တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ဟာ ဒီဇင်ဘာလ ၃ ရက် အင်္ဂါနေ့ညနေ နှောင်းပိုင်းမှာ ရုပ်မြင်သံကြားမိန့်ခွန်းကတဆင့် အရေးပေါ် စစ်အုပ်ချုပ်ရေးကြေညာခဲ့ကြောင်း Yonhap သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ပါလီမန်ကို ထိန်းချုပ်ပြီး မြောက်ကိုရီးယားကို အားပေးထောက်ခံတဲ့အပြင် အစိုးရကို ကိုင်လှုပ်နေတယ်လို့ စွပ်စွဲထားတဲ့ အဓိက အတိုက်အခံတွေရဲ့လုပ်ရပ်ကြောင့် အခုလို ကြေညာရတာလို့ Yoon က ပြောပါတယ်။
“ကျနော်တို့ ပြည်သူတွေရဲ့ လွတ်လပ်မှုနဲ့ ပျော်ရွှင်မှုကို လုယူပြီး လွတ်လပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ဖို့အတွက် အရှက်ကင်းမဲ့တဲ့ မြောက်ကိုရီးယားလိုလားသူ နိုင်ငံတော် ဆန့်ကျင်ရေး အင်အားစုတွေကို ချေမှုန်းဖို့ စစ်အုပ်ချုပ်ရေး ကြေညာလိုက်တာပါ” လို့ Yoon က ပြောဆိုခဲ့ကြောင်း KBS က ဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံသား ၃,၅၀၀ ဦးကို အဓမ္မပြန်ပို့မှုက လူကုန်ကူးမှုကျူးလွန်ခြင်းဟု Fortify Rights ထုတ်ပြန်

ထိုင်းအာဏာပိုင်တွေက အကြမ်းဖက် မြန်မာစစ်အုပ်စုအရာရှိတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံသား ၃,၅၀၀ ကျော်ကို အဓမ္မပြန်ပို့မှုဟာ လူကုန်ကူးမှုကျူးလွန်ခြင်းဖြစ်တယ်လို့ Fortify Rights အဖွဲ့က မနေ့က ထုတ်ပြန်လိုက်ပါတယ်။ အစီရင်ခံစာအရ ပြီးခဲ့တဲ့၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်းမှာ ထိုင်းအရာရှိနဲ့ အကြမ်းဖက်စစ်အုပ်စုအရာရှိတွေ ပူးပေါင်းပြီး ရနောင်း - ကော့သောင်း နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသား ၃,၅၀၀ ဦးကို အတင်းအဓမ္မပြန်ပို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

မြန်မာအပါအဝင် ရာဂီမုန်တိုင်းဒဏ်သင့်ဒေသတွေကို စင်္ကာပူစစ်တပ် အကူအညီပေး

မြန်မာ၊ လာအိုနဲ့ ဗီယက်နမ်က မုန်တိုင်းဒဏ်သင့် လူမှုအသိုင်းအဝိုင်းတွေကို စင်္ကာပူစစ်တပ်က လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်သွားမယ်လို့ CNA သတင်းက စက်တင်ဘာလ ၁၈ ရက်မှာ ဖော်ပြထားပါတယ်။
Read More

အသက်မပြည့်သေးသူ ဂျပန်အမျိုးသားတစ်ဦး ငွေလိမ်ဂိုဏ်းတွေကနေ လွတ်မြောက်လာ၊ ငွေလိမ်ဂိုဏ်းတွေမှာ ဂျပန် ၁၀ ဦးကျော် ပိတ်မိနေဟုပြော

ထိုင်း-မြန်မာနယ်စပ် ငွေလိမ်ဂိုဏ်းတွေမှာ အတင်းအကျပ် လုပ်အားပေးစေခိုင်းခံရတဲ့ အသက် ၁၆ နှစ်အရွယ် ဂျပန်အမျိုးသားတစ်ယောက် ပြန်လည်လွတ်မြောက်လာပါတယ်။
Read More

မြန်မာ့အရေး ဖြေရှင်းရာမှာ ရွေးကောက်ပွဲက ဦးစားပေး မဟုတ်ဘူးလို့ အာဆီယံသဘောတူ

အာဆီယံအနေနဲ့ မြန်မာ့အရေးဖြေရှင်းရာမှာ ရွေးကောက်ပွဲက ဦးစားပေး မဟုတ်ဘဲ၊ စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးကတိကဝတ်တွေကို လိုက်နာဖို့ တိုက်တွန်းတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက သောကြာနေ့မှာ ပြောပါတယ်။
Read More

ချင်းလက်နက်ကိုင်တပ် ၂ ခု နယ်မြေအငြင်းပွားတိုက်ခိုက်မှု ဒေသခံအမြောက်အမြား အိန္ဒိယဘက် ထွက်ပြေး

ချင်းကာကွယ်ရေးတပ် (CDF-Hualngoram) နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) တို့အကြား ပြီးခဲ့တဲ့ရက်တွေက နယ်မြေအငြင်းပွားမှုတိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံအမြောက်အမြား အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးခဲ့ကြရတယ်လို့ အိန္ဒိယသတင်းတွေမှာ ရေးထားပါတယ်။ 
Read More

စစ်တပ်၏ ရွေးကောက်ပွဲကို အသိအမှတ်မပြုရန်နှင့် စောင့်ကြည့်ရေးကိုယ်စားလှယ်များ မစေလွှတ်ရန် အရပ်ဘက်အဖွဲ့အစည်း ၁၀၀ ကျော်က အိန္ဒိယအစိုးရနှင့်လွှတ်တော်ဆီ အိတ်ဖွင့်ပေးစာ ပေးပို့

“စစ်အုပ်စု၏ နိုင်ငံရေးထွက်ပေါက်ဖြစ်သော အတုအယောင်ရွေးကောက်ပွဲကို ထောက်ခံမည့်အစား မြန်မာနိုင်ငံတွင် စစ်မှန်သော နိုင်ငံရေးတည်ငြိမ်မှုနှင့် ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် လက်တွေ့ကျပြီး အထောက်အကူဖြစ်စေမည့် အကူအညီများကိုသာ ပံ့ပိုးပေးပါရန် အလေးအနက် မေတ္တာရပ်ခံတောင်းဆိုအပ်ပါသည်” လို့ အိတ်ဖွင့် ပေးစာမှာ ရေးသားထားခဲ့တာဖြစ်ပါတယ်။