အင်းစိန်ထောင်မှာ နိုင်ငံရေးပုဒ်မတွေနဲ့ မတရားအကျဉ်းချခံထားရသူတွေ အပါအဝင် ပြစ်မှုအမျိုးမျိုးနဲ့ ကျခံနေရတဲ့ အကျဉ်းသား အယောက် ၅၀၀ ကို နိုဝင်ဘာ ၃၀ ရက်နေ့က သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။
ဒီလို ရွှေ့ပြောင်းခံရသူတွေထဲ နိုင်ငံရေးအကျဉ်းသားတွေ အများအပြား ပါဝင်နေပြီး မိသားစုဝင်တွေအနေနဲ့လည်း ထောင်ဝင်စာ တွေ့ဖို့ အခက်အခဲတွေ ဖြစ်နေကြပါတယ်။
“အကြမ်းဖက်ပုဒ်မ ၅၀(ည)၊ ၅၀၅ ပုဒ်မ တွေနဲ့ စွပ်စွဲဖမ်းဆီးပြီး ထောင်ဒဏ် ၇နှစ်အထိ ချမှတ်ခံထားရပါတယ်။ အင်းစိန်ထောင်မှာ ၂နှစ်ကျော်ကြာ နေခဲ့ပြီး သာယာဝတီထောင်ကို ပြောင်းရွှေ့ခံလိုက်ရတာ” လို့ နိုင်ငံရေးပုဒ်မတွေနဲ့ စွပ်စွဲဖမ်းဆီးခံထားရသူရဲ့ မိသားစုဝင်က မောင်းကို ပြောပါတယ်။
“သာယာဝတီထောင်ကို ထောင်ဝင်စာလိုက်တွေ့ဖို့တော့ အခက်ခဲတွေရှိတာပေါ့။ ဒါပေမဲ့ မဖြစ်မနေ ကြိုးစားရတော့မှာပေါ့။ သူက နိုင်ငံရေးစိတ်ဝင်စားတာတော့ ဟုတ်တယ်။ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ဆက်သွယ်တယ်ဆိုတာတော့ မဟုတ်ဘဲ စွပ်စွဲဖမ်းဆီးခံထားရတာ” လို့လည်း အထက်ပါ မိသားစုဝင်က ဆိုပါတယ်။
အခု သာယာဝတီထောင်ကို ပြောင်းရွှေ့ခံလိုက်ရတဲ့ အကျဉ်းသားတွေကို တစ်လကြာမှ ထောင်ဝင်စာ တွေ့ခွင့်ပေးမယ်လို့ ထောင်အာဏာပိုင်တွေက တင်းကြပ်ထားကြောင်း ထောင်ဝင်စာတွေ့ဖို့ သွားခဲ့တဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေဟာ အကျဉ်းထောင်တွေအတွင်း အကြောင်းအမျိုးမျိုးနဲ့ ဖိနှိပ်မှုတွေ၊ နည်းလမ်းမျိုးစုံနဲ့ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ပုံစာ – သာယာဝတီအကျဉ်းထောင် (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ဘုတလင်တွင် စစ်သားများ ဗကသ ရုံးခန်းထဲ ဝင်ရောက်သတ်ဖြတ်မှုကြောင့် ဗကသ ရဲဘော်သုံးဦး ကျဆုံးခြင်း ၂ နှစ်ပြည့်အခမ်းအနား ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂက ဗကသ ရဲဘော် ၃ ယောက် ကျဆုံးခြင်း ၂ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင်လ ၂၈ ရက်က ဘုတလင်မြို့နယ်မှာ ပြုလုပ်ခဲ့တယ်‌လို့ ဗကသများအဖွဲ့ချုပ်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပဲခူးရိုးမက တိုက်ပွဲတွေမှာ စစ်တပ်က လူအင်အားအလုံးအရင်းနဲ့ အသေခံ စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်တွေ ဆုတ်ခွာနေရ…

ပဲခူးတိုင်းအနောက်ခြမ်းက ပဲခူးရိုးမပေါ်မှာ နေ့စဉ်နဲ့ အမျှ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်က အသေခံ စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်တွေက တဖြေးဖြေးချင်း ဆုတ်ခွာနေရတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ရေဖြူတံတားထိပ်က စစ်တပ်ဂိတ်ကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၄ ဦး သေ အောက်တိုဘာ ၁၃၊ ၂၀၂၄

ရေဖြူမြို့နယ်၊ ရေဖြူတံတားထိပ်တွင် စစ်ဆေးရေး လုပ်နေတဲ့စစ်တပ်ဂိတ် ကိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ မိခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ထံက သိရပါတယ်။
Read More

မုံရွာမှာ ဓားပြတိုက်၊ လူသတ်၊ ကားလုယက်သွားသူတွေကို မုံရွာ ပလဖ တစ်ရက်အတွင်း ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် နေအိမ်တစ်အိမ်မှာ ဓားပြတိုက်လူသတ်ကာ ကားလုယူသွားသူတွေကို တစ်ရက်အတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ထားပါတယ်။
Read More

KIO မှ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်နှင့် ယောတပ်တော် တွေ့ဆုံဆွေးနွေး (ဓာတ်ပုံသတင်း)

ယောဒေသမှာ အခြေပြုပြီး စစ်ရေးလှုပ်ရှားနေတဲ့ ယောတပ်တော် (YA) ရဲ့ တာဝန်ရှိသူတွေက ကချင်လွတ်လပ်ရေး အဖွဲ့ချုပ် (KIO/KIA) မှ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

လက်ဝဲ+မြင်းနီရွာမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် အသက် ၈၂ နှစ်အရွယ် အဘိုးအို ၁ ဦး သေဆုံး… သပိတ်ကျင်း၊ ကြက်ရိုးပင်ရွာမှာလည်း လေကြောင်း​တိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိ…

မန္တလေးတိုင်း၊ နွားထိုးကြီးနဲ့ သပိတ်ကျင်းမြို့နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အသက် ၈၀ ကျော်အရွယ် အဘိုးအို ၁ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၄ ယောက်အထိ ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။