မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်း စစ်သားအလောင်းလာကောက်တဲ့ အကြမ်းဖက်စစ်တပ်စစ် ကြောင်း မိုင်းဆွဲခံရပြီး ၅ ယောက်သေကာ သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်းထံက သိရပါတယ်။

နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် မဲဇလီ-ဆည်တော်ကြိုးတံတား စစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက်စစ်သား ၃ ယောက်ကို တော်လှန်ရေးတပ်တွေက ဝင်‌ရောက်တိုက်ခိုက်ခဲ့ရာ ၁ ယောက် နေရာမှာပဲ ပွဲချင်းပြီး သေဆုံးပြီး ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားတဲ့ စစ်သား ၂ ယောက်ကို လိုက်လံ တိုက်ခိုက်ခဲ့ရာ ၁ ယောက်ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီသေဆုံးသွားတဲ့ စစ်သားအလောင်းတွေကို လာကောက်ယူတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်း ကို ယင်းနေ့ နေ့လယ်ပိုင်းက အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၂ယောက်သေဆုံးပြီး ဒဏ်ရာရရှိသွားသူတွေလည်းရှိတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုတွေအတွင်း G 2 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည် ၂၈ တောင့်၊ လက်ကိုင်ဖုန်း ၂ လုံးအပါအဝင် စစ်အသုံးဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို မင်းဘူးခရိုင်အမှတ် – ၇ တပ်ရင်း၊ မကွေးတိုင်းပကဖ ရွေ့လျား စစ်ကြောင်း (Yenanthar Column) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပွင့်ဖြူမြို့နယ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ချောင်းဦးမြို့နယ် ကင်းမွန်းတော်ရွာမှာ အကြမ်းဖက်စစ်တပ် အထိုင်ချထားတဲ့ နေရာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်းမွန်းတော်ရွာမှာ အကြမ်းဖက်စစ်တပ်အထိုင်ချထားတဲ့ နေရာကို အောက်တိုဘာ ၁၇ ရက် ညနေပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဒရုန်းတွေနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ 5/Fighter Group အဖွဲ့ထံက သိရပါတယ်။
Read More

တပ်ဖွဲ့တာဝန်ခံ ကိုမီးပွား (ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (၁)

''ကျွန်တော်တို့ အားလုံး ရန်ကုန်ကို ပြန်ချင်နေပါပြီ။ ဒါဟာ ကျွန်တော်တို့ရဲ့ မျှော်လင့်ခြင်းပါ။ ကျွန် တော်တို့ ပြန်လာမှာကိုလည်း စောင့်ကြိုနေကြတဲ့ ရန်ကုန်သူ၊ ရန်ကုန်သား ပြည်သူလူထုတွေဟာ လည်း မျှော်လင့်ခြင်း ရန်ကုန်ပါပဲ။ ရန်ကုန်ဟာ ကျွန်တော်တို့ မြန်မာပြည်အတွက် သည်းခြေဖြစ် တယ်''
Read More

မန္တလေး မဟာအောင်မြေမြို့နယ် ကမ္ဘောဇဘဏ်မှာ လက်နက်ကိုင် ဓားပြတိုက်မှုဖြစ်ပွားပြီး ငွေကျပ်သိန်း ၁၀၀၀ ကျော် ပါသွား (ရုပ်/သံ)

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၇၃ လမ်း ၄၁ လမ်းရှိ ကမ္ဘောဇဘဏ်ကို ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ်ပိုင်းမှာ သေနတ်ကိုင်ဆောင်ထားသူ ၁ ယောက် ဝင်ရောက်ကာ ဓားပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ယနေ့မနက် နမ္မတူမြို့ အရပ်သားများနေထိုင်ရာ ရပ်ကွက်အတွင်း စစ်ကော်မရှင် လေကြောင်းဗုံးကြဲ (ရုပ်/သံ)

ရှမ်းပြည်နယ်၊ နမ္မတူမြို့ လူနေရပ်ကွက်အတွင်း စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

သေ့ဘောဘိုးစခန်းဆီ စစ်ကူလာသော အကြမ်းဖက်စစ်ကြောင်းအား တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား အများအပြား ဖမ်းဆီးရမိ (ရုပ်/သံ)

ဝေါ်လေဗျူဟာစခန်းကနေ သေ့ဘောဘိုးစခန်းဆီ စစ်ကူလာတဲ့ အင်အား (၇၀)ပါ စစ်ကောင်စီစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အပါအဝင် PDF ဗျူဟာ ၃၂ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
Read More

Yoma Fighter စစ်ကြောင်း ဖွဲ့စည်းတည်ထောင်ခြင်းနှင့် စစ်ကြောင်းမွန်းမံ သင်တန်းဆင်းပွဲ ကျင်းပပြီးစီး (ရုပ်/သံ)

Yoma Fighter စစ်ကြောင်း ဖွဲ့စည်းတည်ထောင်ခြင်းနှင့် စစ်ကြောင်းမွန်းမံ သင်တန်းဆင်းပွဲအခမ်းအနားကို နိုဝင်ဘာ ၅ ရက်က ပဲခူးရိုးမအတွင်းရှိ လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြီးစီးခဲ့တယ်လို့ Nay Pyi Taw PDF က ဒီကနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ Yoma Fighter စစ်ကြောင်းကို နေပြည်တော်တိုင်းစစ်ဌာန၊ စစ်ဗျူဟာအမှတ်(၁၇) တပ်ရင်းအမှတ် ၉၀၂၊ တပ်ရင်းအမှတ် ၈၀၄ နဲ့ သရက်ခရိုင်အမှတ် ၁ တပ်ရင်းတို့နဲ့ ပူးပေါင်းဖွဲ့စည်းထားတာဖြစ်တယ်လို့ သိရပါတယ်။