မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး -ABSDF (ကျောင်းသားတပ်မတော်)၊ အမှတ် ၂ စစ်ကြောင်းမှာ ပြုလုပ်ခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း ( ၂/၂၀၂၄ ) ၊ သင်တန်းအပတ်စဉ် (၈) သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာလ ၃၀ ရက်က စစ်ကြောင်း ၂ လှုပ်ရှားနယ်မြေမှာ ပြုလုပ်ခဲ့တယ်လို့ ABSDF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
သင်တန်းကာလ ၄လ ကြာမြင့်ခဲ့တဲ့ အဆိုပါ သင်တန်းမှာတော့ ကျောင်းသားတပ်မတော်တပ်ဖွဲ့ဝင် ရဲဘော် အယောက် ၁၄၀ ၊ မဟာမိတ် PDF က ၆ ယောက်နဲ့ ပ.က.ဖ က ၁ ယောက် စုစုပေါင်း ၁၄၇ ယောက် သင်တန်းဆင်းခဲ့ပြီး တပ်ဖွဲ့ဝင် အလံကိုင်သစ္စာ ဆိုခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီသင်တန်းဆင်းပွဲကို ABSDF တပ်ဖွဲ့ဝင်တွေ ၊ မဟာမိတ်မိုးမိတ်ခရိုင် KIO/KIA က တာဝန်ရှိလူကြီးများ၊ BPLA က ဗျူဟာမှူး၊ KPDF အဖွဲ့၊ အမှတ် ၅၁၅ PDF အဖွဲ့နဲ့ ABSDF ကို ကူညီထောက်ပံ့ပေးနေတဲ့ ပြည်သူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးလာတာကြောင့် မုံရွာ-ကျောက္ကာ-အရာတော် လမ်းပိုင်းကို ယာယီပိတ်ထား

မုံရွာ-ကျောက္ကာ-အရာတော်လမ်းပိုင်း နဲ့ ကျောက္ကာ- ဗော်ဓိတထောင်လမ်းပိုင်းတွေမှာ အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးလာတဲ့အတွက် အဆိုပါလမ်းပိုင်းတွေကို ယာယီပိတ်ထားတယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

ပြိုကျပျက်စီးသွားတဲ့ မန္တလေး Sky Villa ကွန်ဒိုအတွင်းမှ မြေးအဖွား ၃ ဦး အသက်ရှင်

ယမန်နေ့က ဖြစ်ပွားခဲ့တဲ့ ပြင်းအားမြင့် ငလျင်ကြောင့် မန္တလေးမြို့မှာရှိတဲ့ Sky Villa ကွန်ဒို ပြိုကျခဲ့မှုအတွင်း မြေးအဖွား ၃ ဦးကို အသက်ရှင်လျက်ပြန်ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

အလင်းဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သွားရောက်ခေါ်ထုတ်ချိန် ကျဆုံးခဲ့သည့် နေပြည်တော် ပကဖ ရဲဘော်နှင့် အလင်းဝင် စစ်သား ၃ ဦး ကျဆုံးမှု ၃ လပြည့် ပြုလုပ်

မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက် မနေ့က နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်ဆင်ကြီး၊ အလင်းဝင်ခိုလှုံလာတဲ့ စစ်ကောင်စီတပ်က ရဲဘော်ညီညီဝင်းမော်၊ ရဲဘော်သိန်းမိုးမင်းနဲ့ ရဲ‌ဘော်မျိုးဇော်အေးတို့ အသက်နဲ့ခန္ဓာပေးလှူသွားခဲ့တဲ့ (၃) လပြည့် အထိမ်းအမှတ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ဇေကမ္ဘာဦးခင်ရွှေ ပြန်လည်လွတ်မြောက်လာ

စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဇေကမ္ဘာဦးခင်ရွှေဟာ စက်တင်ဘာလ ၂၈ ရက်နေ့က  အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။ ၂၀၂၂ ခုနှစ်မတ်လက သားဖြစ်သူ ဇေသီဟနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ဇေကမ္ဘာဦးခင်ရွှေဟာ ၂နှစ်ကျော်အကြာ အကျဉ်းထောင်မှာနေခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်ပါတယ်။
Read More

ရွှေဘိုခရိုင်အတွင်း စစ်ဆင်ရေးနယ်မြေတစ်နေရာမှာ ရေဦး PDF ရဲဘော် ၃ ဦးကျဆုံးခဲ့…

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်း စစ်ဆင်ရေးနယ်မြေ တစ်နေရာမှာ တော်လှန်ရေးရဲဘော် ၃ ယောက် ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်အမှတ် (၁၄) တပ်ရင်း - ရေဦး PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လှိုင်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်မှာ စစ်ကောင်စီရဲ့ တပ်မတော်ချည်မျှင်စက်ရုံဂိတ်နှင့် ရဲစခန်းတို့ကို လက်ပစ်ဗုံး၊ အဝေးပစ်လောင်ချာများနှင့် တိုက်ခိုက်

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်နဲ့ လှိုင်သာယာမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မတော်ချည်မျှင်နဲ့အထည်စက်ရုံဂိတ်နဲ့ မြို့မရဲစခန်းတို့ကို လက်ပစ်ဗုံး၊ အဝေးပစ်လောင်ချာ M 79 တို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army (YA)က ထုတ်ပြန်ပါတယ်။