မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆင်းလူးရွာက အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မြေပြင်‌ ဝေဟင် ပူးတွဲစစ်ဆင်ရေး ဖော်ဆောင်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။
တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၁ ယောက်နဲ့ ပျူစောထီး ၁ ယောက်သေပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ သိရပါတယ်။
အဲဒီစစ်ဆင်ရေးကို နိုဝင်ဘာ ၁၈ ရက်က မင်းဘူးခရိုင် အမှတ်-၄တပ်ရင်းနဲ့ မင်းဘူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒရုန်းလက်ရုံးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ရှမ်းတောင်-ကရင်နီ ရှေ့တန်းတွင် စစ်ရေးလှုပ်ရှားနေသည့် ရဲဘော်များ (ရုပ်/သံ)

ရှမ်းတောင်-ကရင်နီ ရှေ့တန်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ ရဲဘော်တွေရဲ့ မှတ်တမ်းရုပ်သံကို ရှမ်းတောင်၊ကရင်နီစစ်တိုင်း၊ ဗျူဟာ - ၁၁၊ ကရင်နီစစ်ဒေသက ထုတ်ပြန်လိုက်ပါတယ်။
Read More

တီးတိန်မြို့အဝင်တွင် ခလရ ၂၆၉ တပ်စွဲထားသည့် စခန်းကို ချင်းညီနောင်တပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ချင်းပြည်နယ်၊ တီးတိန်မြို့အဝင်ဆိုင်းဘုတ်အနီး တပ်စွဲထားတဲ့ စစ်ကော်မရှင်ရဲ့ ခလရ ၂၆၉ တပ်သားကို တိုက်ခိုက်ပြီး စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ PDF Zoland က ဒီနေ့ သတင်းထုတ်ပြန် ထားပါတယ်။
Read More

စစ်ကောင်စီ တပ်သား ၄၀ ခန့်သေပြီး စခန်းစွန့် ထွက်ပြေးမှုများနှင့် မဲပလီဗျူဟာစခန်း တိုက်ခိုက်သိမ်းပိုက်မှု မှတ်တမ်း (ရုပ်/သံ)

KNU တပ်မဟာ (၁) နယ်မြေက စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင် အမှတ် ၂၇ စစ်ဗျူဟာ၊ အမှတ် ၂ စစ်ဒေသခွဲက ထုတ်ပြန်လိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ် လုံခြုံရေး အထပ်ထပ်ချထားသည့် ရန်ကုန်မြို့တွင် ရွေးကောက်ပွဲအတု ဆန့်ကျင်သပိတ်မှောက်ကြရန် စည်းရုံးလှုံ့ဆော် (ရုပ်/သံ)

အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးထွက်ပေါက်အနေနဲ့ ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ ရန်ကုန်မြို့နေပြည်သူတွေကို စည်းရုံးလှုံ့ဆော်ခဲ့တယ်လို့ Yangon Revolution Force - YRF က နိုဝင်ဘာ ၁၃ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

ရွှေပြည်သာ ပကဖ နှင့် Yangon Federal Army – YFA ပူးပေါင်းပြီး လွတ်မြောက်နယ်မြေမှာ အခြေခံစစ်ပညာသင်တန်းဖွင့် (ရုပ်/သံ)

ရွှေပြည်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ Yangon Federal Army - YFA တို့ ပူးပေါင်းပြီး တိုင်းရင်းသားနယ်မြေ တစ်နေရာမှာ ၂/၂၀၂၄ အပတ်စဉ် အခြေခံစစ်ပညာသင်တန်းဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ ရွှေပြည်သာမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။