စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးရဲဘော်တွေက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ Black Eagle Defence Force – MMU က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့၊ မနက် ၈နာရီဝန်းကျင်အချိန်မှာ မြင်းမူမြို့မြောက်ဘက်က ရွှေတောင်ဆီဆိုင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီအထိုင်စခန်းကို ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာပါ။
ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး တော်လှန်ရေးရဲဘော်တွေဘက်ကလည်း ဒရုန်း ၁စီး (ကာလတန်ဖိုးသိန်း၃၅၀ခန့်) ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကိုတော့ မြင်းမူမြို့နယ် ပကဖ က ဦးဆောင်ပြီး မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ၊ BlackEagleDefenceForce (MMU) ၊ ဗိုလ်မင်းရောင်တပ်ဖွဲ့ ၊ မြင်းမူမြို့အမှတ် (၃) ရပ်ကွက် ပကဖ (DK) အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ရေလည်မော်ရွာ ဆိပ်ကမ်းကို စစ်ကောင်စီဗုံးကြဲလို့ အမျိုးသား ၁ဦးသေဆုံး၊ ကလေးငယ်များ အပါအဝင် ထိခိုက်ဒဏ်ရာရသူများလည်း ရှိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အရှ့ခြမ်းက ရေလည်မော်ရွာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၅၀ အရွယ် အမျိုးသား ၁ ယောက် သေဆုံးပြီး ကလေးငယ်တွေလည်း ထိခိုက်ထားကြောင်း သိရပါတယ်။
Read More

သီတင်းကျွတ်လပြည့်ညတွင် မင်းပြင်ရွာထဲမှ နေအိမ် ၁၀ လုံးခန့်ကို စစ်အုပ်စု မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့၊ မင်းပြင်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေဟာ အဆိုပါကျေးရွာအတွင်းရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

မကွေးတိုင်း ငဖဲမြို့နယ်အတွင်း အကြမ်းဖက်စစ်ကြောင်းကို AA တိုက်ခိုက်၊ စစ်သား ၂၀ ခန့်သေ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ…

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးက စစ်အုပ်စု တပ်မ (၉၉) လက်အောက်ခံ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား အလောင်း ၂၀ ခန့်နဲ့အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က မှတ်တမ်းရုပ်သံနဲ့အတူ ထုတ်ပြန်ထားပါတယ်။
Read More

ပုလဲမြို့နယ် ပ.က.ဖ တိုက်နယ် (၁) အပတ်စဥ် ၂ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပ.က.ဖ က တိုက်နယ် ၁ ရဲ့ အခြေခံ စစ်ပညာ သင်တန်း အပတ်စဥ် ၂ သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၄ ရက် မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူခရိုင်တပ်ရင်း အမှတ် (၁၉) မှ ကျဆုံးရဲဘော် YZ (ခ) နေတိုးအောင်၏ ရက်လည် ဆွမ်းကပ်တရားနာပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်တပ်ရင်း အမှတ် (၁၉) က ကျဆုံးရဲဘော် YZ (ခ) နေတိုးအောင်ကို ရည်စူးပြီး ရက်လည် ဆွမ်းကပ်တရားနာပွဲ ပြုလုပ်ပေးခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် ကဗျာရွတ်ဆို ဂုဏ်ပြုခဲ့သည့် နိုင်ငံ‌ရေးအကျဉ်းသားများ ရိုက်နှက်တိုက်ပိတ်ခံထားရ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ကို ဂုဏ်ပြု ကဗျာရွတ်ဖတ်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြင်းခြံ‌ထောင်ရှိ ဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ပြီး ခြေချင်းခတ် တိုက်ပိတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။