မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျောက်ထုမြို့က ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ၄ ရက်တာ တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ယောက်အပါအဝင် စစ်သား ၂၄ ယောက် သေဆုံးပြီး ၁ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ Yaw Army – YA တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းမှာ ထီးလင်းမြို့ကနေ စတင် ထွက်ခွာလာတဲ့ အင်အား ၈၀ ကျော်ရှိ အကြမ်းဖက်စစ်ကြောင်းက နိုဝင်ဘာ ၂၀ ရက် မနက်ပိုင်းမှာ ယောတပ်တော် – YA ရဲ့ လှုပ်ရှားစစ်ကြောင်း ၂ တပ်ဖြန့်ထားတဲ့နေရာကို လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်ပြီး စတင်ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့တာကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က Mi-35 ချေမှုန်းရေး ရဟတ်ယာဥ်တွေနဲ့ပါ လေကြောင်း ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။
ယောတပ်တော် – YA အပါ မဟာမိတ်တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ပူးပေါင်း တပ်ဖွဲ့ရဲ့ တိုက်ခိုက်ရေး Drone တွေ၊ ဒေသခံပကဖ တပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ယော တပ်တော်ကို ကူညီအားဖြည့်ပေးခဲ့တာကြောင့် နိုဝင်ဘာလ ၂၀ ရက်ညပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့သလို အကြမ်းဖက်စစ်တပ်က အများအပြား ထိခိုက်သေဆုံးကာ ထီးလင်းမြို့တွင်း ပြန်လည် ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၂၆ ရက် မွန်းလွဲပိုင်းကလည်း ကျောက်ထုမြို့ အမြောက်တပ်၊ အမတ ၃၆၈ တပ်ဝန်းအနီး ၁ ကီလိုမီတာ အကွာမှာ ယောတပ်တော် (YA) လှုပ်ရှားစစ်ကြောင်း ၄ နဲ့ကျောက်ထု အမတ ၃၆၈ က ထွက်လာတဲ့ အင်အား ၃၀ ခန့်ပါ ရှေ့ပြေးစစ်ကြောင်းနဲ့ အနီးကပ် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ ညနေပိုင်းအထိ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကလည်း ထိခိုက်သေဆုံးမှုများပြားသလို ယောတပ်တော် – YA ကလည်း ရဲဘော်တစ်ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် နိုဝင်ဘာလ ၂၇ ရက် မနက်ပိုင်းမှာလည်း ကျောက်ထုမြို့ ၊ အမတ ၃၆၈ တပ်က ထပ်မံ အင်အားဖြည့်တင်းပြီး ယောတပ်တော် – YA အခြေပြုရာနေရာကို ထပ်မံ စစ်ကြောင်းထိုးလာခဲ့တာကြောင့် လက်ဦးမှုရယူတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကြောင်းအထိနာခဲ့ပြီး လေကြောင်းပစ်ကူ ၆ ကြိမ်အထိ တိုက်ခိုက်ခဲ့သလို ၂၃ နာရီ ကြာမြင့်ခဲ့တဲ့ အဲ့ဒီတိုက်ပွဲမှာတော့ လေ​ကြောင်းပစ်ကူ တိုက်ခိုက်နေတဲ့ကြားက ယောတပ်တော် – YA တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ တိုက်ပွဲဝင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၂၈ ရက် မနက်ပိုင်းမှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ပြန်လည် ဆုတ်ခွာသွားချိန် တိုက်ပွဲဖြစ်ပွားရာနေရာကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ရာ အကြမ်းဖက် စစ်သား အလောင်း ၂ လောင်း၊ MA-1 အမျိုးအစား သေနတ် ၂ လက် ၊ ခဲယမ်းနဲ့ စစ်အသုံးအဆောင် ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၂၈ ရက် မနက်ပိုင်းမှာပဲ ထီးလင်းမြို့၊ ရွှေထီးခန်းမကနေ အင်အား ၈၀ ခန့်နဲ့ အနီးအနားကျေးရွာတွေကို လုယက်ဖျက်ဆီးဖို့ ထွက်လာတဲ့ တပ်မ ၇၇၊ တပ်ရင်း ၁၀၇ ပူး ပေါင်း စစ်ကြောင်းကို ယောတပ်တော်- YA လှုပ်ရှားစစ်ကြောင်း ၃ က လက်ဦးမှု ရယူပြီး ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတွေ အထိနာပြီး မွန်းလွဲပိုင်းမှာတော့ ထီးလင်းမြို့ တွင်းကို ပြန်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
၅ နာရီခွဲခန့်ကြာမြင့်ခဲ့တဲ့ အဲ့ဒီတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က Mi 35 ချေမှုန်းရေး ရဟတ်ယာဉ်နဲ့ လေကြောင်းပစ်ကူပေးကာ အဲ့ဒီတပ်တွေကို ဆွဲထုတ်သွားခဲ့သလို တိုက်ပွဲပြင်းထန်‌နေချိန် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ဒရုန်းတပ်ဖွဲ့ကလည်း လာရောက်ပူးပေါင်းခဲ့တာကြောင့် ဟန်ချက်ညီညီ တိုက်ပွဲဖေါ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲတွေအတွင်း စစ်ကြောင်းမှူး အရာရှိ ဗိုလ်ကြီး တစ်ယောက် အပါအဝင် အကြမ်းဖက်စစ်သား အ လောင်း ၈ လောင်း၊ စစ်သုံ့ပန်း ၁ ယောက်၊ MA 1 အမျိုးအစား သေနတ် ၁ လက်၊ ကာဘိုင် ၂ လက်၊ အခြား ကျည်နဲ့ ခဲယမ်းတွေ၊ စစ်အသုံးအဆောင်တွေနဲ့ ရေဒီယိုစက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်း ယောတပ်တော် -YA က ရဲဘော် ၂ ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပူးပေါင်းလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ရဲဘော် ၁ ယောက် အသက်ပေးဆပ်ခဲ့ရသလို တိုက်ပွဲတွေအတွင်း ဒဏ်ရာရရှိတဲ့ အကြမ်းဖက်စစ်သား ၅ ယောက်လည်း ထပ်မံသေဆုံးပြီး ဒဏ်ရာရရှိသူ စစ်သား ၁၀ ယောက် ဆေးကုသနေရတယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲတွေမှာ ယောတပ်တော်က မဟာမိတ် ချင်းညီနောင် – CB ၊ ယောကာကွယ်ရေးတပ် – YDF တို့နဲ့ ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်ခဲ့တာဖြစ်သလို နီးစပ်ရာ ဒေသခံကာကွယ် ရေးတပ်ဖွဲ့တွေ၊ ခရိုင်တပ်ရင်းတွေနဲ့ Drone တပ်ဖွဲ့တွေလည်း ပူးပေါင်းကာ ဟန်ချက်ညီညီ တိုက်ပွဲဝင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

စစ်အုပ်စု၏ ဒရုန်းဗုံးသီးကြောင့် ပခုက္ကူခရိုင် အမှတ် ၁၃ တပ်ရင်းမှ တပ်စုတပ်ကြပ်ကြီး ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် အမှတ် ၁၃ တပ်ရင်းက တပ်စုတပ်ကြပ်ကြီး တစ်ယောက်ဟာ အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်လိုက်တဲ့ ဒရုန်းဗုံးသီးထိမှန်ပြီး ကျဆုံးသွားတယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၃ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ဆောမှာ စစ်ရှောင်စခန်းတစ်ခုက သားအမိနှစ်ယောက် တောင်ကျချောင်းရေနဲ့အတူ မျောပါသေဆုံး၊ရေတိုက်စားသွားလို့ ပိတ်ထားရတဲ့လမ်းပိုင်းကို တစ်ရက်တည်း ဝိုင်းဝန်းပြုပြင်ခဲ့ကြ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်မှာ တောင်ကျချောင်း​ရေထိုးကျပြီး စစ်ရှောင်စခန်းနေ သားအမိ ၂ယောက် ရေထဲမျောပါသေဆုံးခဲ့သလို လက်ရှိမှာ ကလေးအလောင်းကိုသာ ပြန်လည်ရှာတွေ့ထားတယ်လို့ ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။
Read More

မင်းကွန်းရဲစခန်းကို ရာထူးတိုး ပြောင်းလာသည့် ၂ ပွင့် ရဲအရာရှိ ၁ ဦး ပစ်ခတ်ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း၊ မင်းကွန်းမြို့မှာ ရာထူးတိုးနဲ့ ပြောင်းရွှေ့လာတဲ့ ၂ ပွင့်နဲ့ ရဲအရာရှိ ၁ ယောက် မင်းကွန်းရွာအတွင်း ပစ်သတ်ခံရကာ နေရာတင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရပါတယ်။
Read More

စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ရေစကြိုစစ်အုပ်စုများ လက်နက်ကြီးပစ်ခတ်မှုနှင့် လူဖမ်းဆီးမှု ဆိုးဆိုးဝါးဝါး လုပ်ဆောင်လာ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်အုပ်ချုပ်ရေးအရေးပေါ် မြို့နယ်အဖြစ် ထုတ်ပြန်ခံရပြီးချိန်ကစလို့ အရပ်သားဖမ်းဆီးမှုတွေနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ တကျော့ပြန် ဆိုးဝါးလာကြောင်း Yesagyo Township Info Committee တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

နွားထိုးကြီး PDF က မြေပြင်မှာ လိုက်နာစောင့်ထိန်းရမယ့် စည်းကမ်းချက်များကို ထုတ်ပြန်

မြင်းခြံခရိုင်၊ အမှတ် (၄-၁၀) တပ်ရင်း၊ နွားထိုးကြီး PDF က တပ်ဖွဲ့ဝင်များ မြေပြင်မှာ လိုက်နာစောင့်ထိန်းရမယ့် စည်းကမ်းချက်တွေကို အသိပေးထုတ်ပြန်လိုက်ပြီး တပ်ဖွဲ့ဝင်များအားလုံး မဖြစ်မနေလိုက်နာရမှာဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။
Read More

ရေဖြူအခြေစိုက် ခလရ (၄၀၇) က စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ ဦး ဇနီးဖြစ်သူနဲ့အတူ တော်လှန်ရေးတပ်ဖွဲ့ဆီ အလင်းဝင် (ဓာတ်ပုံသတင်း)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၄၀၇) က စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ယောက်က ဇနီးဖြစ်သူနဲ့ အတူ အလင်းဝင်လာတယ်လို့ ချိုးဖြူပြောက်ကျားတပ်ဖွဲ့ - Dove Guerrilla Force က ဒီနေ့ ထုတ်ပြန်ပါတယ်။