ကရင်ပြည်နယ်၊ ဝေါလေလမ်းပိုင်းမှာရှိတဲ့ ဥကရစ်ထစခန်းရဲ့ ကာကင်းကုန်းဖြစ်တဲ့ ရွှေအေးမြိုင်ဘုရားကုန်းစခန်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ်က ဗိုလ်ကြီးအဆင့်အပါအဝင် စခန်းတခုလုံးက စစ်သားတွေ KTLA စစ်ကြောင်းဆီကို လက်နတ်ချအလင်းဝင်ရောက်ခဲ့တယ်လို့ KTLA တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
KTLA နဲ့ KNLA တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်မခံနိုင်တာကြောင့် လတ်နတ်နဲ့အတူ အလင်းဝင်ရောက်ခဲ့တာဖြစ်ပြီး KTLA တိုက်ဂါးစစ်ကြောင်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
“သူတို့ အလင်းဝင်ပို့ ဆက်သွယ်လာလို့ သွားစောင့်ခေါ်တာ လုံခြုံရေးအရတော့ အဆင်သင့် ပြင်ဆင်ရတာပေါ့၊ အားလုံး အရာရှိအပါအဝင် ၁၆ ဦး လက်န်ခဲယမ်းတွေပါတယ်၊ ကာကင်းစခန်းမှာရှိတဲ့ တပ်စုတစုလုံးပေါ့”လို့ KTLA တပ်ဖွဲ့ဝင်တစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
“လက်ရှိမှာတော့ KTLA ကော့သူလေးစခန်းမှာပဲ ထိန်းသိမ်းထားတယ်၊ KNU တပ်မဟာ ၆ နယ်မြေအတွင်းမှာပဲ အကြမ်းဖက်စစ်တပ်စစ်ရေးလှုပ်ရှားမှုတွေကို ကြားဖြတ်တိုက်ခိုက်မှုတွေ လုပ်နေပြီး KNLA နဲ့ KTLA တော်လှန်ရေးတပ်ဖွဲ့တွေက အကြမ်းဖက်စစ်တပ်စခန်းတွေအပြင် စစ်ရေးလှုပ်ရှားမှု ပြုလုပ်နေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းတွေကိုပါ မနားမနေ ရှင်းလင်းဖယ်ရှားတာတွေကို လုပ်ဆောင်နေတယ်”လို့ အဲ့ဒီတော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။
နိုဝင်ဘာလ ၂၄ရက်နေ့က အဆိုပါတပ်စခန်းကို KNLA တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဒရုန်းနဲ့ ဗုံးကြဲချခဲ့ပြီးနောက် အဆိုပါကာကင်းကုန်းစခန်းရှိ အကြမ်းဖက်စစ်သားတွေက လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတာ ဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
ပုံစာ – အကြမ်းဖက်စစ်သားတွေ အလင်းဝင်ရောက်လာလို့ သွားရောက်ခေါ်ဆောင်လာပုံ…
0 Shares:
You May Also Like
Read More

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ် လင်းယောခင်ကျေးရွာအနီး စစ်ကောင်စီဂိတ်ကို တော်လှန်ရေးတပ်များ ဝင်ရောက်ရှင်းလင်းခဲ့

ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်ရှိ လင်းယောခင်ကျေးရွာအနီးက စစ်ကောင်စီဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပူးပေါင်းတပ်တွေ ဝင်ရောက်ရှင်းလင်းခဲ့တဲ့ မှတ်တမ်းဓာတ်ပုံကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)​ ရဲ့ ပြန်ကြားရေးဌာန PVTV က ဖော်ပြလာပါတယ်။
Read More

ရေတာရှည်မှာ စစ်ကောင်စီက ကျေးရွာများကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ (၄) ယောက် ဒဏ်ရာရ၊ ထန်းတစ်ပင်မှာ စစ်ကောင်စီတပ်က စစ်ရှောင်ပြည်သူ (၁)ယောက်ကို အကြောင်းမဲ့ ရှင်းလင်းခဲ့

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ ထန်းတစ်ပင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ (၄) ယောက် ဒဏ်ရာရပြီး ထန်းတစ်ပင်မြို့နယ်မှာတော့ စစ်ရှောင်ပြည်သူ ၁ ယောက်ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၂)စစ်ဒေသခွဲ၊ တောင်ပိုင်းစစ်ဒေသက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ABSDF ဗဟိုစစ်ကော်မရှင် ဥက္ကဌ ရဲဘော်သံခဲနဲ့အဖွဲ့က ABSDF ရဲဘော်တွေကို နိုင်ငံရေးနဲ့ စစ်ရေးအခြေအနေတွေ ရှင်းလင်းပြောကြား… (ဓာတ်ပုံသတင်း)

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော် - ABSDF) ရဲ့ ဗဟိုစစ်ကော်မရှင် ဥက္ကဌ ရဲဘော်သံခဲ၊ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင် ရဲဘော်ဆန်နီ၊ ရဲဘော်ကျော်ကျော်လင်းတို့က ABSDF - မကဒတ ဌာနချုပ်ရှိ ရဲဘော်တွေနဲ့ တွေ့ဆုံပြီး လက်ရှိ မြန်မာနိုင်ငံရဲ့ စစ်ရေးနဲ့ နိုင်ငံရေး အခြေအနေတွေကို ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

သဲကုန်းမှာ သန်းခေါင်စာရင်းကောက်ယူမှု အားတက်သရော လုပ်ပေးနေတဲ့ အုပ်ချုပ်ရေးမှူးကို သွားရောက်ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်း ဝင်းဘရားသားရပ်ကွက် အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ PPDF တပ်ရင်းကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်ကုတ်မှာ တာဝန်ကျတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ် (နပခ) က တပ်ကြပ်​ကြီးနဲ့ တပ်သား လက်နက်ခဲယမ်းတွေယူပြီး PDF ဆီ ထွက်ပြေးခိုလှုံံ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ တာဝန်ကျနေတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ် (နပခ) က တပ်ကြပ်​ကြီး၁ယောက်နဲ့ တပ်သားဖြစ်သူတို့ သရက်ခရိုင် အမှတ် ၄တပ်ရင်းထံ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတဲ့အတွက် ထိုက်သင့်တဲ့ဆုကြေးငွေတွေ ချီးမြှင့်သွားမယ်လို့ တပ်ရင်းသတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကိုပြောပါတယ်။​
Read More

နောင်ချိုမြို့နယ်ရှိ ကျေးရွာ (၅)ရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက် ပြင်းထန်နေ၊ စစ်ကောင်စီ လက်နက်ကြီးနှင့် ဒရုန်း အလွန်အကျွံ အသုံးပြု ထိုးစစ်ဆင်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ရွှေပြည်ညွန့်၊ ကျောက်တော၊ ကုန်းစံ၊ ပန်လန်းနဲ့ ကျောက်ကြမ်းကျေးရွာတို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေရာ စစ်ကောင်စီတပ်က လက်နက်ကြီး (၁၈၂)လုံး၊ ဒရုန်းနဲ့ ဗုံး (၅၇)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။