ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ယပကတ)၊ Yaws’ People Defense Force – YPDF ရဲ့ တပ်သားသစ် အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲကို နိုဝင်ဘာလ (၂၆) ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
သင်တန်းဆင်းပွဲမှာတော့ တပ်ဖွဲ့သင်တန်းကွင်းမှာ သင်တန်းဆင်းရဲဘော်တွေ စစ်ရေးပြစစ်ကြောင်းချီတက်အလေးပြုခြင်း၊ သစ္စာရေသောက်ခြင်း၊ ကိုယ်ပိုင်နံပါတ်ထုတ်ပေးခြင်း၊ သင်တန်းဆင်းမိန့်ခွန်းပြောကြားခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် သင်တန်းကာလအတွင်း ထူးချွန်သူတွေကို ဂုဏ်ပြုဆုပေးအပ်ခြင်း၊ ထူးချွန်ဆုချီးမြှင့်ခြင်းတို့ကို ပြုလုပ်ခဲ့သလို လက်နက်နဲ့ အလင်းဝင်ရောက်လာတဲ့ ပြည်သူ့စစ်တစ်ယောက်ကို ငွေကျပ် သိန်း ၅၀ ကျပ် ဆုချီးမြှင့်ခြင်း၊ အလင်းဝင်ရောက်လာနိုင်ရေး ကူညီခဲ့သူတွေကို ဂုဏ်ပြုငွေ ဆုချီးမြှင့်ခြင်း၊ ၆၀ မမဗုံးသီးနဲ့ ဆက်သွယ်ရေးပစ္စည်းတွေ လာရောက်အပ်နှံခဲ့သူတွေကို ဂုဏ်ပြုမှတ်တမ်းတွေ ပေးအပ်ခြင်းတို့ကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
သင်တန်းဆင်းပွဲမှာ သင်တန်းသား ၃၀ ကျော်တက်ရောက်ခဲ့ပြီး အယောက် ၃၀ သင်တန်းဆင်းခဲ့သလို သင်တန်းဆင်းပွဲကို မဟာမိတ်တပ်ဖွဲ့တွေက တာဝန်ရှိသူတွေ၊ ရပ်ကျေး ပအဖနဲ့ ပကဖတာဝန်ရှိသူတွေအပြင် ပြည်သူတွေပါ စုစုပေါင်း ၂၀၀ ကျော်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

သပိတ်ကျင်းမှာ စစ်ရှောင်ပြည်သူတွေကို မြို့နယ် ပကဖ က ဆန်နဲ့ ဆီ ပေးဝေ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာတွေက စစ်ဘေးရှောင်ဒေသခံပြည်သူတွေကို သပိတ်ကျင်း ပကဖ တာဝန်ခံတွေနဲ့ အဖွဲ့ဝင်တွေက အောက်တိုဘာလ ၂၁ ရက် မနေ့က ဆန်၊ ဆီ ရိက္ခာတွေ ပေးဝေခဲ့တယ်လို့ သိရပါတယ်။
Read More

Chinland Defense Force – Kalay-Kabaw-Gangaw တပ်ရင်း ၁ ရဲ့ အခြေခံ မွမ်းမံ စစ်သင်တန်းဆင်းပွဲအခမ်းအနား (ဓာတ်ပုံသတင်း)

Chinland Defense Force - Kalay-Kabaw-Gangaw (CDF - KKG) တပ်ရင်း (၁) က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အခြေခံစစ်ပညာ မွမ်းမံသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

တောင်သာ – မိတ္ထီလာလမ်းပေါ်က ရုံးစဥ်ကြီး တိုက်နယ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ ရဲ ၂ ယောက် သေဆုံး

မန္တလေးတိုင်း၊ တောင်သာ - မိတ္ထီလာလမ်းပေါ်က ရုံးစဥ်ကြီး တိုက်နယ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ယောက် သေဆုံးခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တောင်သာ ပကဖ) - TTA PDF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ဖလမ်းမြို့ကို ချင်းညီနောင်နှင့် ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ရရှိဟု ဆို

ချင်းပြည်နယ် ဖလမ်းမြို့က စစ်ကောင်စီ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ခလရ ၂၆၈ ကို ချင်းညီနောင်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အာဆီယံအစည်းအဝေးမှာ ဝိုင်းဝန်းကန့်ကွက်နေတဲ့ စစ်ကောင်စီရဲ့ ကိုယ်စားပြု အရာရှိတစ်ယောက် တက်ရောက်ဦးမယ်လို့ဆို

လာအိုမှာ ကျင်းပမယ့် အာဆီယံ အစည်းအဝေးမှာ မြန်မာနိုင်ငံက စစ်ကောင်စီကိုယ်စားပြု နိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိတစ်ယောက် တက်ရောက်ဖွယ်ရှိတယ်လို့ စစ်ကောင်စီရဲ့ ပြောကြားမှုကို NIKKEI Asia သတင်းဌာနက ကိုးကားရေးသားထားပါတယ်။ အောက်တိုဘာ ၉ ရက်နေ့မှာ…
Read More

ကိုယ်ပိုင်သံစဉ် ရော့ခ်သီချင်းများ ချန်ရစ်ခဲ့သူ မာရဇ္ဇ၏ နောက်ဆုံးခရီး

ပရိသတ်တွေအတွက် ကိုယ်ပိုင်ဂီတအနုပညာတွေ ဖန်တီးပေးခဲ့တဲ့ အဆိုတော် မာရဇ္ဇရဲ့ ဈာပနအခမ်းအနားကို ဒီနေ့ ဇန်နဝါရီ ၂၅ ရက်၊ ရန်ကုန်မြို့ ရေဝေးသုဿန်မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုတော် မာရဇ္ဇ (ခေါ်) မာကြီးရဲ့ နောက်ဆုံးခရီးကို အနုပညာအသိုင်းအဝိုင်းက လုပ်ဖော်ကိုင်ဖက်တွေအပြင် သူ့ကို ချစ်ခင်ကြတဲ့ ပရိသတ်တွေလည်း လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။