စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ လဝကရုံးကနေ ကိုယ်လွတ်ရုန်းထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့(CDF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ဒီဇင်ဘာ ၃ရက် ဒီနေ့မှာ ပုလဲမြို့ပေါ်ကနေ ထွက်ပြေးလာတဲ့ တပ်သားမိုးမင်းအောင်ကို ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့(CDF) တာဝန်ရှိသူတွေက သူတို့ရဲ့ဂိတ်စခန်းအနီး ဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်။
“ကျနော်တို့ စစ်ဆေးရေးဂိတ်နား ရောက်လာတာပါ။ မေးကြည့်မှ ပုလဲလဝက ရုံးကနေ ထွက်ပြေးလာတာလို့ ပြောတယ်​။ သူ့မှာဖုန်းတစ်လုံးပဲ ပါလာပါတယ်။ အခုတော့ လိုအပ်တာ စစ်ဆေးမေးမြန်းပြီး ဆားလင်းကြီး ပလဖ (ပြည်သူ့လုံခြုံရေးအဖွဲ့) ဆီ အပ်လိုက်ပါတယ်။” လို့ ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့(CDF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
တပ်သားမိုးမင်းအောင်ဟာ စစ်မှုထမ်းစာရင်းမဲ​ပေါက်ပြီးတဲ့နောက် တပ်သားသစ်အဖြစ် စုဆောင်းခံရရင်း စစ်ကိုင်းတိုင်း၊ ကလေးမြို့အခြေစိုက် ခလရ (၈၉) တပ်ရင်းမှာ ၃လသင်တန်းတက်ရောက်ခဲ့ရသလို ပုလဲမြို့တိုက်ပွဲပြီးတဲ့နောက်မှာတော့ မြို့ဆီပို့ဆောင်ခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။
“ပုလဲမှာတိုက်ပွဲဖြစ်ပြီး နောက်ရက်ကျ MI-17နဲ့ ပုလဲ အလယ်ဘုံမှာ သူတို့ကို ချထားတယ်လို့ပြောပါတယ်။ သူကတော့ စစ်မှုထမ်း မဲပေါက်တာလို့ ပြောတယ်ပေါ့။ သူနဲ့အတူ နောက်ထပ် အယောက်၅၀လောက်လည်း ပုလဲစခစခန်းကို ပါလာတယ်လို့ ပြောပါတယ်။ အခုလည်း ပုလဲက စခတွေက စခန်းကထွက်လိုက် မြို့ကအိမ်တွေ မီးရှို့လိုက်လုပ်နေပါတယ်။” လို့ ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့(CDF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
BNRA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ပုလဲမြို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ရက်ကနေ ၁၄ရက်အထိ ​မြို့သိမ်းတိုက်ပွဲ ဆင်နွှဲပြီးတဲ့နောက် လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းတွေ ရရှိခဲ့ပါတယ်။
အဲ့ဒီနောက် စစ်ကောင်စီက လေကြောင်းရော မြေပြင်ကနေပါ အဆက်မပြတ် ခုခံရင်း မြို့ကိုပြန်လည်ထိန်းချုပ်ထားတာ ဒီနေ့အထိ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်အုပ်စုက စစ်ဘေးရှောင်တွေကို မြို့ထဲပြန်ဝင်ဖို့ ခေါ်နေပေမယ့် ကျေးရွာပေါင်း၂၀က​ သောင်းနဲ့ချီတဲ့ ဒေသခံကတော့ နေရပ်မပြန်ရဲသေးဘဲ စားနပ်ရိက္ခာနဲ့ အထွေထွေဒုက္ခတွေ ခံစားနေကြရတယ်လို့ သိရပါတယ်။
ပုံစာ – ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သား မိုးမင်းအောင်
0 Shares:
You May Also Like
Read More

စစ်အုပ်စုအာဏာသိမ်းပြီးချိန်ကစလို့ လူငယ်များ၏ မလုံခြုံမှု ၂ ဆကျော် မြင့်တက်လာ၊ စစ်မှုထမ်းစုဆောင်းခံရမှုများအပေါ် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများ ရင်ဆိုင်လာရဟု UNDP ဆို…

အကြမ်းဖက်စစ်အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာ လူငယ် ၇ ယောက်မှာ ၁ ယောက်က လုံခြုံရေးအတွက် စိုးရိမ်နေရပြီး စစ်မှုထမ်းဥပဒေနဲ့ တပ်သားသစ်စုဆောင်းမှုတွေကြောင့် အမျိုးသားလူငယ်တွေနဲ့ တိုင်းရင်းသားလူနည်းစုတွေကြား စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ ဖြစ်နေစေတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုစစ်တမ်း UNDP က ပြောပါတယ်။
Read More

ရာမညမွန်တပ်တော် RMA နှင့် မွန်လွတ်မြောက်ရေးတပ်တော် MLF ပေါင်းစည်း

စစ်အာဏာရှင်စနစ်ကို ထိထိရောက်ရောက် တိုက်ဖျက်ချေမှုန်းနိုင်ဖို့အတွက် မွန်လွတ်မြောက်ရေးတပ်တော် (MLF) နဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ ရာမညမွန်တပ်တော် (NMSP-AD)/ RMA တို့ ပေါင်းစည်းလိုက်ကြောင်း အဆိုပါအဖွဲ့တွေက ပူးတွဲထုတ်ပြန်ပါတယ်။
Read More

ဝမ်းတွင်းတွင် ဘော်ဒါနေ ကျောင်းသားပါမချန် စစ်ကောင်စီ ပေါ်တာဆွဲဖမ်းဆီး၊ စစ်ရှောင်လာသူများကို လက်မခံကြဖို့လည်း စစ်တပ်နှင့် ရပ်ကွက်အာဏာပိုင်များက လိုက်လံအမိန့်ပေးနေ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ စစ်ကောင်စီက မြို့အနှံ့ပတ်ပြီး ပေါ်တာဆွဲဖမ်းဆီးတာတွေ နေ့စဥ်ရက်ဆက် လုပ်ဆောင်နေသလို စစ်ဘေးရှောင်လာသူတွေကိုလည်း မြို့နယ်အတွင်း လက်မခံဘဲ မောင်းထုတ်နေကြောင်း Voice Of Wundwin အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်အတည်ပြု

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်  အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်အတည်ပြုခဲ့တယ်လို့ သိရပါတယ်။
Read More

အပစ်ရပ်ကြောင်း ဟန်ပြကြေညာပြီးနောက် စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု ၆၀ ကျော် ပြုလုပ်ခဲ့၊ အရပ်သားပြည်သူ ၆၈ ယောက် သေဆုံး…

အကြမ်းဖက်စစ်ကောင်စီက အပစ်ရပ်ကြောင်း ဟန်ပြကြေညာပြီးနောက် နိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီး အပါအဝင် ပစ်ခတ်တိုက်ခိုက်မှုစုစုပေါင်း ၆၃ ကြိမ် ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ ၆၈ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲမြို့ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ကရင်နီပြည် ဝံပုလွေစစ်ကြောင်းက ရဲဘော် ၂ ယောက် ကျဆုံးခဲ့…

ကရင်နီပြည်၊ မိုးဗြဲမြို့ရဲ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ကရင်နီပြည် ဝံပုလွေစစ်ကြောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။