စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နဲ့ လူ့အခွင့်ရေးရာတာ၀န်ခံတို့ ဦးဆောင်ပြီး ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ (၁) ရက် မနေ့က ပြုလုပ်ခဲ့တဲ့ အဲ့ဒီလူထုလှုပ်ရှားမှုမှာ “လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ” ခေါင်းစဉ်နဲ့ လူ့အခွင့်အရေးဆိုင်ရာ ဟောပြောပွဲ ၊ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီ ဝေငှခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

စီးပွားရေးလုပ်ငန်းတွေမှာ ဆိုလာအသုံးပြုတဲ့ အလေ့အကျင့်ရှိဖို့ လိုပြီလို့ မီးမှန်မှန် မပေးနိုင်တဲ့ စစ်ကောင်စီရဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်း ပြော

စီးပွားရေးလုပ်ငန်းတွေမှာ ဆိုလာစနစ် အသုံးပြုတဲ့ အလေ့အကျင့်ကို လုပ်ကြဖို့ စစ်အာဏာသိမ်း ဒုခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။  
Read More

အလုပ်သမားရှားပါးမှုပြဿနာ ရှိလာတာကြောင့် ဘ၀လုံခြုံမှုရှိသည့် ပြည်တွင်းမှာ အလုပ်လုပ်ကြရန် မင်းအောင်လှိုင် ပြော

မြန်မာနိုင်ငံအတွင်း အလုပ်သမားရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်နေရတာကြောင့် ပြည်သူတွေအနေနဲ့ ဘ၀လုံခြုံမှုရှိတဲ့ ပြည်တွင်းမှာ အလုပ်လုပ်ဖို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မေလ ၁ ရက် ဒီနေ့ ထုတ်ပြန်တဲ့ အလုပ်သမားနေ့ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုလိုက်ပါတယ်။
Read More

ဆက်ကြေးကောက် ငွေညှစ်ဖို့ထွက်လာသည့် စစ်သားများ ကင်းပုန်းဝပ်တိုက်ခိုက်ခံရပြီး ၃ ဦး သေ၊ သေနတ်၂ လက်နှင့် ပစ္စည်းတချို့ ပြောက်ကျားတပ်ဖွဲ့ရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်မှာ အရပ်သားတွေဆီက ဆက်ကြေးကောက်ငွေညှစ်ဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စောင့်ကြိုတိုက်ခိုက်ရာမှာ စစ်သား ၃ ယောက် သေဆုံးပြီး သေနတ် ၂ လက်နဲ့ ပစ္စည်း တချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့-မြင်းခြံမြို့နယ်က သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီကြောင့် နေအိမ်ပျက်စီးဆုံးရှုံးခဲ့ရသည့် စစ်ဘေးရှောင်များကို စလင်း ပကဖ သွားရောက်ကူညီ

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီကြောင့် နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က သွားရောက်ကူညီ ထောက်ပံ့မှုတွေ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
Read More

ကန့်ကွက်ဝေဖန်မှုတွေများခဲ့တဲ့ ဒေသန္တရတားမြစ်ချက်ဥပဒေကို ကျောတိုက်နယ် ပအဖ ပြန်လည် ပယ်ဖျက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်မှာ ကြားကာလ ဒေသန္တရ အုပ်ချုပ်ရေးဗဟိုကော်မတီက ထုတ်ပြန်ခဲ့တဲ့ ဒေသန္တရတားမြစ်ချက်တွေနဲ့ပတ်သက်ပြီး အရပ်သားပြည်သူတွေ နားလည်မှုလွဲသွားတာကြောင့် ထုတ်ပြန်ချက်တွေကို ပြန်လည် ပယ်ဖျက်လိုက်တယ်လို့ ကျောတိုက်နယ် ပအဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ညောင်ရွှေမြို့နယ်မှာ အင်အားရာချီသည့် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် စစ်ကြောင်းထိုး မီးရှို့နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှာ အင်အား ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ် ပူးပေါင်းတပ် စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၀၀၉) တပ်ရင်း - အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။