ရှမ်းနှစ်သစ်ကူးကို ကြိုဆိုတဲ့ညမှာ စစ်ကောင်စီလေတပ်က ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့က လူနေရပ်ကွက်ကို လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၀ဦးသေဆုံးခဲ့ရတယ်လို့ TNLA က အသိပေးထုတ်ပြန်ပါတယ်။
စစ်ကောင်စီက TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁၀ ယောက် သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ထုတ်ပြန်ချက်မမှာဖော်ပြထားပါတယ်။
TNLA အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ကြေညာအပြီး ရက်ပိုင်းအတွင်းမှာပဲ စစ်တပ်က TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့က ပြည်သူတွေနေထိုင်ရာ ရပ်ကွက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။
တိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ ၁၀ ယောက် သေဆုံးခဲ့ပြီး ပြည်သူ အယောက် ၂၀ ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၉ လုံး ထိခိုက်ပျက်စီးသွားခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီက လေကြောင်းကတဆင့် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးနဲ့ လာရောက် ကြဲချတိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။
စစ်ကောင်စီက မြောက်ပိုင်းညီနောင် မဟာမိတ်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို နေ့စဉ်ရက်ဆက် ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး တိုက်ခိုက်ခံရတဲ့ နေရာအများစုဟာ အရပ်သားပြည်သူတွေ နေထိုင်ရာ ဒေသတွေပဲ ဖြစ်ပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့မှာလည်း စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး အပြစ်မဲ့ပြည်သူတွေရှိရာကို ဦးတည်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၁၈ ယောက် သေဆုံးပြီး ၃၄ ယောက် ဒဏ်ရာရရှိကာ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ဆစ်ဒနီမှာ တော်လှန်အနုပညာရှင် ဖြူဖြူ တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကျင်းပမည်

ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ တော်လှန်အနုပညာရှင် တစ်ယောက်ဖြစ်သူ ဖြူဖြူကျော်သိန်းက တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကျင်းပသွားမယ်လို့ သိရပါတယ်။
Read More

ကသာမြို့နယ် ညောင်ခြေထောက်ရွာ လေကြောင်းတိုက်ခိုက်ခံရပြီး ၁၀ နှစ် ကလေးငယ်အပါ ၅ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ညောင်ခြေထောက်ရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ၁၀ နှစ်အရွယ် ကလေးငယ်အပါအဝင် ၅ ယောက် သေဆုံးခဲ့ပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်မြို့တွင် စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၁) ဦးအပါ ပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ အုန်းကိုင်းရပ်ကွက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် (၁) ယောက် အပါအဝင် အရပ်သားပြည်သူ (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူချစ်တဲ့ ဒေါက်ဇော် ကွယ်လွန်ရှာပြီ

NLD ပါတီရဲ့ ဒုဥက္ကဋ္ဌဖြစ်သလို NLD အစိုးရ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ အောက်တိုဘာလ ၇ ရက် မနက် ၃ နာရီ၊ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီး အထူးကုသဆောင် (ICU) မှာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်သွားခဲ့ပါပြီ။
Read More

ကျောက်မဲကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို  စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

သပြေကုန်းရွာ ဘုန်းကြီးကျောင်းရှိ စစ်ကောင်စီ တပ်စခန်းကို KNDF ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂၀ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းမျိုးစုံ ရရှိ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ သပြေကုန်းရွာဘုန်းကြီးကျောင်းဝန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို KNDF တပ်ဖွဲ့တွေက သွားရောက်ပစ်ခတ်ခဲ့တယ်လို့ KNDF ဗျုဟာအမှတ် (၂) က ဇွန်လ ၈ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။