အညာဒေသမှာ စစ်ရေးတွေဖော်ဆောင်မယ့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်BPLA က တပ်သားသစ်များကို စတင်ခေါ်ယူနေပြီဖြစ်တယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
“BPLA က အညာဒေသတိုက်ပွဲများအတွက် တပ်သားသစ်များ စိစစ်ရွေးချယ်ခေါ်ယူနေပါတယ်။ Facebook Page Messenger မှတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါပြီ”ဟု BPLAက မနေ့က ဒီဇင်ဘာ ၂ရက်နေ့မှာ ထုတ်ပြန်ကြေညာလာပါတယ်။
အညာဒေသမှာ ပထမဆုံးအခြေချမယ့် BPLA အနေနဲ့ ဒါဟာ နို၀င်ဘာလက တပ်သားသစ်တွေခေါ်ယူအပြီး ဒုတိယအကြိမ်ထပ်မံခေါ်ယူလာခြင်းဖြစ်ပါတယ်။
ဗမာပြည်သူတွေကိုကိုယ်စားပြုပြီး စစ်အာဏာရှင်ကိုတွန်းလှန်မယ်ဆိုတဲ့ BPLA ဟာ ရှမ်းမြောက်နဲ့အခြားသော ဒေသတွေမှာ စစ်ရေးအတွေ့အကြံုတွေလည်း ရယူထားပြီးဖြစ်ပါတယ်။
” ဘာအခက်အခဲပဲကြုံကြုံ၊ ဘာပြဿနာပဲကြုံကြုံ ဦးလှည့်မသုန်ဆောင်ရွက်ပါမယ်။ ရှိသမျှ အားကုန်လည်း ရုန်းပါ့မယ်။ အတူရုန်းကြဖို့ရာ ဖိတ်ခေါ်ပါတယ်”ဟု BPLA ကွပ်ကဲရေးမှူး ကိုဆောင်းခက သူရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားထားပါတယ်။
အညာဒေသမှာလည်း NUG လက်အောက်ခံတပ်တွေအပါအ၀င် တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်သွားမယ်လို့ ကနဦးထဲက ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။
BPLA အနေနဲ့ စစ်အာဏာသိိမ်းပြီးနောက် တပ်တည်ထောင်ခြင်း ၃ နှစ်ကျော်ကာလအတွင်း ကရင်ပြည်နယ် အမှတ်( ၁၀၇) စစ်ဒေသနဲ့ ရှမ်းမြောက်အခြေစိုက် အမှတ် (၂၀၃)စစ်ဒေသဟူ၍ အခြေစိုက်လှုပ်ရှားနယ်မြေ နှစ်နေရာရှိခဲ့တာပါ။
0 Shares:
You May Also Like
Read More

စစ်ကောင်စီက အရပ်သားတွေကို ဦးတည်တိုက်ခိုက်နေတာကြောင့် လေကြောင်းရန်ကာကွယ်ရေးပညာပေး ဟောပြောသရုပ်ပြပွဲနဲ့ ကျန်းမာရေးနဲ့ ပညာရေးကိစ္စရပ်တွေအကြောင်း ဆွေးနွေးပွဲ ပြုလုပ်…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ TRI ဗျူဟာ - အမှတ် ၁၂၂၂ တပ်ရင်းက လေကြောင်းရန်ကာကွယ်ရေးပညာပေး ဟောပြောပွဲ၊ သရုပ်ပြပွဲနဲ့ ကျန်းမာရေးနဲ့ ပညာရေးကိစ္စရပ်တွေအကြောင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ဆိပ်ဖြူ ကပစ ၂၂ မှ ကင်းလှည့်ထွက်လာသည့် စစ်ကော်မရှင်တပ်သားများ မိုင်းနင်းမိလို့ ၂ ဦး ခြေပြတ်

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ကပစ ၂၂ ကနေ ကင်းလှည့်ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိတယ်လို့ ဆိပ်ဖြူကျားဇိုးပြောက်ကျားက မောင်းကို ပြောပါတယ်။
Read More

မတ္တရာ-ဆည်တော်လမ်းပိုင်းမှာ စစ်ကောင်စီဆီက သိမ်းဆည်းရမိတဲ့ Canter ကားကို ပိုင်ရှင်ဖြစ်သူဆီ မိုး​ကြိုးစစ်ကြောင်း၊ တိုက်နယ်-၃ ၊ ပကဖ ပြန်လည်အပ်နှံ…

ရှမ်း- မန်းစစ်ဆင်ရေးအတွင်း ​အကြမ်းဖက်စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်ရာက သိမ်းဆည်းရရှိခဲ့တဲ့ Canter ကားကို မူရင်းပိုင်ရှင်ဖြစ်သူဆီ ပြန်လည်ပေးအပ်ခဲ့တယ်လို့ မိုးကြိုးစစ်ကြောင်း၊ တိုက်နယ် (၃) ပကဖ တာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

သံဖြူဇရပ်မြို့နယ်ထဲ စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်ပြီး စစ်သား ၂ဦးသေ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကလိုင်ပဒေါကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်က စစ်သား ၂ယောက် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ရာမညမွန်တပ်တော် (RMA) က ထုတ်ပြန်လာပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက် ညနေ ၄ နာရီဝန်းကျင်အချိန်မှာ အင်အား ၁၀၀ခန့်ရှိ စစ်တပ်စစ်ကြောင်းဟာ ကလိုင်ပဒေါကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး RMA ဒေသလှုပ်ရှားတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
Read More

ဇွဲကပင်တောင် တောမီးလောင်ကျွမ်းမှု ဟိုတယ်ဇုန်နှင့် နီးကပ်လာ 

ကရင်ပြည်နယ်၊ ဘားအံမြို့က ဇွဲကပင်တောင်မှာ တောမီးလောင်ကျွမ်းမှု များပြားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရေနံချောင်းရှိ ရှေးဟောင်းဘုရားပေါ် စစ်အုပ်စု စက်တပ်လေထီးဖြင့် ပစ်ခတ်၊ စေတီများပျက်စီးပြီး ပြည်သူတစ်ဦး ဒဏ်ရာရ

“ဘုန်းကြီးကျောင်းထက်စာရင် ရှေးဟောင်းစေတီ ၂ဆူ ပျက်စီးသွားတာရှိတယ်၊ ဒေသခံက ဘယ်လိုထိခိုက်သွားလဲဆိုတော့ သူက အဲ့နားဝန်းကျင်မှာ နွားကျောင်းနေတာ၊ နွားကျောင်းရင်းထိသွားတာ” လို့ ရေနံချောင်း PDF တာဝန်ခံ စံရှားက မောင်းကို ပြောပါတယ်။