ကရင်ပြည်နယ်၊ မြဝတီ ကော့ကရိတ် အာရှလမ်းပိုင်းမှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ BGF အကြမ်းဖက်စစ်တပ် ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွါးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာလ ၂ရက်နေ့ ညပိုင်းကတည်းက ထိတွေ့ တိုက်ပွဲတွေ စတင်ဖြစ်ပွားနေပြီး ဒီဇင်ဘာလ ၃ရက် ဒီနေ့ မနက် ၁၀နာရီလောက်အထိ ပစ်ခတ်သံတွေကြားနေရတယ်လို့ ပြောကြပါတယ်။
“အကြမ်းဖက်စစ်တပ်ပူးပေါင်း BGF တပ်ဖွဲ့တွေနဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်နေတာ။ အကြမ်းဖက်စစ်တပ်က ဒရုန်းတွေနဲ့ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလုပ်နေပြီး တိုက်ပွဲဆက်လတ်ပြင်းထန်နေသေးတယ်” လို့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကိုပြောပါတယ်။
“ခလရ ၉၇ အကြမ်းဖက်စစ်တပ်ထဲကနေလည်း အာရှလမ်းပိုင်းတွေကို လက်နက်ကြီးပစ်ကူတွေ ပေးနေတယ်။ ဂျိုင်းတံတားနဲ့ ကျုံဒိုးဘက်အခြမ်းကနေလည်း BGF တပ်တွေ နေရာယူထားပြီး အောင်ချမ်းသာ ဘုန်းကြီးကျောင်းမှာလည်း အကြမ်းဖက်စစ်တပ်က တပ်စွဲပြီး ပိတ်ဆို့တာတွေ လုပ်နေတယ်”လို့ အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။
ဒီဇင်ဘာ ၁ရက်နေ့ကလည်း ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်ထဲကို အကြမ်းဖက်စစ်တပ်က ဒရုန်းတွေနဲ့ ကင်းထောက်တာတွေ လုပ်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ရှိမယ်ထင်တဲ့ နေရာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့သေးတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ပုံစာ – ကရင်ပြည်နယ်အတွင်းက BGF တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ကြို့ပင်ကောက်မြို့နယ်မှ ပြည်သူ့စစ်ခေါင်းဆောင် ဝင်းအောင်ကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်က ပြည်သူ့စစ်ခေါင်းဆောင် ဝင်းအောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုထံက သိရပါတယ်။
Read More

နိုင်ငံတဝန်း စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ် ၁၇၄ ခုကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထား

စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ လက်ရှိ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ ၄ နှစ်တာအတွင်း နိုင်ငံတဝန်းက စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်ပေါင်း ၁၇၄ ခုထက်မနည်းကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP - Myanmar) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ကျောက်ကြီးမြို့နယ်မှာ စစ်မှုထမ်းဆင်း စစ်သား ၃ ယောက် လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်လာ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က မတရားဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းခဲ့တဲ့ စစ်သား(၃) ယောက် လက်နက်တွေနဲ့အတူ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း (၉) ဆီ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ဝင်းကံကျေးရွာနှင့်ကရဝေးဆိပ်ရွာများတွင် စစ်ကောင်စီတပ် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြည်သူ ( ၁ ) ဦးသေ၊ ( ၄ ) ဦးဒဏ်ရာရ၊ နေအိမ် ( ၁၉ ) လုံးထိခိုက်ပျက်စီး

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရကာ နေအိမ် ၁၉ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကာကင်း တာဝါတိုင်စခန်းကို သိမ်းပိုက်ခံရတာကြောင့် မြေပြန့်ဒေသ ဝင်ပေါက်ဖြစ်သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းကို စစ်ကောင်စီ အင်အားဖြည့်နေ 

မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်း ရက္ခိုင်ရိုးမပေါ်က စစ်ကောင်စီရဲ့ နတ်ရေကန် MPT တာဝါတိုင်စခန်းကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေက ဇွန်လ ၄ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
Read More

ပြည်သူတွေအတွက် ကျိန်စာမဖြစ်စေဖို့ သယံဇာတများကို စနစ်တကျ စီမံခန့်ခွဲရန် လိုအပ်ကြောင်း NUG ဝန်ကြီးချုပ် ပြောကြား

သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတွေနဲ့အတူ ပြည်သူတွေကို ဒုက္ခပင်လယ်ထဲ တွန်းပို့နိုင်တဲ့ သယံဇာတကျိန်စာ မဖြစ်ပေါ်စေဖို့အတွက် သယံဇာတတွေကို စနစ်တကျ စီမံခန့်ခွဲဖို့ လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။