စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ လူ့အခွင့်ရေးရာတာ၀န်ခံတို့ ဦးဆောင်ကာ မင်းကင်းမြို့နယ်၊ တပ်ရင်း- ၂၊ တပ်ခွဲ – ၁ က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ (၂) ရက်က ပြုလုပ်ခဲ့တဲ့ အဲဒီလူထုလှုပ်ရှားမှုမှာ “လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ” ခေါင်းစဉ်နဲ့ လူ့အခွင့်ရေးဆိုင်ရာ ဟောပြောခြင်း၊ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်တွေ ဝေငှခြင်းတို့ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ညောင်လေးပင် ခရိုင်ထဲကို အကြမ်းဖက် စစ်တပ် လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်၍ ပြည်သူ ၃ ဦး သေဆုံးကာ ၃ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်ထဲကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးအပြင် ဒရုန်းနဲ့ပါပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၃ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရ ခဲ့တယ်လို့ ဇန်နဝါရီ ၂၃ ရက်နေ့ ညပိုင်းမှာ  ကေအဲန်ယူ-ဗဟိုက ထုတ်ပြန် ထားပါတယ်။
Read More

ပုဂံမြို့သစ်တွင် စစ်အုပ်စုကင်းပုန်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိတွေ့မှုဖြစ်

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ပုဂံမြို့သစ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မနေ့က သြဂုတ်လ ၂၇ ရက်မှာ ပစ်ခတ်မှုဖြစ်ပွားပြီး စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ပန်ခါးကျေးရွာမှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်ထားပြီး မပေါက်ကွဲသေးတဲ့ ဗုံးသီးကို ယမ်းထုတ်ယူဖို့ ကြိုးစားရာက ပေါက်ကွဲပြီး ဒေသခံနှစ်ယောက် သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဖက်ကာမြို့နယ်၊ နမ့်အွမ်အုပ်စု၊ ပန်ခါးကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ပစ်ထားပြီး မပေါက်ကွဲသေးတဲ့ ၆၀ မမ ဗုံးသီးကို ယူလာကာ ယမ်းထုတ်ယူဖို့ လုပ်ဆောင်နေစဉ်မှာပဲ ထပေါက်ကွဲလို့ ဒေသခံ ၂ ယောက်လုံး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးအကျဉ်းသား မဟုတ်ဟု NLD ပါတီထွက် ဒေါ်သက်သက်ခိုင် ဝေဖန်တိုက်ခိုက်

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအကျဉ်းသားလို့ နိုင်ငံတကာက သတ်မှတ်ထားပေမယ့် နိုင်ငံရေးပုဒ်မ မဟုတ်ဘဲ အစိုးရတစ်ရပ်ဖြစ်ခဲ့ချိန်က အကျင့်ပျက်လာဘ်စားမှုပုဒ်မတွေနဲ့ တရားစွဲခံထားရပြီး ပြစ်ဒဏ်ကျခံနေရတာ ဖြစ်တယ်လို့ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်မယ့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရဲ့ ဥက္ကဌ ဒေါ်သက်သက်ခိုင်က သတင်းစာရှင်းလင်းပွဲမှာ ဝေဖန်တိုက်ခိုက်လိုက်ပါတယ်။
Read More

သီပေါတွင် စစ်ကောင်စီ၏ လက်ကျန်မိုင်းကြောင့် အမျိုးသမီး ၁ ဦး ခြေထောက် ၁ ဖက် ဆုံးရှုံးခဲ့ရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာမှာ ဒေသခံ အမျိုးသမီးတစ်ယောက် ခြံရှင်းလင်းရင်း စစ်ကောင်စီရဲ့ လက်ကျန်မိုင်းကို ထိမိကာ ဘယ်ဘက်ခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့ရတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မအူပင်မြို့မှာ ကင်းလှည့်နေတဲ့ရဲ လေးခွနဲ့အပစ်ခံရ၊ ပစ်သူကို လုံးထွေးသတ်ပုတ်ဖမ်းဆီးစဥ် အချွန်နဲ့ထိုးပြီး ထွက်ပြေးသွား

ဧရာဝတီတိုင်း မအူပင်မြို့မှာ ပြည်သူ့စစ်၊ မီးသတ်တွေနဲ့ ညစဥ်ကင်းပတ်နေတဲ့ ရဲနှစ်ဦး လေးခွနဲ့ ချောင်းအပစ်ခံရပြီး လေးခွပစ်သူကို လုံးထွေးသတ်ပုတ်ချိန်မှာ ချွန်ထက်တဲ့အရာနဲ့ထိုးလို့ ဖမ်းဆီးတဲ့ရဲ ဆေးရုံမှာ ဆေးကုသနေရကြောင်း မအူပင်ရဲစခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။