မန္တလေး PDF ထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကိုယ်တိုင် သွားရောက်ကွင်းဆင်းတွေ့ဆုံခဲ့တယ်လို့ စစ်အာဏာရှင်သပိတ်တွေကို စဉ်ဆက်မပြတ် လှုပ်ရှားဦးဆောင်နေတဲ့ ဒေါက်တာတေဇာဆန်းက သူရဲ့လူမှုကွန်ယက်ကတဆင့် ဖော်ပြလာပါတယ်။
တွေ့ဆုံခဲ့ချိန်က မန္တလေး PDF ခေါင်းဆောင်တွေ၊ မန္တလေးတော်လှန်ရေး နိုင်ငံရေးခေါင်းဆောင်တွေ၊ NUG-MOD နဲ့ စစ်ရုံးချုပ်ခေါင်းဆောင်တွေနဲ့ ရိုက်ကူးထားတဲ့ ဓတ်ပုံမှတ်တမ်းတွေကို ဒေါက်တာတေဇာဆန်းက သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားတာပါ။
အဆိုပါဓတ်ပုံတွေကို မန္တလေးတိုင်းဒေသအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ထိန်းချုပ်ရာဒေသတွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် သွားရောက်ကွင်းဆင်း ကြည့်ရှုခဲ့စဉ်က ရိုက်ကူးထားခဲ့ခြင်းဖြစ်ပြီး၊ ရိုက်ကူးခဲ့တဲ့ နေ့ရက်နဲ့ နေရာအတိအကျတွေကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။
“တော်လှန်ရေးဆိုတာ လိုတာထက်ပိုပြီး ကြာမြင့်သွားရင်လည်း မကောင်းပါဘူး။ အရင်းအနှီးနဲ့ ဘေးထွက်အကျိုးဆက်တွေက ကြီးလွန်းအားကြီးပါတယ်။ ဒါ့ကြောင့် ပြည်သူများနဲ့တကွ တော်လှန်ရေးအင်အားစုများအားလုံးက ကိုယ့်အလုပ်ကို အကောင်းဆုံး လုပ်ကြဖို့ အရေးကြီးပါတယ်” လို့ ဒေါက်တာတေဇာဆန်းက သူရဲ့ လူမှုကွန်ယက်မှာ ရေးသားမျှဝေခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

ထိုင်းနိုင်ငံရှိ ကားအပိုပစ္စည်းစက်ရုံမှ စက်ရုံပိတ်သိမ်းမည်ဟု အကြောင်းပြကာ မြန်မာ အလုပ်သမား (၂၇) ယောက်အား အလုပ်ထုတ်၊ NUG အလုပ်သမားဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးခဲ့

ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်ရှိ APGO ကားအပိုပစ္စည်းစက်ရုံက စက်ရုံပိတ်သိမ်းလိုက်တယ်လို့ အကြောင်းပြကာ မြန်မာအလုပ်သမား ၂၇ ယောက် အလုပ်ထုတ်ခံရတာကြောင့် NUG အလုပ်သမားဝန်ကြီးဌာနနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ချွန်ပူရိီခရိုင်၊ ဆာဝါဒီကန်ရုံးမှာ ကူညီ အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် အကြီးအကျယ် ပျက်စီးခဲ့သည့် နေပြည်တော် လွှတ်တော်အဆောက်အဦ

ပြီးခဲ့တဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် နေပြည်တော်မှာရှိတဲ့ လွှတ်တော်အဆောက်အဦများ အကြီးအကျယ် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Read More

ဒီပဲယင်းမြို့နယ်အတွင်း ပျက်စီးနေသည့် လမ်းပိုင်းများကို ပအဖ နှင့် ဆည်မြောင်းဌာနတို့ ပြည်သူနှင့်အတူ ပြုပြင်ပေးခဲ့

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း ဇွန်လအစောပိုင်းက မိုးအဆက်မပျက်ရွာသွန်းမှုကြောင့်‌ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ကာ ပျက်စီးခဲ့တဲ့ မူးဘောင်လမ်းတွေကို အလျင်အမြန် ပြုပြင်ခဲ့ရတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူမှာ စစ်ကောင်စီ၏ ဝါစိုက်ပျိုးရေးတပ် ရှေ့တန်းဂိတ်ကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ဝါစိုက်ပျိုးရေးတပ်စခန်းရဲ့ ရှေ့တန်းဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တောင်ယမားဆည်ရေ မြင့်တက်လာမှုကို အချိန်နဲ့ တပြေးညီစောင့်ကြည့်နေတယ်လို့ ပုလဲ ပအဖက အသိပေး

စစ်ကိုင်းတိုင်း၊ ပုလဲနယ်ထဲက တောင်ယမားဆည်ရေမြင့်တက်လာပေမယ့် စိုးရိမ်စရာမရှိသေးဘူးလို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်အသိပေးလိုက်ပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းထဲ စစ်ရေယာဥ်များကို ပစ်ခတ်တိုက်ခိုက်ရာ စစ်သင်္ဘော ၁ စီးနှင့် မော်တော် ၄စီး မီးလောင်ပျက်စီး၊ စစ်ကောင်စီတပ်သား ၅ ဦး သေပြီး ၈ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ မော်လိုက်နဲ့ ဖောင်းပြင်မြို့နယ်တွေမှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး သင်္ဘောတွေ မီးလောင်ပျက်စီးကာ စစ်ကောင်စီတပ်သား သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။