မကွေးတိုင်း မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်နဲ့ စေတုတ္တရာမြို့နယ်အစပ်ရှိ ကျေးရွာတွေကို နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး အရပ်သားပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ကျောက်ပုံရွာ၊ ခဲပစ်ရွာ၊ ညောင်းကုန်းရွာရှိ နေအိမ် ၂၀၀ ‌ကျော် မီးလောင်ပြာကျခဲ့ရပြီး အကြမ်းဖက် စစ်တပ်က တန်ဖိုးရှိ ပစ္စည်းတွေကို ခိုးယူသွားပြီး ကျွဲနွားတွေကို လက်နက်တွေနဲ့ ပစ်ခတ်သတ်ဖြတ် ခဲ့တယ်လို့ သိရပါတယ်။

မီးရှို့ခံရတဲ့ ကျေးရွာနေပြည်သူတွေဟာ စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေရပြီး အရေးပေါ်သုံးပစ္စည်း တွေ၊ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးအတွက် ဆေးဝါးများ လိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အရာတော်မြို့နယ်ရှိ အမတ ၃၆၉ တပ်ရင်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်အတွင်းရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမတ ၃၆၉ တပ်ရင်းကို ဖေဖော်ဝါရီ ၁၃ ရက် မနေ့က ၆၀ မမ လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force အဖွဲ့ထံက သိရပါတယ်။
Read More

မုံရွာ-အရာတော်လမ်းပိုင်းမှာ အကြမ်းဖက်စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ပြီး ဓားစာခံပြည်သူတွေကို ကယ်ထုတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းပိုင်းမှာ စက်တင်ဘာ ၄ ရက်ကနေ စက်တင်ဘာ ၉ ရက်အထိ ရက်ရှည်ကင်းပုန်းဝပ်ပြီး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ၃ ကြိမ်တိုင် ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ MPDF – DEMO တပ်ခွဲထံက သိရပါတယ်။
Read More

ငါန်းဇွန်မြို့နယ်အတွင်း အင်အား ၁၀၀ ခန့်ဖြင့် ရောက်ရှိလာသည့် အကြမ်းဖက်စစ်သားများကို လက်နက်ကြီးနှင့် ဒရုန်းဗုံးသီးများ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တောင်ဘက်သို့ အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TGYR-youthguerrillacounterrevolution-nz က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဧရာဝတီသား တော်လှန်ရဲဘော်တစ်ဦး ကိုယ်တိုင်ခံစားရေးစပ် သီဆိုထားသည့် ငါတို့ပြန်လာပြီ ဧရာဝတီ (ရုပ်/သံ)

ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်အိမ် ကိုယ်ချစ်ရတဲ့သူတွေနဲ့ ပြန်ဆုံဖို့ ဧရာဝတီသား တော်လှန်ရဲဘော်တစ်ယောက် ကိုယ်တိုင်ခံစားရေးစပ် သီဆိုထားတဲ့ ငါတို့ပြန်လာပြီ ဧရာဝတီသီချင်း ဖြစ်ပါတယ်။
Read More

မိုးဗြဲမြို့ကို အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် သေဆုံးမှုများစွာနှင့် ဆုတ်ခွာထွက်ပြေး (ရုပ်/သံ)

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့ကို ပြန်လည်ရယူနိုင်ရေးအတွက် မတ်လ ၂၄ ရက်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ် ကောင်စီတပ်သားတွေ သေဆုံးမှုများပြားပြီး ဆုတ်ခွာထွက်ပြေးသွားတယ်လို့ KNDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမြို့နယ်အတွင်း ထော်လာဂျီ၊ ဆိုင်ကယ်များဖြင့် ထွက်လာသည့် စစ်ကော်မရှင်တပ်သားများ ပြောက်ကျားတိုက်ခိုက်ခံရပြီး ၁၀ ဦးခန့် သေ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆုံရွာကနေ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ ပြောက်ကျား တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကာ သေနတ် ၄ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၄-၁၀)တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။