တအာင်းတပ်မတော် TNLA ထိန်းချုပ်စိုးမိုးရာ နယ်မြေမှာ နိုဝင်ဘာလ (၁)လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၃၈) ယောက် သေဆုံးပြီး အယောက် (၇၀) ဒဏ်ရာရရှိကာ နေအိမ် (၁၃၀)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုကြောင့် ဒေသခံ (၁၆) ယောက် သေဆုံးပြီး ဦးဇင်း (၂)ပါး အပါအဝင် ဒေသခံ (၂၅) ယောက် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၅၇)လုံးနဲ့ ကား(၈)စီး ပျက်စီးဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။
မိုးကုတ်မြို့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းမှာလည်း စစ်ကောင်စီတပ်က ဂျက်ဖိုတ်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၉) ယောက် သေဆုံးပြီး ကလေးငယ် တစ်ယောက် အပါအဝင် (၁၃) ယောက် ဒဏ်ရာရကာ နေအိမ် (၁၀)လုံး ပျက်စီးခဲ့တယ်လို့ TNLA က ဆိုပါတယ်။
မိုင်းငေါ့မြို့က မန်လုံရပ်ကွက်မှာလည်း စစ်ကောင်စီတပ်က ပေါင်(၃၀၀)ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ (၅) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂၂)လုံး ထိခိုက်ပျက်စီး ဆုံးရှုံးသွားခဲ့တဲ့အပြင် ကွတ်ခိုင်မြို့ ရပ်ကွက်(၄)မှာလည်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၃) ယောက် သေဆုံးပြီး ကလေးငယ်အပါအဝင် (၇) ယောက် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၁၆)လုံး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၃၀ ရက် ညပိုင်းကလည်း ကျောက်မဲမြို့၊ အင်ကြင်းတောင်ရပ်ကွက်မှာ စစ်ကောင်စီတပ်က လေကြောင်းကတဆင့် ပေါင်(၅၀၀)ဗုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ (၁၀) ယောက် သေဆုံးပြီး အယောက် (၂၀) ဒဏ်ရာရရှိကာ နေအိမ်(၂၅)လုံးကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ လေကြောင်းအသုံးပြုပြီး နေ့စဥ် ပြည်သူတွေကို ဦးတည်ကာ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် လူထိခိုက်သေဆုံးမှုတွေရှိတဲ့အပြင် ပြည်သူပိုင်ကား၊ နေအိမ်နဲ့ စျေးဆိုင်ခန်းအများအပြားလည်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ကချင်ပြည်နယ်ရှေ့တန်းစစ်မြေပြင်မှာ ဗမာ့တပ်တော်မှ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

ကချင်ပြည်နယ်ရှေ့တန်းစစ်ဆင်ရေးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့အတူ စစ်ဆင်ရေးတာဝန်တွေ ထမ်းဆောင်ရင်း ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့ မိခင်တပ်ဖွဲ့ဖြစ်တဲ့ ဗမာ့တပ်တော်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

တောင်သာမြို့ပေါ်ရှိ မြေစာရင်းရုံး၊ အခွန်ရုံး၊ အမှတ် ၂ ရပ်ကွက်နှင့် ဇဂျမ်းစစ်ကောင်စီဂိတ်တို့ကို ဝင်ရောက်စီးနင်းတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့ပေါ်ရှိ စစ်ကောင်စီရဲ့ မြေစာရင်းရုံး၊ အခွန်ရုံး၊ အမှတ်(၂)ရပ်ကွက်နဲ့ တောင်သာမြို့ အနောက်ဘက်အထွက်ရှိ ဇဂျမ်းဂိတ်စခန်းတို့ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုင်းထောင်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး YOMA (GBK) PDF တပ်ဖွဲ့ တပ်စုမှူး ရဲဘော်ကြယ်ကြီးနှင့် ရဲဘော်ရှိုင်းလေးတို့ ကျဆုံးခဲ့ရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ မိုင်း Error (ချို့ယွင်းချက်)ဖြစ်ပြီး ပေါက်ကွဲမှုအတွင်း သေဆုံးသွားတဲ့ YOMA (GBK) PDF တပ်ဖွဲ့ရဲ့ တပ်စုမှူးရဲဘော် ကြယ်ကြီးနဲ့ ရဲဘော် ရှိုင်းလေးတို့ကို အစဥ်အောက်မေ့ သတိရနေမယ်လို့ သာယာဝတီခရိုင် တပ်ရင်း(၁) တပ်ခွဲ(၁)က သတင်းထုတ်ပြန် ထားပါတယ်။
Read More

စစ်ကောင်စီ လက်အောက်ကနေ အမာခံသတင်းပေးလိုတဲ့ ဖရဲသီးများကို ပြည်သူ့ရင်ခွင်က ဖိတ်ခေါ်နေ

စစ်တပ်အတွင်း အခြေအနေအမျိုးမျိုးကြောင့် CDM လုပ်ဖို့ ခက်ခဲနေသူတွေကိုလည်း PreCDM (ဖရဲသီး)များ အဖြစ် ကြိုတင်စာရင်းပေးထားနိုင်သလို အသက်အန္တရာယ် စိုးရိမ်ရသူများကိုလည်း ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးမှုများလည်း ပြုလုပ်ပေးနေကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

KNDF တပ်ရင်းအမှတ် (၃) နှင့် တပ်ရင်းအမှတ် (၃၁) ရှိ တပ်သားများနှင့် မိသားစုဝင်များ တွေ့ဆုံခြင်းအခမ်းအနား

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊ တပ်ရင်းအမှတ် (၃) နဲ့ တပ်ရင်းအမှတ် (၃၁) ရှိ တပ်သားတွေနဲ့ မိသားစုဝင်တွေ တွေ့ဆုံခြင်းအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မတ္တရာမြို့နယ်မှာ မြို့နယ်ပကဖ က ကာကွယ်ရေးဝန်ကြီးဌာနထုတ် စစ်သတင်းလွှာများကို ဖြန့်ဝေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အပတ်စဥ် ထုတ်ဝေတဲ့ စစ်သတင်းလွှာတွေ ဖြန့်ဝေပေးခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။