အညာဒေသမှာ စစ်ရေးတွေဖော်ဆောင်မယ့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်BPLA က တပ်သားသစ်များကို စတင်ခေါ်ယူနေပြီဖြစ်တယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
“BPLA က အညာဒေသတိုက်ပွဲများအတွက် တပ်သားသစ်များ စိစစ်ရွေးချယ်ခေါ်ယူနေပါတယ်။ Facebook Page Messenger မှတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါပြီ”ဟု BPLAက မနေ့က ဒီဇင်ဘာ ၂ရက်နေ့မှာ ထုတ်ပြန်ကြေညာလာပါတယ်။
အညာဒေသမှာ ပထမဆုံးအခြေချမယ့် BPLA အနေနဲ့ ဒါဟာ နို၀င်ဘာလက တပ်သားသစ်တွေခေါ်ယူအပြီး ဒုတိယအကြိမ်ထပ်မံခေါ်ယူလာခြင်းဖြစ်ပါတယ်။
ဗမာပြည်သူတွေကိုကိုယ်စားပြုပြီး စစ်အာဏာရှင်ကိုတွန်းလှန်မယ်ဆိုတဲ့ BPLA ဟာ ရှမ်းမြောက်နဲ့အခြားသော ဒေသတွေမှာ စစ်ရေးအတွေ့အကြံုတွေလည်း ရယူထားပြီးဖြစ်ပါတယ်။
” ဘာအခက်အခဲပဲကြုံကြုံ၊ ဘာပြဿနာပဲကြုံကြုံ ဦးလှည့်မသုန်ဆောင်ရွက်ပါမယ်။ ရှိသမျှ အားကုန်လည်း ရုန်းပါ့မယ်။ အတူရုန်းကြဖို့ရာ ဖိတ်ခေါ်ပါတယ်”ဟု BPLA ကွပ်ကဲရေးမှူး ကိုဆောင်းခက သူရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားထားပါတယ်။
အညာဒေသမှာလည်း NUG လက်အောက်ခံတပ်တွေအပါအ၀င် တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်သွားမယ်လို့ ကနဦးထဲက ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။
BPLA အနေနဲ့ စစ်အာဏာသိိမ်းပြီးနောက် တပ်တည်ထောင်ခြင်း ၃ နှစ်ကျော်ကာလအတွင်း ကရင်ပြည်နယ် အမှတ်( ၁၀၇) စစ်ဒေသနဲ့ ရှမ်းမြောက်အခြေစိုက် အမှတ် (၂၀၃)စစ်ဒေသဟူ၍ အခြေစိုက်လှုပ်ရှားနယ်မြေ နှစ်နေရာရှိခဲ့တာပါ။
0 Shares:
You May Also Like
Read More

ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ညီနောင်မဟာမိတ် ၃ ဖွဲ့ ဧပြီလ တစ်ဖက်သတ် အပစ်ရပ်မည်

စစ်ကိုင်းမြို့နယ်ကို အခြေပြုပြီး လှုပ်ခတ်ခဲ့တဲ့ ၇.၇ ရစ်ချက်တာစကေးရှိ ငလျင်နဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေကြောင့် ပြည်သူတွေကို ကယ်ဆယ်ရေးလုပ်ဆောင်ဖို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က တစ်လတာ တစ်ဖက်သတ် အပစ်ရပ်ကြောင်း ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ထီးလင်းမြို့နယ်မှာ လူထုအသိပညာပေး လူ့အခွင့်အရေးဟောပြောပွဲ ပြုလုပ်…

မကွေးတိုင်း၊ ထီးလင်းမြို့နယ်ရှိ ကျေးရွာတစ်ခုမှာ ပြီးခဲ့တဲ့ ဩဂုတ်လက လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အသိပညာပေးဟောပြောပွဲတစ်ခု ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မအောင်မြင်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ခဲ့သူများ အပါအဝင် စစ်တပ်အရာရှိတချို့ကို စစ်ကောင်စီက စည်သူဘွဲ့များ ချီးမြှင့်

ဦးသိန်းစိန်လက်ထက်က  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်ခဲ့တဲ့ အငြိမ်းစားစစ်တပ်အရာရှိတွေကို အာဏာသိမ်း စစ်ကောင်စီက စည်သူဘွဲ့တွေ ပေးအပ်လိုက်ပါတယ်။
Read More

၄ လတာအတွင်း ထိတွေ့တိုက်ပွဲများစွာ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု အများအပြား ထိခိုက်သေဆုံးကာ လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်း MBT တပ်ဖွဲ့ ထုတ်ပြန် 

ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး နိုဝင်ဘာလအထိ ၄ လတာအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်တို့ကြား ထိတွေ့တိုက်ပွဲတွေ များစွာ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးမှုတွေ များပြားသလို လက်နက်တွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 
Read More

“ရိုးသားစွာတော်လှန်ကြပါ၊ အောက်ခြေရဲဘော်များ၏ အရှက်၊ ဂုဏ်သိက္ခာ၊ အသက်တွေ ချမနင်းကြပါနဲ့” ဟု သေတမ်းစာချန်ကာ မင်းဘူးခရိုင် အမှတ် ၃ တပ်ရင်း ယာယီတပ်ရင်းမှူး အဆုံးစီရင်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ အမှတ် (၃) တပ်ရင်းရဲ့ ယာယီတပ်ရင်းမှူး ဟိုးကြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လို့ သိရပါတယ်။
Read More

စလင်းမှာ အကြမ်းဖက်စစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းဆင်း စစ်သားကို တော်လှန်ရေးတပ်ဖွဲ့ ဖမ်းဆီးထိန်းသိမ်း…

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းဆင်း စစ်သားသစ် ၁ ယောက်ကို ကင်းပုန်းဝပ်နေတဲ့ တော်လှန်ရေးတပ်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့က ထုတ်ပြန်ပါတယ်။