စစ်ရေးတင်းမာနေတဲ့ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ PDF တပ်ဖွဲ့ဝင်တွေကို ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဆိုသူ နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းခံလိုက်ရကြောင်း သိရပါတယ်။
ပွင့်ဖြူမြို့အနောက်ဘက်၊ ပုသိမ်-မုံရွာလမ်းဘေးမှာရှိတဲ့ ဆည်တော်ကျေးရွာ ရဲ့ အုပ်ချုပ်ရေးမှူး ဦးဌေးဝင်းကို နိုဝင်ဘာ ၂၇ရက် မနက်အစောပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက နေအိမ်အတွင်း ဝင်ရောက်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ မင်းဘူးခရိုင် အမှတ် ၇တပ်ရင်းက မောင်းကိုပြောပါတယ်။
ဦးဌေးဝင်းဟာ စစ်ကောင်စီတပ်နဲ့အတူ မင်းဘူးခရိုင်အမှတ် ၇တပ်ရင်းရဲ့နေရာကို စစ်ကြောင်းထိုးဝင်ရောက်မယ့်အကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့ဖူးသလို PDF တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရစဥ်ကလည်း အားပေးအားမြှောက်ပြုလုပ်တာတွေ၊ သတင်းပေးဖမ်းဆီးခိုင်းတာတွေ လုပ်ဆောင်ခဲ့သူဖြစ်တယ်လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လထဲ ပွင့်ဖြူမြို့နယ်အတွင်းက ကျေးရွာတွေဆီ စစ်ကောင်စီ စစ်ကြောင်းထိုးနေစဥ် ထွက်ပြေးတိမ်းရှောင်လာတဲ့ အရပ်သားတွေကို ဆည်တော်ကျေးရွာထဲ လက်ခံခြင်းမရှိခဲ့သလို အခြားကျေးရွာတွေကိုလည်း လက်မခံဖို့ ဆော်သြခဲ့တာမျိုးတွေကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ သိရပါတယ်။
“ဒီလူက စစ်တပ်စစ်ကြောင်းထိုးလို့ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ စစ်မှုထမ်းကြေးဆိုပြီး တစ်အိမ် ၅သောင်းကောက်တယ်။ လူအယောက်၄၀ကို ရပ်ရွာ ကာကွယ်ရေးအမည်တပ်ပြီး စာရင်းပို့တယ်ပေါ့။ နောက်ပြီး ကံမ၊ သရက်ဘက်က ရဲဘော်တွေကို စစ်တပ်ကိုသတင်းပေးတာ၊ စစ်တပ်ကမိလို့ နှိပ်စက်တဲ့နေရာမှာ အားပေးအားမြှောက်လုပ်ခဲ့ပါတယ်။” လို့ မင်းဘူးခရိုင် အမှတ် ၇တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ပစ်ခတ်ရှင်းလင်းပြီးတဲ့နောက်မှာ ဦးဌေးဝင်းဆီက ၅.၅၆ကျည်သုံး လက်လုပ်သေနတ် ၁လက်နဲ့ ကျည်၁၀တောင့် အပါအဝင် လက်ကိုင်ဖုန်း၃လုံးကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၇ရက် ၊ အဲ့ဒီနေ့ တစ်ချိန်တည်းမှာပဲ မဲဇလီ-ဆည်တော်ကြိုးတံတားမှာ စစ်ကောင်စီတပ်နဲ့ မင်းဘူးခရိုင် အမှတ် ၇တပ်ရင်းတို့ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။
ဆည်တော်ရွာဘက်ခြမ်းက စစ်ကောင်စီဂိတ်ကို မင်းဘူးခရိုင် အမှတ် ၇တပ်ရင်းနဲ့ ပွင့်ဖြူပကဖ၊ Yenanthar Column တို့က ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်သား၂ယောက် သေဆုံးကာ G2အမျိုးအစားသေနတ်နဲ့ ကျည်ဆံတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သေဆုံးသွားတဲ့ စစ်သားအလောင်းတွေကို လာ​ရောက်ကောက်ယူတဲ့ အင်အား၂၀ပါ အကြမ်းဖက်စစ်ကြောင်းကိုလည်း အဲ့ဒီနေ့ နေ့လည်ပိုင်းမှာ အဝေးထိန်းမိုင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား၂ယောက်ထပ်ပြီးသေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၇တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
လက်ရှိအခြေအနေအရ ပွင့်ဖြူနဲ့ စေတုတ္တရာမြို့နယ်အတွင်းက လယ်မ၊ ကျွဲခြံနဲ့ ကျောက်ပုံ ၊ ခဲပစ် စတဲ့ ကျေးရွာတွေမှာ အကြမ်းဖက်စစ်ကြောင်းဝင်ရောက်ခဲ့တဲ့အတွက် အရပ်သား ထောင်နဲ့ချီ စစ်ဘေး​တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ပုံစာ – ဆည်တော်အုပ်ချုပ်ရေးမှူးဆီက သိမ်းဆည်းရမိတဲ့ပစ္စည်းများနဲ့ အုပ်ချုပ်ရေးမှူးရဲ့ ခြိမ်းခြောက်မှု
အောက်ဖော်ပြပါ လင့်တွေမှာလည်း “မောင်း” ရဲ့ သတင်းများကို ဖတ်ရှုနိုင်ပါတယ်။
0 Shares:
You May Also Like
Read More

လောင်းလုံး မြို့မရဲစခန်းနှင့် စ.ရ.ဖရုံး ဒရုန်းဖြင့် ၃ ရက် ဆက်ဗုံးကြဲခံရပြီး ဒုရဲအုပ်အပါ ၆ ဦးသေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့မ ရဲစခန်းနဲ့ စ.ရ.ဖ ရုံးတွေကို ၃ ရက်ဆက် ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒုရဲအုပ်အဆင့်ရှိသူ အပါအဝင် ၆ ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ သွားတယ်လို့ လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့ ( L.L.S.B.F) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အိုးတိန်တွင်းရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်ကို ဆေးဝါးမလုံလောက်မှုများကြားမှ ခက်ခက်ခဲခဲ ကုသနေရ

အိုးတိန်တွင်းရွာ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိ‌သူ အယောက် ၁၀၀ ကျော်အတွက် ဆေးဝါး၊ ကိရိယာ လုံလောက်မှုမရှိတဲ့ အခက်အခဲတွေကြားထဲကနေ CDM ကျန်းမာရေးဝန်ထမ်းတွေက အကောင်းဆုံးကုသပေးနေကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ငလျင်ဘေးသင့်နေလည်း စစ်ဆက်တိုက်မည်ဟု မင်းအောင်လှိုင် ခြိမ်းခြောက်

ငလျင်ကြောင့် တော်လှန်ရေးအင်အားစုတွေဘက်က အပစ်ရပ်မယ်လို့ ကြေညာထားပေမယ့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆက်လက် တိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။
Read More

ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲကနေ ဗိုလ်ကြီးအဆင့်အပါ စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်း ၁၀၀ ကျော် ရရှိ

ကချင်ပြည်နယ် ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်း ၁၀၀ ကျော်ကို သိမ်းဆည်းရရှိခဲ့ကြောင်း KIA ရဲ့ စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

မုံရွာတွင် ကျေးရွာ ၂ ရွာ မီးရှို့လာသည့် အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၃ ဦး မျက်မြင်သေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ကျေးရွာတွေကို မီးရှို့လာတဲ့ စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စလင်း(ပကဖ) အမည်ခံပြီး လိမ်လည်အလှူငွေတောင်းနေသူတွေကို ဖော်ထုတ်အရေးယူသွားမည်ဟု ဆို

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နာမည်ခံပြီး လိမ်ညာအလှူခံမှုတွေ ရှိနေတဲ့အတွက် စစ်ဆေးဖော်ထုတ် အရေးယူသွားမယ့်အကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူ ကိုအောင်ဆန်းက မောင်းကို ပြောပါတယ်။