ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ ထန်တလန်မြို့အနီးက သီမြစ်လွင်ပြင်ဒေသမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ၄ခုကို ချင်းပြည်ကောင်စီပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ အဲဒီ တပ်စခန်း ၄ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
နိုဝင်ဘာလ ၃၀ ရက်နေ့ မနက်၉ နာရီဝန်းကျင်မှာ ဟာခါးမြို့အနီးက Ruavazung စခန်းကို အရင်ဦးဆုံး သိမ်းပိုက်ရရှိခဲ့ပြီး စစ်သား ၁၉ ယောက်ကို အရှင်ဖမ်းဆီးရမိကာ စစ်တပ်ရဲ့ အရာရှိ ၂ယောက်၊ ရဲမှူး ၁ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၁၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ဟားခါး-ထန်တလန်ကြား သီမြစ်လွင်ပြင်ဒေသမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ Umpu Puaknak စခန်းကို ထပ်မံသိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးကာ သေနတ် ၁၂ လက်နဲ့ ခဲယမ်းအမြောက်အမြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
သိမ်းပိုက်နိုင်ခဲ့တဲ့ တပ်စခန်း ၄ ခုဟာ သီမြစ်စခန်း၊ Umpu Puaknak စခန်း၊ Ruavazung စခန်းနဲ့ Nawn Thlawk Bo စခန်းတို့ ဖြစ်ပြီး စစ်တပ်ရဲ့ လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေ အပါအဝင် သေနတ်၊ ခဲယမ်းနဲ့ ဒရုန်းတွေကိုပါ သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဟားခါး-ထန်တလန်မြို့ကြားက မြန်မာစစ်တပ်စခန်းတွေကို ချင်းပြည်ကောင်စီ တော်လှန်ရေးပူးပေါင်းတပ်တွေက နိုဝင်ဘာ ၂၂ ရက်ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး အဲဒီစစ်ဆင်ရေးကို “Jericho” စစ်ဆင်ရေးလို့ နာမည်ပေးထားကြောင်း သိရပါတယ်။
0 Shares:
You May Also Like
Read More

ပြည်မြို့တွင် ပေါ်တာဆွဲခံခဲ့ရသည့် အဝေးသင်ကျောင်းသား ရွှေတောင်ပကဖထံ ထွက်ပြေးခိုလှုံ၊ ပကဖနှင့်အတူ အကြမ်းဖက်စစ်တပ်ကို ပြန်တိုက်မည်ဟု ဆို

ပဲခူးတိုင်း၊ ပြည်မြို့မှာ ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်မှုထမ်းစုဆောင်းခံခဲ့ရတဲ့ အဝေးသင်တက္ကသိုလ်ကျောင်းသား ၁ယောက် အကြမ်းဖက်စစ်တပ်လက်ကနေ ထွက်ပြေးလွတ်မြောက်လာပြီး ပကဖထံ အလင်းဝင်ခိုလှုံလာကြောင်း ရွှေတောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက မောင်းကိုပြောပါတယ်။
Read More

ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ ဧရာဝဏ်ရဲစခန်းဂိတ်ကင်းကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်၊ ဆေးလိပ်ထွက်သောက်သည့် ရဲ ၁ ဦး နေရာတင် သေပြီး ၂ ဦးဒဏ်ရာရ…

"အခုကာလအခက်အခဲတွေ ကြားတဲ့အတိုင်းပဲ။ ဆိုင်ကယ်တွေ၊ ကားတွေ အစစ်ကြမ်းနေတာ ဒါပေမယ့်လည်း ကျနော်တို့က လုပ်တာပါပဲ။ အဲ့​တော့ပြည်သူတွေအနေနဲ့ ကျနော်တို့နဲ့ ပူးပေါင်းတဲ့အနေနဲ့ စစ်ကောင်စီဂိတ်စခန်းတွေနား မသွားကြပါနဲ့။ တော်လှန်ပြည်သူတွေအားလုံးကျန်းမာကြပါစေ" လို့ Mother Son Yangon Force တာဝန်ရှိသူ ဗိုလ်နိုင် က မောင်းသတင်းဌာနကိုပြောပါတယ်။
Read More

ဆားလင်းကြီးနယ်တွင် အကြမ်းဖက် စစ်ကော်မရှင် စက်တပ်လေထီးဖြင့် ပစ်ခတ်လို့ ၁ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က စက်တပ်လေထီးနဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ငလျင်ဒဏ်သင့်ဒေသများတွင် အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန်အတွက် ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံး သီတင်း ၂ ပတ်ကြာ ရပ်ဆိုင်းမည်ဟု NUG ကြေညာ

၂၀၂၅ခုနှစ် မတ်လ ၂၈ရက်‌နေ့မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်ကြောင့် နိုင်ငံရဲ့ နေရာတော်တော်များများမှာ နေအိမ်အဆောက်အအုံများ၊ လမ်းတံတား အခြေခံအဆောက်အအုံများ ပြိုကျပျက်စီးခဲ့ပြီး၊ ပြည်သူထောင်နဲ့ချီသေဆုံး သောင်းချီ ဒဏ်ရာရရှိခဲ့တာကြောင့် လူပေါင်းများစွာကို အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်နိုင်ဖို့အတွက် ငလျင်ဘေးသင့်ဒေသတွေမှာ မိမိကိုယ်ကို ခုခံကာကွယ်စစ်မှတပါး ထိုးစစ်အားလုံးကို ၃၀.၃.၂၀၂၅ ရက်နေ့မှ စတင်ပြီး နှစ်ပတ်ကြာ ရပ်နားထားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ထုတ်ပြန်လိုက်ပါတယ်။
Read More

အပစ်ရပ် ကြေညာထားသည့် စစ်ကောင်စီ နောင်ချိုမြို့ကို ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံး (၄) လုံး ထပ်မံကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာကို အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀)ဗုံး (၄)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အိုးတိန်တွင်းကျေးရွာ လေကြောင်းတိုက်ခိုက်မှု ကျူးလွန်သူများကို အရေးယူရာတွင် ပူးပေါင်းသွားမည်ဟု KNDF ထုတ်ပြန်

အဆိုပါ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့သူတွေရဲ့ လုပ်ရပ်တွေကို KNDF အနေနဲ့ ဖြစ်ရပ်၊ သက်သေတွေကို သိမ်းဆည်းထားပြီး ကျူးလွန်သူတွေအားလုံးကို ပြင်းထန်စွာ အပြစ်ပေး အရေးယူနိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ KNDF က ဆိုပါတယ်။