြုံရေးကို အကာအကွယ် ပေးနိုင်မှာမဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇောက ပြည်သူလူထုနဲ့ နိုင်ငံတကာကို သတင်းစကားပြောကြားခြင်းအစီအစဥ်မှာ ပြောဆိုလိုက်ပါတယ်။
Read More

ထားဝယ်မြစ်ကြောင်းအတွင်း စစ်ကောင်စီရဲ့ စက်လှေ RPG ထိမှန် မီးလောင်ပျက်စီး၊ အယောက် ၂၀ ကျော် သေပြီး ၃၀ ခန့် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကနေ သရက်ချောင်းမြို့နယ်ကို စုန်ဆင်းသွားတဲ့ စစ်ကောင်စီရဲ့ စစ်တန်း‌ကေးစက်လှေတစ်စီးကို တိုက်ခိုက်ချေမှုန်းရာ ၂၀ ကျော် သေဆုံးပြီး ၃၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။
Read More

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တော်လှန်ရေးမဟာမိတ်အဖွဲ့များကို တော်လှန်ရန်ပုံငွေ မျှဝေခြင်း အခမ်းအနား ပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တော်လှန်ရေးရန်ပုံငွေတွေကို ပြန်လည်မျှဝေခြင်း အခမ်းအနားတရပ်ကို Zoom Platform မှတဆင့် ဒီကနေ့ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။