ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၂၇) လုံးနဲ့ လေယာဉ် (၂) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်း (၁)လုံးနဲ့ နေအိမ် (၁) လုံး ပျက်စီးခဲ့ပြီး ရဟန်း (၁)ပါး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU (ဗဟို) က ထုတ်ပြန်ပါတယ်။
ကျောက်ကြီးမြို့နယ်မှာ နိုဝင်ဘာလ (၂၉) ရက်က စစ်ကောင်စီရဲ့ ပိန်းဇလုပ်အခြေစိုက် ခလရ-၂၆၄ က ၁၂၂ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ ကော်သာစေးကျေးရွာကို (၁၈)လုံး၊ ကျောင်းစုကျေးရွာ ကို (၂) လုံး၊ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ရေတွင်းကုန်းကျေးရွာကို (၁)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနေ့မှာပဲ နတ်သံကွင်းက စစ်ကောင်စီ တပ်တွေကလည်း ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ဝေဒေါခို (အင်တိုင်းကုန်း)ကျေးရွာကို (၂)လုံး၊ ကျောက်စရစ် ကျေးရွာကို (၁)လုံး၊ ကျောက်စရစ်အနောက်ကျေးရွာကို (၁)လုံး စုစုပေါင်း(၂၅)လုံး ပစ်ခတ်ခဲ့တဲ့အပြင် ကော်သာစေး (ဂေါ်သဇင်) ကျေးရွာကိုလည်း လေယာဉ်နဲ့ (၂)ကြိမ် ပစ်ခတ်ခဲ့ရာ အဲ့ဒီပစ်ခတ်မှုကြောင့် ရေတွင်းကုန်း ကျေးရွာက နေအိမ် (၁)လုံး ပျက်စီးခဲ့တယ်လို့ KNU က ဆိုပါတယ်။
နိုဝင်ဘာလ (၃၀) ရက်ကလည်း ကုန်းချောင်းဝ ကျေးရွာက စစ်ကောင်စီ တပ်တွေက နတ်တလင်းကျေးရွာကို ၁၂၀ မမ လက်နက်ကြီး (၁)လုံး၊ နတ်သံကွင်းက စစ်ကောင်စီတပ်တွေက နိုဂေါ် (မမယမ်း)ကျေးရွာကို ၁၂၀ မမ လက်နက်ကြီး (၁)လုံး စုစုပေါင်း (၂)လုံးပစ်ခတ်ခဲ့ရာ အဲ့ဒီပစ်ခတ်မှုကြောင့် နတ်တလင်း ကျေးရွာရှိ ဘုန်းကြီးကျောင်း (၁) ကျောင်း ပျက်စီးခဲ့ပြီး ကျောင်းတွင်း သီတင်းသုံးနေတဲ့ သက်တော် (၄၀) အရွယ် ရဟန်း ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ပုံစာ − စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက် ပျက်စီးမှုများ
0 Shares:
You May Also Like
Read More

ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၀ က တပ်ရင်းရှိ ရဲဘော်တွေကို အောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို ချီးကျူးဂုဏ်ပြုမှုနဲ့အတူ သီတင်းကျွတ်မုန့်ဖိုး ပေးအပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင် အမှတ် ၃၀ တပ်ရင်း (အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် - ADPRA) က တပ်ရင်းက တပ်ခွဲတွေရှိ ရဲဘော်တွေကို အောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို ချီးကျူးဂုဏ်ပြုမှုနဲ့အတူ သီတင်းကျွတ်မုန့်ဖိုး ပေးအပ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကန့်ဘလူခရိုင် ပအဖ တာဝန်ရှိသူတွေက ခရိုင်အတွင်း လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်း ခရိုင် ပအဖအတွင်းရေးမှူး၊ မြို့နယ်ပအဖအတွင်းရေးမှူး၊ မြို့နယ်လူ့အခွင့်ရေးတာဝန်ခံ၊ မြို့နယ် လူသားစာနာ တာဝန်ခံ၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှူး၊ တိုက်နယ်လူသားစာနာတာဝန်ခံတို့ ပူးပေါင်းပြီး ဒေသခံပြည်သူတွေနဲ့အတူ လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အုပ်စုအတွက် စစ်မှု‌ထမ်းကြေး ကောက်ခံပေးသည့် ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မြောက်ကုန်းကြီးအုပ်စုမှာ အကြမ်းဖက်စစ်‌ကော်မရှင်တပ်သား‌တွေအတွက် စစ်မှုထမ်းကြေး ကောက်ခံပေးနေတဲ့ ရာအိမ်မှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံရဲဘော် Shadowက မောင်းကို ပြောပါတယ်။
Read More

ဒေါပုံမှာ သန်းခေါင်စာရင်းလိုက်ကောက်တဲ့ ရာအိမ်မှူးနဲ့အဖွဲ့ကို ဓာတ်ဆီ ပက်ပြီး မီးရှို့တိုက်ခိုက်

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်မှာ စစ်မှုထမ်းနဲ့ ရွေးကောက်ပွဲအတွက်  သန်းခေါင်စာရင်းလာကောက်တဲ့ ရာအိမ်မှူးနဲ့အဖွဲ့ကို အိမ်ရှင်အမျိုးသားက ဓာတ်ဆီနဲ့ပက်ပြီး မီးရှို့တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ထိုင်းမှာ ရက်၁၂၀ ကျော်အတွင်း မြန်မာလုပ်သား နှစ်သိန်းကျော် ဖမ်းဆီးခံရ

ထိုင်းမှာ မြန်မာလုပ်သားတွေ ရက် ၁၂၀ ကျော် စီမံကိန်းအတွင်း နှစ်သိန်းတစ်သောင်း နီးပါး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

လေယာဥ် ဗုံးသီးတွေထုတ်လုပ်ရာ ကပစ၂၁ ကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်၊ အရာရှိစစ်သည် ၉ယောက်သေပြီး ဗုံးသီးထုတ် ဂိုဒေါင်တွေ ထိခိုက်ပျက်စီး

အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေးအင်အား​စုတွေကို ဗုံးကြဲတိုက်ခိုက်ရာမှာ အသုံးပြုနေတဲ့ လေယာဥ်ဗုံးသီးတွေ အချောသတ်ထုတ်လုပ်ရာ ကပစ ၂၁ ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်မှုမှာ စစ်ကောင်စီ အရာရှိစစ်သည် ၉ ယောက် သေပြီး ၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။