ပအိုဝ်းဒေသ၊ ထီးစဲခါးရေတံခွန် ကျောင်းတိုက် ဆရာတော်၏ယာဉ်ကို စစ်တပ်ကပစ်ခတ်ရာ ထီးစဲခါး ရေတံခွန် ကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူပြီး ကျန်သံဃာ ၂ပါးဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA)က သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၃၀ မနေ့က မနက်အစောပိုင်းမှာပအိုဝ်းဒေသ ဆီဆိုင် – လွိုင်ကော်လမ်းပိုင်းတွင် စစ်ကောင်စီတပ်က ထီးစဲခါးရေတံခွန်ကျောင်းတိုက်ဆရာတော်၏ယာဉ်ကို ပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပစ်ခတ်မှုကြောင့်ထီးစဲခါး ရေတံခွန်ကျောင်းတိုက်ဆရာတော်ဟာ နေရာမှာပင် ပွဲချင်းပြီး ပျံလွန်တော်မူခဲ့တယ်လို့ သိရပါတယ်။
ထီးစဲခါးကျေးရွာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ပညာဝံသအပါအဝင် သံဃာတော်ငါးပါးသည် စေတီတော်အသစ်တည်ရန် လိုအပ်တဲ့ ပစ္စည်းများဝယ်ယူရေး မန္တလေးမြို့ကိုသွားရောက်ဖို့ ထွက်ခွာလာစဥ် ပစ်ခတ်ခံရခြင်းဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာတော့ ဆရာတော်ကို KNDF တပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာလို့ ဝါဒဖြန့်ပြောကြားမှုတစ်ချို့ရှိနေပါတယ်။
လွိုင်ကော်-ဆီဆိုင်လမ်းနှင့်လွိုင် လင်လေးမြို့ဟာ စစ်ကောင်စီနှင့်ပအိုဝ်းပြည်သူ့စစ်ရဲ့ အဓိက လှုပ်ရှားမှုနယ်မြေ ဖြစ်တာကြောင့် စစ်ကောင်စီရဲ့ လက်ချက်သာဖြစ်ကြောင်း တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေကဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကလည်း ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသလိုက်ပါလာသည့်ကားကို စစ်တပ်က ငါန်းဇွန်းမြို့နယ်အတွင်း ပစ်ခတ်ခဲ့ရာ ဆရာတော်ပျံလွန်ခဲ့ရပါတယ်။
0 Shares:
You May Also Like
Read More

လူထုတော်လှန်ရေး မဟာမိတ်အင်အားစု၏ အပတ်စဥ် (၈) အခြေခံစစ်သင်တန်းဆင်းပွဲ

လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၈) သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၈ ရက်မှာ ပြုလုပ်ခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေတောင်မှာ သန်းခေါင်စာရင်းကောက်နေတဲ့ ထွေအုပ်စာရေး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်မှာ စစ်ကောင်စီရဲ့ သန်းခါင်စာရင်းကောက်ယူနေမှုကို အားတက်သရော ပါဝင်နေတဲ့ ထွေအုပ်စာရေးဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ 3601 PPDF တပ်ရင်းထံက သိရပါတယ်။
Read More

မြိတ်ခရိုင်အတွင်းက လမ်းပိုင်းတချို့မှာ မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်းသာ သွားလာကြပါ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်း ပုလောမြို့နယ်၊ မြိတ်မြို့နယ် နဲ့ တနင်္သာရီမြို့နယ်တို့က လမ်းပိုင်းတချို့မှာ မနက် ၆ နာရီကနေ ညနေ ၆နာရီအတွင်းသာ သွားလာကြဖို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) က အသိပေးထုတ်ပြန်လာပါတယ်။
Read More

စစ်မှုထမ်းဖို့ အကြောင်းမဲ့ ပျက်ကွက်နေသူတွေရှိလို့ ပြင်းထန်စွာ အရေးယူမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်

နိုင်ငံတစ်၀န်းမှာ စစ်မှုထမ်းဖို့ စာရင်းပေးပြီးမှ ပျက်ကွက်နေတဲ့သူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး တင်အောင်ဆန်းက ပြောကြားလိုက်ပါတယ်။
Read More

အတုအယောင်ရွေးကောက်ပွဲ အလိုမရှိကြောင်း ဆန္ဒပြသည့် ချောင်းဦးဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှု ကလေးငယ်များ အပါ ပြည်သူ ၁၉ ဦး သေဆုံး၊ ၄၀ ဦး ပြင်းထန်ဒဏ်ရာရဟု NUG ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာမှာရှိတဲ့ မူလတန်းကျောင်းကို အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်နေ့မှာ အကြမ်းဖက်စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၁၉ ယောက် သေဆုံးခဲ့ပြီး အယောက် ၄၀ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ တရားဝင် ထုတ်ပြန်ပါတယ်။
Read More

စစ်ရေးအရ ရှုံးနိမ့်မှုများကို တန်ပြန်ရန် စစ်ကောင်စီ ရက်စက်ကြမ်းကြုတ်စွာ စစ်သားစုဆောင်းနေ၊ လူငယ် ၇၀၀၀၀ နီးပါးကို စစ်သားသစ်စုဆောင်းထားဟု NUG ပြော…

"လိုအပ်တဲ့အရေအတွက် မပြည့်မီပါက ဗဟိုအဖွဲ့က သတ်မှတ်ပေးထားတဲ့ နည်းလမ်းတစ်မျိုးမျိုးနဲ့ ရွေးချယ်နိုင်ကြောင်း မိသားစုအတွင်း စစ်မှုထမ်းသူ ရှိနေလင့်ကစား ကျန်အကျုံးဝင်သူတွေကိုလည်း ခေါ်ယူမှာ ဖြစ်ကြောင်း၊ စစ်မှုထမ်းဖို့ ပျက်ကွက်ပါက မိသားစုဝင်တွေကိုပါ အရေးယူမှာဖြစ်ကြောင်း စစ်မှုထမ်းပြီးသူတွေအပါအဝင် ဘယ်သူ့ကိုမဆို အရေးပေါ်အခြေအနေ အကြောင်းပြချက်နဲ့ ဆင့်ခေါ်နိုင်ကြောင်း၊ ပြည်ပထွက်ခွင့်ကိုလည်း တားမြစ်နိုင်ကြောင်း၊ စစ်သင်တန်းပြီးပါက စစ်ကောင်စီ စေလွှတ်မယ့် နေရာတွေကို သွားရမှာဖြစ်ကြောင်း စတဲ့ အချက်တွေနဲ့ ထင်ရာစိုင်းပြီး နိုင်ငံသားတွေအပေါ် ရက်စက်တဲ့ နည်းလမ်းနဲ့ အာဏာရှင်လက်ပါးစေ အကြမ်းဖက်စစ်တပ်ကို အင်အားဖြည့်တင်းလျက်ရှိပါတယ်။" လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရက ဆိုပါတယ်။