မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အမှတ်(၈) လမ်းမကြီးပေါ်မှာ ဖြတ်သန်းသွားလာနေတဲ့ စစ်ကာင်စီကားကို တိုက်ခိုက်ရာ စစ်သား ၃ယောက် သေဆုံးသွားတယ်လို့ ရေးဘီလူးအဖွဲ့ထံက သိရပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၃ ရက် မနက် ၉နာရီ ဝန်းကျင်အချိန်မှာ ရေးမြို့နယ်၊ စုံနံ့သာကျေးရွာ၊ အမှတ် (၈) လမ်းမပေါ်မှာ အကြမ်းဖက်စစ်တပ် ခမရ (၃၄၃) တပ်သားတွေ စီးနင်းလိုက်ပါလာတဲ့ ကားကို တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
“ကား ၂စီးမှာ အင်အား ၁၅ ယောက်လောက်တော့ ပါပါတယ်။ ကားမောင်းသမားကျတော့ မောင်းပြေးသွားတာပါ။ ၃ဦးသေဆုံးကတော့ မျက်မြင်ပါပဲ။ ထိခိုက်ဒဏ်ရာရတာကတော့ မသိရသေးပါဘူး။” လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က မောင်းကို ပြောပါတယ်။
အဲ့ဒီနောက်မှာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရေးဘီလူးတပ်ဖွဲ့ဘက်ကလည်း ရဲဘော် ၁ ယောက် ခြေထောက် ထိခိုက်သွားပေမယ့် ဒဏ်ရာကတော့ မစိုးရိမ်ရဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း ရေးမြို့နယ်၊ အာယုတောင်ကျေးရွာက ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သူ လင်းဦးကို ရေးဘီလူးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
ပုံစာ – ရေးဘီလူး တပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

ကွတ်ခိုင်မြို့မှာ စစ်ကောင်စီတပ် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုကြောင့် ကလေးငယ်တစ်ယောက်အပါ ဒေသခံ (၃) ယောက် သေဆုံး၊ (၁၃) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၄)မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် တစ်ယောက်အပါအဝင် ဒေသခံ (၃) ယောက် သေဆုံးပြီး (၁၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

စဉ့်ကူးမှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရ၊ ပြည်သူပိုင် အဆောက်အဦးများစွာ ပျက်စီးဆုံးရှုံးခဲ့

မန္တလေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လောင်းရှည်တိုက်နယ်မှာ ဆန္ဒထုတ်ဖော်လို့ စစ်ကောင်စီ ဖမ်းဆီးထားတဲ့ အရပ်သားပြည်သူ ၅ ယောက်ရဲ့ မိသားစုဝင်တွေကို PDF က ကူညီထောက်ပံ့…

မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်တိုက်နယ်မှာ ၂၀၂၁ ခုနှစ် လူထုဆန္ဒထုတ်ဖော်ချိန်ကစလို့ အခုချိန်အထိ ဆန္ဒထုတ်ဖော်လို့ အဖမ်းခံခဲ့ရတဲ့ အရပ်သားပြည်သူ ၅ ယောက်ရဲ့ မိသားစုတွေကို ဂန့်ဂေါခရိုင်အမှတ်(၆)တပ်ရင်းက ထောက်ပံ့ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်မှ စစ်မှုထမ်းတပ်သား ၃ ဦး KNLA ထံ အလင်းဝင်

အကြမ်းဖက် စစ်ကော်မရှင်တပ်က စစ်မှုထမ်းတပ်သား ၃ယောက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A)၊ တပ်ရင်း (၉) ထံ လက်နက်မဲ့ အလင်းဝင်ရောက်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။
Read More

ပေါက်ခါင်းမှ စစ်ကောင်စီတပ်သား ၂ ဦး ၃၆၀၁ တပ်ရင်းထံ လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်

ပဲခူးတိုင်း၊ ပေါက်ခေါက်းမြို့နယ်က စစ်ကောင်စီတပ်သား ၂ယောက်ဟာ လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ပခုက္ကူတွင် ရိက္ခာယူပြီးပြန်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ရဲ ၁ ဦး၊ စစ်သား ၃ ဦး သေဆုံး 

မကွေးတိုင်း၊ ပခုက္ကူမြို့ လေယာဥ်ကွင်းကနေ ရိက္ခာယူပြီးပြန်လာတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ အပြန်အလှန် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေါင်းညီနောင် PKU တာဝန်ခံဆီက သိရပါတယ်။