စစ်အာဏာသိမ်း (၃)နှစ်ကျော်အတွင်း လူမှုကွန်ယက်မှာ စစ်ကောင်စီကို ဝေဖန်ပြီး တော်လှန်ရေးအင်အားစုတွေကို ထောက်ခံမိလို့ ဖမ်းဆီးခံရသူ အရေအတွက်ဟာ နိုင်ငံတဝန်းမှာ ၁၈၀၀ ကျော်သွားပြီလို့ Data For Myanmar က ထုတ်ပြန်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို အသေးစိတ် မှတ်တမ်းပြုစုနေတဲ့ Data For Myanmar က ဒီဇင်ဘာလ(၃) ရက် ဒီနေ့မှာ ထုတ်ပြန်လိုက်တာပါ။
ဖမ်းဆီးခံရမှုတွေထဲမှာ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ အရေအတွက် အများဆုံးဖြစ်ခဲ့ပြီး ၂၀၂၄ ခုနှစ်အတွင်းမှာတော့ အနည်းငယ်ပြန်လည်လျော့ကျလာခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ သူတို့ကို ဝေဖန်သူ၊ တော်လှန်ရေးအင်အားစုတွေကိုထောက်ခံသူ၊ ထောက်ပံ့နေသူတွေလို့အကြောင်းမဲ့ စွပ်စွဲကာ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးနေတာ ဖြစ်ပါတယ်။
အများစုဟာ စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေကတဆင့် သတင်းပေးတာရှိသလို အမည်၊ နေရပ်လိပ်စာတွေကို ဖော်ပြပြီး ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးနိုင်ဖို့ လုပ်ဆောင်မှုတွေလည်း ရှိခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဩဂုတ်လကနေ အောက်တိုဘာလအထိ မြို့ပေါင်း ၆၅ မြို့နယ်က လူဦးရေ ၁၄၀ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ မြို့နယ်ပေါင်း ၂၂၃ မြို့နယ်မှာ ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်ခဲ့တာပါ။
ဖမ်းဆီးခံရမှုတွေထဲမှာ အများဆုံးကတော့ ပဲခူး၊ မန္တလေး၊ ရန်ကုန်နဲ့ ပြည်မြို့က အများဆုံးအဖြစ် ဦးဆောင်နေတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူ အများစုဟာ ဖေ့ဘွတ်ခ်ပေါ်မှာ ရေးသားမျှဝေမှုကြောင့် ဖမ်းဆီးခံရတာဖြစ်ပြီး အခြားသော ဆိုရှယ်ပလက်ဖောင်း တွေမှာလည်း ရေးသားမှုတွေပါဝင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဖမ်းဆီးခံရသူအများစုကို အကြမ်းဖက်ဥပဒေနဲ့ အရေးယူလျက်ရှိကြောင်း စစ်ကောင်စီက သူတို့ရဲ့ ဝါဒဖြန့်သတင်းစာတွေမှာလည်း နေ့စဉ်ဖော်ပြလျက်ရှိနေပါတယ်။
Data For Myanmar က ကောက်ယူထားတဲ့ အချက်အလက်တွေအရ လစဉ်ပျမ်းမျှ လူဦးရေ ၅၀လောက်က ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။
အဓိကအားဖြင့် စစ်ကောင်စီဟာ အွန်လိုင်းပေါ်ကနေ အချိန်နဲ့တပြေးညီ စောင့်ကြည့်အရေးယူမှုတွေရှိနေပြီး၊ စစ်ဆေးရေးဂိတ်တွေမှာ ပြည်သူတွေရဲ့ ဖုန်းတွေကို အတင်းအဓမ္မ ရယူစစ်ဆေးပြီး ဖမ်းဆီးမှုတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ်အတွင်း အွန်လိုင်းပေါ်မှာ စစ်ကောင်စီကို ဝေဖန်လို့ ဖမ်းဆီးခံရသူတွေထဲမှာ ဦးသိန်းစိန်လက်ထက်က ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်၊ စစ်အာဏာရှင် ဦးသန်းရွှေရဲ့သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင် ၊ စစ်တပ်အမာခံထောက်ခံသူ ငါးမင်းဆွေနဲ့ ပြည်တွင်းက အနုပညာရှင်အချို့လည်း ပါဝင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်တပ်ထောက်ခံတဲ့ သဇင်ဦး ချန်နယ်က ဝါဒဖြန့်မှုကြောင့် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်က ၉ တန်းကျောင်းသား ကလေးငယ်ကို အွန်လိုင်းမှာ မင်းအောင်လှိုင်ကိုလှောင်ပြောင်လို့ဆိုပြီး စာသင်ခန်းထဲအထိ အကြမ်းဖက်ဝင်ရောက် ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။
Photo – စစ်ကောင်စီကို အွန်လိုင်းပေါ်မှာ ဝေဖန်လို့ဖမ်းဆီးခံခဲ့ရတဲ့ ဦးရဲထွဋ်နှင့် ဒေါက်တာနေစိုးမောင်
0 Shares:
You May Also Like
Read More

ကသောင်းကနင်းဖြစ်နေတဲ့ စစ်ကောင်စီ ကပစ ထုတ်နုတ်အင်အားတွေကို ရခိုင်ရိုးမ ပို့ပြီး အင်အားဖြည့်တင်းနေ

ရခိုင်ပြည်က တိုက်ပွဲတွေမှာ အရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ရခိုင်ရိုးမကို စစ်ကူတွေ ထပ်မံ စေလွှတ် ပို့ဆောင်နေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တချို့ထံက သိရပါတယ်။
Read More

ရွှေဘိုမြို့တွင် စစ်တပ်နှင့်ဆက်နွယ်သူများသာ သွားသည့် GYM ကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က စစ်သား၊ ရဲတွေနဲ့ သူတို့ရဲ့ ပတ်သက်ဆက်နွယ်နေသူတွေသာ လာကြတဲ့ အားကစားခန်းခ (GYM) ကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်၏ အရာရှိငယ် သင်တန်းဆင်းပွဲ

ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်က အနာဂတ်တော်လှန်ရေးကို ဦးဆောင်မယ့် အရာရှိငယ် အပတ်စဥ် (၁) သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ပြီးစီးကြောင်း ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူခရိုင်းအတွင်းရှိ ကျေးရွာများကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်ထဲက ကျေးရွာတွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

အမ်း-ပဒါန်းလမ်းပိုင်းမှာ ရခိုင်ကို စစ်ကူသွားတဲ့ စစ်တပ်စစ်ကြောင်းထဲက ​ခြေလျင်တပ်တွေ တိုက်ခိုက်ခံရပြီး တပ်ကြပ်အဆင့်အပါ ၉ယောက်သေ

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း- ပဒါန်းလမ်းပိုင်းမှာ ရခိုင်ဘက်ကို စစ်ကူသွားတဲ့ စစ်တပ်စစ်ကြောင်းထဲက ခြေလျင်တပ်သားတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က တပ်ကြပ်ကြီးအဆင့်ရှိသူအပါအဝင် ၉ယောက်သေဆုံးခဲ့ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA Magway) စစ်ရေးချုပ် ကိုနောင်သူရိန်က မောင်းကို ပြောပါတယ်။
Read More

ရေး-ထားဝယ်လမ်းကို ညအချိန် အသုံးပြုခြင်း တားမြစ်ထား

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ ရေး-ထားဝယ် အဝေးပြေးလမ်းမကြီးကို ညအချိန် အသုံးပြုခြင်း တားမြစ်ထားတယ်လို့ ကော်သူးလေတပ်တော် KTLA ၊ ကြယ်လင်းရောင် (ဆာကပေါ) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။