အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဖာပွန်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဖာပွန် ပ က ဖ ၊ UAV Department , Research & Development Team သည် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ လုပ်ငန်းညှိနှိုင်းကော်မတီရဲ့ လမ်းညွှန်ကြီးကြပ်မှုတို့နဲ့ တိုးချဲ့ဖွဲ့စည်းထားတဲ့ UAV ဌာနက ရဲဘော်တွေကို ဒရုန်းသင်တန်း အပတ်စဥ် ၁ အဖြစ် ဆင့်ပွားသင်တန်း ပြန်လည်ပို့ချခဲ့တယ်လို့ သိရပါတယ်။
သင်တန်းကို ဖာပွန် ပ.က.ဖ UAV Department – Research & Development Team က တာဝန်ယူပို့ချခဲ့တာဖြစ်ပြီး သင်တန်းကာလကို နှစ်လအဖြစ် သတ်မှတ်ကာ Phase 1- စာတွေ့နဲ့လက်တွေ့သင်ကြားခြင်း၊ Phase 2 – စာတွေ့ လက်တွေ့ တွေ သင်ယူပြီးမြောက်မှု ဆန်းစစ်ခြင်းနဲ့ Phase 3 – ရှေ့တန်းစစ်မြေပြင်မှာ လက်တွေ့စစ်ဆင်ရေးလုပ်ဆောင်ကာ လေ့ကျင့်စေခြင်း စသဖြင့် ခွဲခြားသတ်မှတ်ကာ သင်ကြားပို့ချနေတယ်လို့ သိရပါတယ်။
အခုအခါမှာ Phase 3 သင်တန်းကာလကို ရောက်ရှိနေပြီး သင်ယူတတ်မြောက်မှု ဆန်းစစ်ခြင်းမှာ အောင်မြင်သူတွေကို အလှည့်ကျ ရှေ့တန်းစစ်မျက်နှာတွေဆီ ပို့ကာ လေ့ကျင့်နေရာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် အမှတ် ၅ တပ်မဟာ ဒရုန်းအဖွဲ့နဲ့အတူ ဖာပွန်ခရိုင် ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ စစ်ဆင်ရေးတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဖာပွန် ပ.က.ဖ UAV Department ဟာ လူငယ်နည်းပညာဝါသနာရှင်တွေနဲ့ စတင်ကာ ကိုယ်ထူကိုယ်ထ စနစ်တကျ ဖွဲ့စည်းခဲ့ပြီး UAV ပညာရပ်တွေကို Force for Federal Democracy – FFD မှာ သင်ကြားခဲ့ရာကတဆင့် တစ်နှစ်ကျော်အကြာ စစ်ဆင်ရေးတွေ ဆောင်ရွက်ပြီးစီးပြီးနောက် ဌာနကို စနစ်တကျ ထပ်မံဖွဲ့စည်းကာ ဆင့်ပွားသင်တန်းကို ပြန်လည်ပို့ချခဲ့တာဖြစ်တယ်လို့ ဖာပွန် ပ.က.ဖ က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၃ ခုတွင် စစ်ရှောင်နဲ့ဒေသခံပြည်သူတွေအတွက် NUG အစိုးရမှ အာဟာရနဲ့ ထောက်ပံ့ကူညီမှုများ ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းရှိ ကသာ၊ ချောင်းဦး၊မြင်းမူ စတဲ့မြို့နယ်တွေမှာ ရှိတဲ့ စစ်ဘေးရှောင်နဲ့ ဒေသခံပြည်သူတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ လူ့အခွင့်ရေးရာတာဝန်ခံတွေက ဦးဆောင်ပြီး အာဟာရကျွေးမွေးမှုနဲ့ထောက်ပံ့ကူညီမှုတွေကို ဇူလိုင်လအတွင်း ပြုလုပ်ခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။
Read More

ဆေးရုံနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတဲ့ လူ့ဘီလူးဝါဒသုံး စစ်ကောင်စီ

စစ်ကောင်စီက ဆေးရုံနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေမှုဟာ လူ့ဘီလူးဝါဒလုပ်ရပ်လို့ NUG ရဲ့ ကျန်းမာရေးဝန်းကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

မြစ်ကြီးနားမြို့ စစ်တပ်ရဲ့ နမ့်ပေါင်လေတပ်စခန်း ၁၀၇ မမ ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်ခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မောဖောင်းကျေးရွာအနီးမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ နမ့်ပေါင်လေယာဥ်ကွင်းကို တော်လှန်ရေးတပ်တွေက ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့ကြကြောင်း မောဖောင်းကျေးရွာ ဒေသခံတွေဆီကနေ သိရပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင်ရွေးကောက်ပွဲ မကျင်းပနိုင်ရေး အစွမ်းကုန် တားဆီးသွားမည်ဟု DMO Local PDF ထုတ်ပြန်

မကြာခင် ကျင်းပပြုလုပ်တော့မယ့် အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲ မကျင်းပနိုင်ရေးအတွက် အစွမ်းကုန် တားဆီးသွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုက ထုတ်ပြန်လိုက်ပါတယ်။
Read More

တော်လှန်ရေးအင်အားစုများ ညီညွတ်ဖို့လိုအပ်နေပြီး  စစ်ကောင်စီရဲ့ သွေးခွဲမယ့်နည်းလမ်းများကို သတိပြုဖို့ NUG ဝန်ကြီးချုပ် သတိပေး

တော်လှန်ရေးအင်အားစုတွေ အားလုံးညီညွတ်ဖို့လိုအပ်ပြီး မညီညွတ်ရင် စစ်ကောင်စီက အရင်က အသုံးပြုနေကျ သွေးခွဲတဲ့ နည်းလမ်းတွေအတိုင်း လုပ်ဆောင်လာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
Read More

မင်းအောင်လှိုင်က အာဆီယံ ဘုံသဘောတူညီချက်တွေကို လက်နက်သဖွယ်သုံးပြီး ရွေးကောက်ပွဲကို အသိအမှတ်ပြုဖို့ လုပ်ဆောင်ဖွယ်ရှိနေ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က မကြာခင်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုဖို့ အာဆီယံ ဘုံသဘောတူညီချက်တွေကို အပေးအယူသဘောမျိုး လုပ်ဆောင်လာနိုင်ကြောင်း နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပြောကြားလိုက်ပါတယ်။