မန္တလေးတိုင်း ဂေါဝန်ဆိပ်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘော ၂ စီးကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ တစ်စီးကို တည့်တည့်ထိထိမှန်ခဲ့တဲ့ ရုပ်သံဖိုင်ကို ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့မှ ထုတ်ပြန်ထားပါတယ်။

ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ဟာ နိုဝင်ဘာအတွင်း မတ္တရာမြို့နယ် အနောက်ခြမ်းကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်အထိုင်ချနေရာ၊ မတ္တရာမြို့နယ် ဆင်ကျွန်းကျေးရွာစာသင်ကျောင်းမှာ ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေရဲ့ နေရာ၊ စစ်ကိုင်းမြို့နယ် မင်းကွန်းမြသိန်းတန်ဘုရားမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူ စောထီးတွေနဲ့ ဆားတောင်ရဲစခန်းတွေကိုတွေကို ဒရုန်းနဲ့ ဗုံးသီး အလုံး ၂၀ ‌ကျော် အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ သတင်းပေးဒလန် ၁ ယောက်ကိုလည်း ရှင်းလင်းခဲ့တယ် လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ယင်းမာပင်ခရိုင် တပ်ရင်း ၉ ရဲ့ နောက်ချန်ရဲဘော်တွေ တစ်နေ့တာလှုပ်ရှားမှုများ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ တပ်ရင်း ၉ စစ်ကြောင်းဖြစ်တဲ့ Idiots Column တပ်ဖွဲ့ရဲ့ နောက်ချန် ရဲဘော်တွေ တစ်နေ့တာ လုပ်ဆောင်နေတဲ့ လှုပ်ရှားမှုတွေကို ထုတ်ပြန် ဖော်ပြလိုက်ပါတယ်။
Read More

ကျောင်းသားလက်ရုံးတပ်တော် နဲ့ စစ်ကောင်စီတပ်တို့အကြား ၂ လတာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၃၀ ခန့် ထိခိုက် သေဆုံးခဲ့ (ရုပ်/သံ)

မကွေးတိုင်း ငဖဲမြို့နယ်၊ နတ်ရေကန်စခန်းအနီးနဲ့ မင်းလှမြို့နယ် ပုသိမ်-မုံရွာ အဝေးပြေးလမ်းမပေါ်က ကန်တုပ်စခန်းအနီးဝန်းကျင်မှာ ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) နဲ့  စစ်ကောင်စီတပ်တို့ ကာလရှည်တိုက်ပွဲများ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ဆိပ်ဖြူမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးသီး အလုံး ၅၀ ကြဲချပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အတွင်းရှိ အထမ္မကောက်ကျေးရွာနဲ့ တပေါင်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်း၊ လက်ဆည်ကျေးရွာရဲစခန်းတွေကို ဒီဇင်ဘာ ၂၇ ရက်က ဒရုန်းနဲ့ ဗုံးသီး အလုံး ၅၀ ကြဲချပြီး ရော့ကတ်တွေ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မိုးကုတ်မြို့ လူနေရပ်ကွက်အတွင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၀ ယောက်ထက်မနည်းသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း မိုးကုတ်မြို့လူနေရပ်ကွက်အတွင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စဉ့်ကူးမြို့နယ်တောင်ပိုင်းတိုက်ပွဲမှာ ပုသိမ်ကြီးမြို့နယ် ပကဖရဲဘော် ၁ ဦးကျဆုံး (ရုပ်/သံ)

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် တောင်ပိုင်းမှာ ဒီဇင်ဘာလ ၂ ရက်နေ့က အကြမ်းဖက်စစ်တပ်ကို ခုခံတော်လှန်ရေး ပုသိမ်ကြီးမြို့နယ် ပကဖရဲဘော် ၁ ဦးကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ''ရန်သူ အကြမ်းဖက် စစ်တပ်ကို အပြုံးနဲ့ ရင်ဆိုင် ၊ တော်လှန်ရေး အတွက် အသက် ပေးလှူ သွားတဲ့ ညီလေးရေ .. မင်း တာဝန် ကျေပါတယ်ကွာ''ဟု ကျဆုံးရဲဘော်ရဲ့ နာရေးစျာပနရုပ်သံတကွ ပုသိမ်ကြီးမြို့နယ် ပကဖ ထုတ်ပြန်ခဲ့ပါတယ်။
Read More

မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲပြီး ပြန်လာတဲ့ PLA ရဲဘော်တွေကို အညာမြေလူထု အကအလှတွေနဲ့ သောင်းသောင်းဖြဖြကြိုဆို (ရုပ်/သံ)

၁၀၂၇ စစ်ဆင်ရေးမှာ မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲပြီး အညာမြေ ပြန်လာတဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA ရဲဘော်တွေကို အမှတ် ၁ စစ်ဒေသ တစ်နေရာမှာ ပြည်သူတွေက အကအလှတွေနဲ့ သောင်းသောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။