စစ်ကောင်စီရေတပ်က ထိုင်းပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ပြီး ထိုင်းငါးဖမ်းလှေတွေကို တိုက်ခိုက်တာဆိုရင် ထိုင်းရေတပ်အနေနဲ့ လက်တုံ့ပြန်ဖို့ အသင့်ရှိကြောင်း ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Jirapol Wongwit က ဒီဇင်ဘာ ၁ ရက်နေ့မှာ ပြောပါတယ်။
ရနောင်းခရိုင် ရေပြင်မှာ စစ်ကောင်စီရေတပ် ကင်းလှည့်ယာဉ်တွေက ထိုင်းငါးဖမ်းသင်္ဘောအုပ်စုကို တိုက်ခိုက်ခဲ့ပြီးနောက် လှေနဲ့ သင်္ဘောသား ၃၁ ယောက်ကို စနေနေ့က ဖမ်းဆီးခဲ့တာကြောင့် အခု လိုပြောဆိုခဲ့တာပါ။
ထိုင်းဘုရင့်ရေတပ်အနေနဲ့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မြန်မာဘက်ကို မေးမြန်းရမှာဖြစ်ကြောင်း၊ တိုက်ခိုက်မှုက အတိအကျ ဘယ်နေရာမှာ ဖြစ်ပွားခဲ့လဲ၊ အလွန်အကျွံ တိုက်ခိုက်မှုလား ဆိုတာကို ဆုံးဖြတ်မှာဖြစ်ပြီး တကယ်လို့ ထိုင်းစက်လှေတွေက ထိုင်းရေပိုင်နက်မှာပဲ ငါးဖမ်းရင်း တိုက်ခိုက်ခံခဲ့ရတာဆိုရင် ထိုင်းရေတပ်က အဲဒီအတိုင်းပြန်လုပ်မယ်လို့ ရေတပ်ဗိုလ်ချုပ်ကြီး Jirapol က ဆိုပါတယ်။
တနင်္ဂနွေနေ့က ချင်းရိုင်ကို အစိုးရအဖွဲ့ လာရောက်လည်ပတ်စဉ်အတွင်း ထိုင်း၀န်ကြီးချုပ် Paetongtarn Shinawatra က အစိုးရအနေနဲ့ အကြမ်းဖက်မှုကို ဆန့်ကျင်ပြီး ဖြစ်ရပ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုရလဒ်ကို စောင့်ဆိုင်းနေကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာရေတပ်ရဲ့ ပစ်ခတ်ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် အခုလို အကြမ်းဖက်တာမျိုးကို မထောက်ခံဘူးလို့ ထိုင်းဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။
ထိုင်း-မြန်မာ နယ်ခြားကော်မတီကလည်း စစ်ကောင်စီရေတပ်ရဲ့ တိုက်ခိုက်မှုကို ကန့်ကွက်တဲ့အနေနဲ့ ဖမ်းဆီးထားတဲ့ လှေနဲ့ ထိုင်းသင်္ဘောသားတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က ပြောပါတယ်။
ဒီကိစ္စကို ဆွေးနွေးဖို့နဲ့ ထိုင်းသင်္ဘောသားတွေကို တနင်္လာနေ့မှာ ပြန်လွတ်စေဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကို ဆင့်ခေါ်မယ်လို့ ထိုင်းနိုင်ငံခြားရေး ၀န်ကြီး Maris Sangiampongsa က ပြောပါတယ်။
ပြီးခဲ့တဲ့စနေနေ့က စစ်ကောင်စီရေတပ်ရဲ့ ထိုင်းငါးဖမ်းစက်လှေတွေကို တိုက်ခိုက်မှုအတွင်း သင်္ဘောသား ၃၁ ယောက် ဖမ်းဆီးခံခဲ့ရပြီး ထိုင်း ၄ ယောက်နဲ့ မြန်မာ ၂၇ ယောက် ပါဝင်တာဖြစ်ပါတယ်။ ငါးဖမ်းလှေနဲ့ သင်္ဘောသားတွေကို စစ်ကောင်စီရေတပ်အခြေစိုက်ရာ ဇဒတ်ကြီးကျွန်းကို ခေါ်ဆောင်သွားကြောင်း သတင်းတွေမှာ ဖော်ပြပါတယ်။
ထိုင်းသင်္ဘောသားတွေကို ရက်ပိုင်းအတွင်း ပြန်လွှတ်ပေးဖို့ မျှော်လင့်ထားကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် Thanathip က ပြောပါတယ်။
မျက်မြင်သက်သေတွေရဲ့အဆိုအရ တိုက်ခိုက်မှုဖြစ်စဉ်ဟာ စနေနေ့ မနက် ၁း၁၅ ခန့် ရနောင်းမြို့ ကော့ဖရမ်ကမ်းရိုးတန်းနဲ့ ရေမိုင် ၁၂မိုင်အကွာမှာ ဖြစ်ပွားခဲ့ပြီး မြန်မာအလံတင် သင်္ဘောအများအပြားနဲ့ ထိုင်းငါးဖမ်းလှေ ၁၅ စင်းတို့ ပါဝင်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြထားပါတယ်။
News- ThaiPBS/ BangkokPost
0 Shares:
You May Also Like
Read More

မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီ ဗုံးသီးအလုံးရေ ၇၀ နီးပါး ကြဲချတိုက်ခိုက်

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၆ ရက်နေ့မှာ ဗုံးသီးအလုံးရေ ၇ဝ လောက် ကြဲချပြီး တိုက်ခိုက်သွားတယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

မြို့သာမြို့လယ်ခေါင် ဆက်ကြေးကောက်သည့် အကြမ်းဖက်စစ်သားများ ပစ်ခတ်ခံရပြီး ၃ ဦး သေ၊ ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့လယ်ခေါင်မှာ ဆက်ကြေးကောက်ငွေညှစ်ဖို့ လုပ်နေတဲ့ စစ်အုပ်စုတွေ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃ ယောက် သေ၊ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Special Task Force Ngazun က ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူကိုသတ်သည့် စစ်တပ် လက်ကိုင်တုတ် ကြံ့ခိုင်ရေးက အတွေ့အကြုံမရှိသူများ လက်ထဲတွင် ပြည်သူ့အနာဂတ် ပွန်းပဲ့ခံလို့မဖြစ်ဘူးဟုပြောကာ မဲဆွယ်

အာဏာသိမ်း စစ်ဗိုလ်ချုပ်အများအပြားနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက သူတို့ပါတီဟာ အတိတ်သမိုင်းကောင်းတွေ ရှိခဲ့ပြီး ပါတီနောက်မှာ ခိုင်မာတဲ့အဖွဲ့အစည်းရှိတယ်လို့ ပြောဆို မဲဆွယ်ခဲ့ပါတယ်။
Read More

ရစ်ချ်တာစကေး ၈ အထက် ခံနိုင်သည့် အဆောက်အအုံများ ဆောက်ကြဖို့ မင်းအောင်လှိုင် မှာကြား

အထပ်မြင့် အဆောက်အဦးတွေမှာ  ရစ်ချ်တာစကေး ၈ အထက် ခံနိုင်ရည်ရှိတဲ့ အဆောက်အအုံတွေ ဆောက်လုပ်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 
Read More

ဟင်္သာတမြို့ အခြေစိုက် ခလရ ၁၈ အနီး ပစ်ထားတာ ကြာပြီဖြစ်တဲ့ လေယာဉ််ကွင်းကို စစ်ကောင်စီ အလျင်စလို ပြုပြင်နေ

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၁၈ ခြေလျင်တပ်ရင်း (ခလရ ၁၈) အနီးက လေယာဉ်ကွင်းကို စစ်တပ်က အလျင်စလို ပြုပြင်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

တော်လှန်ရေးတပ်များ ထိန်းချုပ်ထားပြီဖြစ်သည့် မင်းတပ်မြို့မှာ ပြန်လည်နေထိုင်မယ့် ပြည်သူများ ဘေးအန္တရာယ်ကင်းစေရန် ခွေးနှင့်ကြောင်များကို ကာကွယ်ဆေးထိုးပေး

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို တော်လှန်ရေးတပ်တွေ အလုံးစုံထိန်းချုပ်ပြီးတဲ့နောက် ပြန်လည်နေထိုင်ကြမယ့် ပြည်သူတွေ ဘေးအန္တရာယ်ကင်းစေဖို့ ခွေးနဲ့ ကြောင်တွေကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကာကွယ်ဆေးထိုးနှံပေးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။