အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးနဲ့ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းမှုတွေ လုပ်နေတဲ့အပြင် စစ်သင်တန်းသားတွေအတွက် ထောက်ပံ့ကြေးဆိုတဲ့ ခေါင်းစဉ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေတဆင့် ငွေကြေးကောက်ခံမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းထဲက ပုသိမ်၊ ဖျာပုံ၊ ဝါးခယ်မ၊ ပန်းတနော်၊ ဓနုဖြူ၊ ဟင်္သာတ၊ ညောင်တုန်း၊ ငသိုင်းချောင်း၊ ရေကြည်၊ အသုပ်၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ မြန်အောင်နဲ့ ဒေးဒရဲ မြို့နယ်တွေက ရပ်ကွက်ကျေးရွာတွေမှာ အိမ်ထောင်စုအလိုက် ငွေကြေးကောက်ခံနေတယ်လို့ သိရပါတယ်။
“စစ်မှုထမ်းထောက်ပံကြေးဆိုပြီး ကောက်ခံနေတာ။ စစ်မှုထမ်းစာရင်းဝင်သူကော စစ်မှုထမ်းစာရင်းမဝင်တဲ့သူတွေကော ထည့်နေရတာ။ တစ်အိမ်ထောင်ကို ၁သောင်းကျပ် ကောက်ခံတယ်။ မထည့်လို့မရဘူး။ လာကောက်လို့မေးရင် စစ်မှုထမ်းဥပဒေကြောင့် သင်တန်းပို့ခံရသူတွေနဲ့ စစ်ဆင်ရေးတာဝန်ထမ်းနေတဲ့ စစ်သားတွေအတွက်ဆိုပြီး ပြန်ရှင်းပြတယ်။ တရားဝင်စာထုတ်တာမရှိဘူး။ ဘယ်ကိုမေးရမှန်းလည်းမသိဘူး။ ထည့်ပေးနေရတယ်”လို့ ဓနုဖြူမြို့က ဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်။
“အမှန်က ဓားပြတိုက်သလို အိမ်တွေမှာ ဝေစုခွဲကောက်ခံနေတာ။ မြို့အလိုက်ရပ်ကွက်အလိုက်ဆိုရင် တွက်ကြည့်ပေါ့။ တစ်လတစ်လ ဘယ်လောက်ရမလဲဆိုတာ။ စစ်မှုထမ်းဥပဒေက အခုမှ အုပ်ချုပ်ရေးမှူးတွေအတွက် အလုပ်ဖြစ်နေတာ” လို့အထက်ပါဒေသခံက ဆက်ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ သူ့ရဲ့ စစ်သင်တန်းတွေမှာ သင်တန်းသားတွေကို ဘယ်လိုတွေ ကျွေးမွေးတာ၊ ဘယ်လိုတွေထောက်ပံ့ကြေးပေးတာ၊ စစ်သင်တန်းသားတွေ ဘယ်လောက်ပျော်နေတာ စသဖြင့် သူ့ရဲ့လက်အောက်ခံ နိုင်ငံပိုင်မီဒီယာတွေနဲ့ စစ်တပ် လော်ဘီ တယ်လီဂရန်ချန်နယ်တွေမှာ မကြာခဏ ဝါဒဖြန့် ဖော်ပြလေ့ရှိနေပါတယ်။ လက်တွေ့မှာတော့ အချိန်တိုသင်တန်းပေးကာ ရှေ့တန်းစစ်မျက်နှာတွေဆီ အတင်းစေလွှတ်နေလို့ သေဆုံးမှုနဲ့ ထွက်ပြေးမှုတွေ အများအပြား ရှိနေပါတယ်။
“ပထမပိုင်း စစ်မှုထမ်းဥပဒေ စစ်ကောင်စီက ထုတ်ပြန်တုန်းက စစ်မှုမထမ်းချင်တဲ့သူက လူငှားထည့်ပေးရတာတို့၊ နောက် မဲနဲ့ရွေးချယ်လို့ မဲပေါက်မှာစိုးလို့ အုပ်ချုပ်ရေးမှူးတွေကို ငွေ သိန်းကို ဆယ်နဲ့ချီပေးခဲ့ရပြီး အခုတစ်ခါ ထောက်ပံကြေး ခေါင်းစဥ်တပ်ပြီး ခွဲတမ်းပေးနေရတယ်လို့လည်း
ညောင်တုန်းမြို့ခံ အမျိုးသမီးတစ်ယောက်က ပြောခဲ့ပါတယ်။
ပုံစာ – အကြမ်းဖက်စစ်တပ် သင်တန်းသားတချို့ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

တနင်္သာရီမြို့နယ်ဘက် လူအင်အားဖြည့်ရန် ထွက်လာသည့် စစ်အုပ်စု တိုက်ခံရပြီး အယောက် ၂၀ ကျော် သေ

တနင်္သာရီမြို့နယ်ဘက်ကို စစ်အင်အားဖြည့်တင်းဖို့အတွက် မြိတ်မြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း တိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ရခိုင်ပြည်နယ် စေလွှတ်ခံရတဲ့ ခလရ ၉၈ အကြမ်းဖက်စစ်တပ် အသေအပျောက်များခဲ့လို့ မော်လမြိုင်ကျွန်းအခြေစိုက် ခလရ ၅၃၆ ကို ထပ်ပို့

ဧရာဝတီတိုင်း ဖျာပုံအခြေစိုက်တဲ့ ခလရ ၉၈ တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီးနောက် မော်လမြိုင်ကျွန်းမြို့နယ် အခြေစိုက်တဲ့ ခလရ ၅၃၆ ရခိုင်ပြည်နယ်သို့ ထပ်မံ အပို့ခံရကြောင်း အကြမ်းဖက်စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

Justice Soldier PDF အဖွဲ့က ပြုလုပ်တဲ့ စနိုက်ပါ မွမ်းမံသင်တန်း (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Justice Soldier PDF အဖွဲ့က ရဲဘော်တွေအနေနဲ့ တိုက်ပွဲအတွင်း ပစ်မှတ်ကို ပိုမိုတိကျသေချာစေဖို့ ၊ တိုက်ခိုက်ရေးစွမ်းရည် ပိုမိုကောင်းမွန်လာစေဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ်တဲ့ စနိုက်ပါမွမ်းမံသင်တန်းကို အောက်တိုဘာ ၂၀ ရက်မှာ ပြုလုပ်ပြီးစီးခဲ့တယ်လို့ သိရပါတယ်။
Read More

ကန့်ဘလူမှာ ဘိလိယက်ထိုးနေတဲ့ လူငယ် ၇ ဦး စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့က ရပ်ကွက်တစ်ခုမှာ လူငယ် ၇ယောက်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။ 
Read More

စလင်းက စစ်ကောင်စီအထိုင်ချတပ်စွဲထားတဲ့နေရာတွေကို တပြိုင်နက်တည်းတိုက်ခိုက်

မကွေးတိုင်း၊ စလင်းမြို့က စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ သုံးခုကို တော်လှန်ရေးအင်အားစုတွေက တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် (၁)တပ်ရင်းက မောင်းကို အတည်ပြုပြောဆိုပါတယ်။
Read More

အာဏာသိမ်းစစ်တပ်မှာ တိုက်ခိုက်နိုင်စွမ်းရော တိုက်ခိုက်လိုစိတ်ပါ အားနည်းနေကြောင်း စစ်သုံ့ပန်း ဒုဗိုလ်မှူးကြီး ဝန်ခံ

စစ်ကောင်စီတပ်ရဲ့ အောက်ခြေစစ်သားတွေဟာ လေ့ကျင့်ရည်ရော စိတ်ဓာတ်ရေးရာပါ အားနည်းနေကြောင်းကို အာရက္ခတပ်တော် (AA) ထံ ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်း ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်က ဝန်ခံပြောဆိုခဲ့ပါတယ်။