ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ မတရားစစ်မှုထမ်းဥပဒေကြောင့် စစ်သင်တန်းတက်ရောက်ခဲ့ရတဲ့ တပ်သားသစ် အယောက် ၁၀၀၀ ကို ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) က ကမ်းရိုးတန်း ဘတ်တံဆိပ်တွေ တပ်ပေးပြီး စစ်ဆင်ရေးနယ်မြေတွေဆီ ပို့လိုက်တယ်လို့ နတခ နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ဒီဇင်ဘာ ၂ရက် မနက်အစောပိုင်းမှာ စစ်ဆင်ရေးဒေသတွေဆီ ပို့ဆောင်လိုက်တဲ့ အဲဒီစစ်သားသစ် အယောက် ၁၀၀၀ ထဲမှာ အမျိုးသမီးတပ်သားသစ် အယောက် ၃၀၀ နီးပါး ပါဝင်တယ်လို့လည်း သိရပါတယ်။
“ပုသိမ်မြို့ကနေ ရန်ကုန် အုတ်ကျင်းက အမှတ် (၁) တည်းခိုရိပ်သာမှာ စုထားပြီးတော့ တနင်္သာရီတိုင်း သင်္ကေတဖြစ်တဲ့ ကမ်းရိုးတန်းဘတ်တံဆိပ်တွေ တပ်ပေးထားပြီး တနင်္သာရီဘက်က စစ်ဖြစ်နေတဲ့ နေရာတွေကို ပို့ဆောင်မှာဖြစ်တယ်” လို့ စစ်တပ်နဲ့နီးစပ်သူတစ်ယောက်က မောင်းကိုပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေအတွင်း ရှုံးနိမ့်နေတာကြောင့် လေကြောင်းတိုက်ခိုက်မှုကို အဓိက အားထားနေရသလို စစ်သည်အင်အား အဆမတန် လျော့နည်းလာတာကြောင့် ပုံစံမျိုးစုံနဲ့ တပ်သားသစ်တွေကို စုဆောင်းပြီး ရှေ့တန်းကို စေလွှတ်နေတာ ဖြစ်ပါတယ်။
ရက်တိုစစ်သင်တန်း အမြန်ပေးပြီး ရှေ့တန်းကို စေလွှတ်ခံနေရတဲ့ တပ်သားသစ်တွေအတွက် စစ်တပ်ထဲ ၁၅နှစ်လောက် တာဝန်ထမ်းဖူးတဲ့ စစ်သားဟောင်းတစ်ယောက်ကလည်း အခုလို အကြံပြုပါတယ်။
“စစ်မှုထမ်းဥပဒေကြောင့် စစ်တပ်ထဲမှာ သင်တန်းတက်ရပြီး ရှေ့တန်းစစ်မြေပြင် အပို့ခံရရင်တော့ ပို့တဲ့နေရာတိုင်းမှာ လွတ်မြောက်အောင် ရုန်းထွက်ကြပါ။ အခုတော်လှန်ရေးမှာ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအင်အားစုက စိတ်ဓာတ်နဲ့ နာကျည်းချက်နဲ့ စစ်တိုက်နေတာ။ နောက် တောတွေတောင်တွေထဲမှာ လတ်တွေ့ကျကျ စစ်တိုက်နေတာ။ အာဏာရှင်စနစ်ကိုမကြိုက်လို့ တော်လှန်နေတာ။ အရည်အချင်း စိတ်ဓာတ် စစ်နည်းပညာ တခြားစီပါ။ အကောင်းဆုံးက လွတ်မြောက်ဖို့ ကြိုးစားပါ။ ဖြစ်နိုင်ရင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ပူးပေါင်းကြပါ။ စစ်သင်တန်းတက်ပြီးလို့ သင်တန်းဆင်းတာနဲ့ ကြိုးတုပ်ထားတာ မဟုတ်ပါဘူး။ လူအုပ်စုတစ်စုအတွက် အသေမခံကြပါနဲ့လို့ပဲ ပြောချင်တယ်”
နိုဝင်ဘာလ နောက်ဆုံးအပတ်ကလည်း ရခိုင်စစ်ဆင်ရေး အပို့ခံရတဲ့ ပုသိမ်အခြေစိုက် တပ်ရင်းဖြစ်တဲ့ ခလရ ၁၁ နဲ့ ဓနုဖြူအခြေစိုက် ခမရ ၁၀၈ တို့က အရာရှိအပါ စစ်သားတချို့ ထွက်ပြေးလို့ဆိုပြီး နောက်တန်းမှာ ကျန်ခဲ့တဲ့ အရာရှိတွေနဲ့ မိသားစုဝင်တွေကို ခေါ်ယူစစ်ဆေးမှုတွေ လုပ်နေတယ်လို့ စစ်တပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။
ပုံစာ – အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေကို ကမ်းရိုးတန်း ဘတ်တံဆိပ်တွေ တပ်ပေးပြီး စစ်မြေပြင် ပို့နေပုံ
အောက်ဖော်ပြပါ လင့်တွေမှာလည်း “မောင်း” ရဲ့ သတင်းများကို ဖတ်ရှုနိုင်ပါတယ်။
0 Shares:
You May Also Like
Read More

မိုင်းလုံမြို့နယ်တွင် စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် အပါအဝင် ရွာခံ ၁၀ ဦး သေဆုံးခဲ့

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ်ကို အကြမ်းဖက်စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ဦး အပါအဝင် ရွာခံပြည်သူ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ထံက သိရပါတယ်။
Read More

ကရင်နီပြည်မှာ စစ်ကောင်စီကင်းစင်ရေး ၂၀၂၅ အတွင်း အရှိန်မြှင့်မယ်လို့ KNDF ပြော

ကရင်နီပြည်ထဲက စစ်ကောင်စီတပ်စခန်းတွေအားလုံးကို  ၂၀၂၅ အတွင်းမှာ တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ဖို့ ရည်မှန်ထားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောကြားလိုက်ပါတယ်။
Read More

နွားထိုးကြီး၊ ပဲချက်ရွာကို စစ်အုပ်စု စက်တပ်လေထီး ၃ စီးဖြင့် ဗုံးကြဲ၊ ၄ ဦး သေဆုံးပြီး ကလေးငယ်အပါ ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ၄ ယောက် သေဆုံးပြီး ကလေးငယ်နဲ့ အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။
Read More

သင်္ချိုင်းကုန်းထဲ ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စုတွေ တိုက်ခိုက်ခံရပြီး ရဲနဲ့ပျူ ၆ယောက် သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ​ကြို့ပင်ကောက်မြို့နယ်မှာ သင်္ချိုင်းကုန်းထဲ ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စုတွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ရဲ၂ယောက်နဲ့ ပျူစောထီး၄ယောက်သေဆုံးပြီး စစ်တပ်သတင်းပေး၁ယောက်ကိုလည်း ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Black Dragon GBK-PDF တပ်ခွဲမှူး ရိုးမနဂါးက မောင်းကို ပြောပါတယ်။
Read More

ကွတ်ခိုင်မှာ ကလေးငယ် ၄ ဦး မိုင်းနင်းမိ၊ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဆိုင်ကျေးရွာမှာ ကလေးငယ် ၄ ယောက် လက်လုပ်မိုင်း နင်းမိရာ ၂ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ရောက်ရာအရပ်မှာ အပစ်ရပ်မယ်၊ စစ်ကောင်စီလည်း ဝေဟင်မြေပြင် ထိုးစစ်ဆင်မှုတွေ ရပ်ဆိုင်းဖို့ MNDAA ထုတ်ပြန်၊ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကိုတော့ စွဲကိုင်ထားတယ်လို့ MNDAA ဆို

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) အနေနဲ့ ရောက်ရာအရပ်မှာ အပစ်ရပ်မှာဖြစ်ပေမယ့် စစ်ကောင်စီကလည်း မြန်မာနိုင်ငံနေရာအနှံ့က ဝေဟင်နဲ့ မြေပြင်ထိုးစစ်ဆင်မှုတွေ ရပ်ဆိုင်းပေးရမယ်လို့ ပြည်တွင်းစစ်ရေးပဋိပက္ခ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ လိုလားကြောင်း ဒီဇင်ဘာ ၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ MNDAA က ဖော်ပြထားပါတယ်။