ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ ထန်တလန်မြို့အနီးက သီမြစ်လွင်ပြင်ဒေသမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ၄ခုကို ချင်းပြည်ကောင်စီပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ အဲဒီ တပ်စခန်း ၄ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
နိုဝင်ဘာလ ၃၀ ရက်နေ့ မနက်၉ နာရီဝန်းကျင်မှာ ဟာခါးမြို့အနီးက Ruavazung စခန်းကို အရင်ဦးဆုံး သိမ်းပိုက်ရရှိခဲ့ပြီး စစ်သား ၁၉ ယောက်ကို အရှင်ဖမ်းဆီးရမိကာ စစ်တပ်ရဲ့ အရာရှိ ၂ယောက်၊ ရဲမှူး ၁ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၁၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ဟားခါး-ထန်တလန်ကြား သီမြစ်လွင်ပြင်ဒေသမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ Umpu Puaknak စခန်းကို ထပ်မံသိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးကာ သေနတ် ၁၂ လက်နဲ့ ခဲယမ်းအမြောက်အမြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
သိမ်းပိုက်နိုင်ခဲ့တဲ့ တပ်စခန်း ၄ ခုဟာ သီမြစ်စခန်း၊ Umpu Puaknak စခန်း၊ Ruavazung စခန်းနဲ့ Nawn Thlawk Bo စခန်းတို့ ဖြစ်ပြီး စစ်တပ်ရဲ့ လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေ အပါအဝင် သေနတ်၊ ခဲယမ်းနဲ့ ဒရုန်းတွေကိုပါ သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဟားခါး-ထန်တလန်မြို့ကြားက မြန်မာစစ်တပ်စခန်းတွေကို ချင်းပြည်ကောင်စီ တော်လှန်ရေးပူးပေါင်းတပ်တွေက နိုဝင်ဘာ ၂၂ ရက်ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး အဲဒီစစ်ဆင်ရေးကို “Jericho” စစ်ဆင်ရေးလို့ နာမည်ပေးထားကြောင်း သိရပါတယ်။
0 Shares:
You May Also Like
Read More

လောင်းလုံးမြို့ပေါ် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်ကို သွားရောက်တိုက်ခိုက်၊ စစ်တပ်က ၂ ဦး သေပြီး ၇ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်က ၂ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်မြို့ကို စစ်တပ် ပေါင် ၂၅၀ ဗုံး ၂ လုံး ထပ်မံကြဲချ၊ အိမ် ၅ လုံး ပျက်စီးကာ အမျိုးသမီး ၁ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို အကြမ်းဖက်စစ်ကော်မရှင်က ဒီမနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၅ လုံး ပျက်စီးပြီး အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
Read More

ဖယ်ခုံတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ၈နှစ်အရွယ် ကလေးငယ်များ အပါအဝင် စစ်ရှောင် ၈ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက်၈နှစ်အောက် ကလေးငယ်တွေ အပါအဝင် စစ်ရှောင် ၈ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ PDF-အမှတ်(၁)ဗျူဟာ သတင်းနှင့်​ပြန်ကြားရေးတာဝန်ခံက မောင်းကိုပြောပါတယ်။
Read More

ပခုက္ကူခရိုင်အတွင်း စစ်ရေးဖော်ဆောင်မှုများအတွက် အညာမြေတပ်ပေါင်းစု Drone Team ဖွဲ့စည်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်အခြေစိုက် အညာမြေတပ်ပေါင်းစုက နည်းပညာရှင် လူငယ်တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ အညာမြေတပ်ပေါင်းစု Drone Team ကို ဖွဲ့စည်းပြီးဖြစ်ကြောင်း ဒီနေ့ (စက်တင်ဘာလ ၂ရက်) မှာ ထုတ်ပြန်လာပါတယ်။
Read More

ရန်ကုန်-မန္တလေး အမှတ် (၁) လမ်းပိုင်းနှင့် ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ကာကင်းစခန်းများ တိုက်ခိုက်ခံရ၊ အကြမ်းဖက်စစ် တပ်ဘက်က ၈ ဦး သေဆုံး ၊ ၂ ဦး ဒဏ်ရာ ပြင်းထန်

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်နဲ့ ရန်ကုန်-မန္တလေး အမှတ် (၁) လမ်းပိုင်းက အကြမ်းဖက် ကာကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ယောက် သေဆုံးပြီး သေနတ် ၃ လက်နဲ့ ခဲယမ်းတွေသိမ်းဆည်း ရမိခဲ့တယ်လို့ သရက်ခရိုင်ကွပ်ကဲရေးရုံးက ထုတ်ပြန်ပါတယ်။
Read More

ကောလင်းမှာ စစ်ကောင်စီတပ် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကောလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။