စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ညောင်ဖြူပင်ရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ ‌တောပုပျူစခန်းမှ ပျူစောထီးတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သံမဏိတပ်ခွဲ ၃ Force – MPDF ထံက သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ တောပုပျူစခန်းမှ ပျူစောထီးတွေဟာ ညောင်ပင်ဖြူပင်ရွာ အရပ် သားပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်နေတဲ့ သတင်းအရ တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲ ၁ ယောက်ကာ ၁ ယောက် ပေါင်ကျည်မှန်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်

အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း-(၂၅)သံမဏိတပ်ခွဲ (၃) Force -Mpdf နဲ့အတူ မုံရွာခရိုင်တပ်ရင်း (၂၃)၊ မုံရွာခရိုင်တပ်ရင်း (၂၈) ၊ CHU ၊ BLDF အဖွဲ့တွေက ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ကြတယ် လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဒီပဲယင်းမြို့နယ် အထကကျောင်းထဲ စုဝေးနေတဲ့ စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ ဗုံးသီးတွေကြဲ ချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်  အထကကျောင်းထဲ စုဝေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်န ဝါရီ ၂၈ ရက်က ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force (FRF)  အဖွဲ့ထံက သိရပါတယ်။
Read More

အမ်းမြို့ကို စစ်ကူသွားမယ့် ရှေ့ပြေးကင်းထောက်စစ်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီး ၁၄ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စပ်စီကျေးရွာအနီး ဝက်စကျင်းလမ်းဆုံမှာ ဒီဇင်ဘာ ၂၀ ရက်က  အမ်းမြို့ကို စစ်ကူသွားမယ့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းရဲ့ ရှေ့ပြေးကင်းထောင်စစ်ယာဉ်တန်းကို အရှိုချင်းကာကွယ်ရေးတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ်ခွဲရှိ စစ်ကောင်စီဌာနရုံးတွေကို တော်လှန်ရေးရဲဘော်တွေ ဝင်ရောက်ရှင်းလင်း (ရုပ်/သံ)

မန္တလေးတိုင်း ‌ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ်ခွဲရှိ စစ်ကောင်စီလက်အောက်ခံ ဌာနရုံးတွေကို နို ဝင်ဘာ ၂၅ ရက် နံနက်ပိုင်းက တော်လှန်ရေးရဲဘော်တွေ ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ Popa Production & Guerilla Force အဖွဲ့ထံက သိရပါတယ်။
Read More

ရခိုင်ပြည်နယ် ရှေ့တန်းစစ်ဆင်ရေးတွင် တာဝန်ထမ်းဆောင်ပြီး ပြန်လာကြသည့် Bamar Army ရဲဘော်များကို ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ရခိုင်ပြည်နယ် ရှေ့တန်းစစ်ဆင်ရေးမှာ တစ်နှစ်ကြာ တာဝန်ထမ်းဆောင်ပြီး ပြန်လာကြတဲ့ ရဲဘော်တွေကို    ရဲ‌ဘော် ရဲဘက်တွေနဲ့ မိသားစုဝင်တွေက ဝမ်းသာပျော်ရွှင်စွာ ကြိုဆိုခဲ့ကြတဲ့ ရုပ်သံဖိုင်ကို ဗမာ့တပ်တော် Bamar Army က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဘုတလင်မြို့ပေါ်မှ စစ်ကော်မရှင်တပ်သား ချစ်မိုး ‌အလင်းဝင် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သား ချစ်မိုး အလင်းဝင်ရောက်လာတယ်လို့ ဘုတလင်မြို့နယ်‌ရွေ့လျားစစ်‌ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။