မင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC)က ဖမ်းဝရမ်းထုတ်ဖို့ တင်ပြထားမှုကို ဝိုင်းဝန်းအကောင်အထည်ဖော် ကူညီဆောင်ရွက်ပေးမယ်လို့ NUG နဲ့ K2C(KNU၊ KNPP၊ CNF)တို့
က ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ပါတယ်။
ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများအတွက် အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်အား နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)က ဖမ်းဝရမ်းထုတ်ရန် ICC တရားလိုရှေ့နေ၏ လျှောက်ထားမှုကိုလည်း ကြိုဆိုပြီး အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ထုတ်ပြန်ချက်နဲ့အတူ တိုက်တွန်းလိုက်ပါတယ်။
မြန်မာ့စစ်တပ်အပါအဝင် မြန်မာနိုင်ငံရဲ့ လုံခြုံရေးစနစ်၊ တရားရေးစနစ်၊ နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲရန် အရေးပေါ် လိုအပ်တယ်လို့လည်းဆိုပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်သမိုင်းတွင် လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု တရားခံအဖြစ် နိုင်ငံတကာတရားရုံးတစ်ခု၏ ဖမ်းဝရမ်းထုတ်ရန် ပထမဆုံး လျှောက်ထားခြင်း ခံရခြင်းလည်းဖြစ်တယ်လို့ဆိုပါတယ်။
စစ်ကောင်စီရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူ မင်းအောင်လှိုင်ရဲ့ လက်ထဲမှ ပြန်လည်ကယ်တင်ရန်၊ ပြည်သူလူထုက လိုလားတဲ့၊ နိုင်ငံရေးနဲ့ ပတ်သက်မှုမရှိတဲ့ ပြည်သူလူထုကိုအကာအကွယ်ပေးတဲ့ အကျိုးပြုတပ်မတော်အဖြစ် ဖက်ဒရယ် ဒီမိုကရေစီ အခြေခံမူများနှင့်အညီ လုံခြုံရေးကဏ္ဍအသစ်ကို ဆောင်ရွက်ကြဖို့ ဖိတ်ခေါ်တယ်လို့လည်းဆိုပါတယ်။
စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများကြောင့် နစ်နာခဲ့၊ နစ်နာနေရတဲ့ တိုင်းရင်းသားပြည်သူများနဲ့ အနာဂတ်ပြည်ထောင်စုတွင် စစ်တပ်၏ အဖန်
တလဲလဲ အာဏာသိမ်းယူမှုများ မဖြစ်ပေါ်ရေးကိုရည်ရွယ်တဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို ဖော်ဆောင်ရေးမှာ ၎င်းတို့ မမှိတ်မသုန်ထားရှိတဲ့ကတိကဝတ်ဖြစ်ကြောင် NUG နှင့် K2C တို့က ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။
0 Shares:
You May Also Like
Read More

ဖြူးမှာ စစ်တောင်းမြစ်ကမ်းဘေးက ရေးဘေးသင့် ပြည်သူတွေကို မြို့နယ် ပကဖ ၊ ပအဖ နဲ့ လူသားစာနာအဖွဲ့တွေ သွားရောက်လှူဒါန်း

ပဲခူးတိုင်း၊ ဖြူးမြို့နယ် ၊ စစ်တောင်းမြစ်ကမ်းဘေးက ရေဘေးသင့်ကျေးရွာတွေကို အလှူရှင်တွေရဲ့ ကိုယ်စား ဖြူးမြို့နယ် ပကဖ ၊ ပအဖ နဲ့ လူသားစာနာအဖွဲ့တွေက ဒီနေ့ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

နောင်ချိုမြို့ ရှေ့တန်းတစ်နေရာမှ ထွက်ပြေးလာသည့် စစ်မှုထမ်းတပ်သား ၂ ဦး ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ထံ အလင်းဝင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲတစ်နေရာကနေ စစ်မှုထမ်းတပ်သား ၂ ယောက် ထွက်ပြေး အလင်းဝင်ရောက်လာကြောင်း ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပခုက္ကူခရိုင်တွင် စစ်ကောင်စီ ရိက္ခာပို့စစ်ကြောင်းကြောင့် ဒေသခံ သောင်းနှင့်ချီ မိုးထဲရေထဲ တိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုကြောင့် လမ်းတစ်လျှောက်ကျေးရွာတွေက သောင်းနဲ့ချီတဲ့ အရပ်သားတွေ မိုးထဲရေထဲ တိမ်းရှောင်နေရကြောင်း သိရပါတယ်။
Read More

နှစ်သစ်လက်ဆောင်အဖြစ် မီးဘေးသင့် အိမ်ထောင်စု (၇၀) ကျော်ကို စောင်များလှူဒါန်း (ဓာတ်ပုံသတင်း)

ရေဦးမြို့က မီးဘေးသင့်ခဲ့ရတဲ့ အိမ်ထောင်စု (၇၀) ကျော်ကို နှစ်သစ်လက်ဆောင်အဖြစ် ပြည်ပရောက် ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးရဲ့ ကူညီထောက်ပံ့မှုနဲ့အတူ တခြားအလှူရှင်တွေကိုယ်စား ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ ထောက်ပံ့ရေးအဖွဲ့က သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ယင်းမာပင်ခရိုင် PDF တပ်ရင်း (၂၉) ရဲဘော်များကို ဂုဏ်ပြု (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကနေ ပြန်လာတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း၂၉ (ဒေါင်းမင်း - PDF) ရဲဘော်တွေကို ယင်းမာပင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တွေ့ဆုံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း၂၉ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကောလင်းမှာ စစ်ကောင်စီတပ် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကောလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။