မကွေးတိုင်း ၊ မင်းဘူးမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပေါ်က ၃မိုင်ဂိတ်အနီးမှာ စစ်ကြောင်းထွက်လာတဲ့အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေထိတွေ့မှုဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် – ၆ တပ်ရင်းတာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ၂၇ရက် မနက်ပိုင်းက စစ်ကြောင်းထွက်လာတဲ့ အင်အား ၆၀ ပါအကြမ်းဖက်စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ပုသိမ်-မုံရွာလမ်းပိုင်း ရွှေစက်တော်ဘုရားအဝင်မုဒ်ဝ ၃ မိုင်ဂိတ်နားမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
” စစ်ကြောင်းလာမယ်ဆိုတာကို သတင်းကြိုရလို့စောင့်တိုက်ခဲ့တာပါ။ အနီးကပ်တိုက်ပွဲဖြစ်ခဲ့တယ်ပေါ့။ တိုက်ပွဲ​က မနက် ၁၀နါရီခွဲကနေ စတာ နေ့လည် ၁၂ခွဲမှပြီးပါတယ်။ ဒီကောင်တွေဘက်က လက်နက်ကြီးတွေ စွတ်သုံးလို့ ကျတဲ့ကောင်တွေဆီက လက်နက်ကောက်ဖို့တောင်မတက်နိုင်ခဲ့ဘူး” လို့ မင်းဘူးခရိုင် အမှတ်- ၆ တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ဒီတိုက်ပွဲထဲ မင်းဘူးခရိုင် အမှတ်-၆တပ်ရင်းနဲ့အတူ မင်းဘူးခရိုင် အမှတ် (၈) တပ်ရင်း ၊ မင်းဘူးခရိုင် ပကဖ ဒရုန်းလက်ရုံးတပ်ဖွဲ့တွေက ပူးပေါင်းပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီက ဗုဒ္ဓဘာသာဝင်တွေအထွဋ်အမြတ်ထားရာ ဘာသာရေးနယ်မြေဖြစ်တဲ့ ရွှေစက်တော်ဘုရားဝန်းထဲ စစ်ရေးပြင်ဆင်တပ်စွဲတာမျိုးတွေရှိကြောင်းနဲ့ ခရီးသွားအရပ်သားတွေဆီက ငွေကြေးတောင်းခံတာမျိုးတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရွှေစက်တော်ဘေးမဲ့တောအတွင်းကနေ သစ်ခိုးထုတ်တာတွေနဲ့ မျိုးတုန်းပျောက်ကွယ်တော့မယ့် တောတွင်း တိရိစ္ဆာန် သတ်ဖြတ်ရောင်းချနေတဲ့စျေးကွက်တွေကို စစ်ကောင်စီက ငွေကြေးယူခွင့်ပြုပေးထားတဲ့အပေါ် တိုင်ကြားစာတွေရှိခဲ့တယ်လို့လည်း မင်းဘူးခရိုင် အမှတ် ၆- တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။
ဒီလိုတိုင်ကြားမှုတွေကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ရက်နေ့ မနက်အစောပိုင်းကလည်း ရွှေစက်တော်ဘုရားနားက ဘုရားရွာထဲတပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မင်းဘူးခရိုက် အမှတ်- ၆တပ်ရင်းနဲ့ တော်လှန်ရေး အဖွဲ့တွေက သွားရောက်ရှင်းထုတ်တိုက်ခိုက်နိုင်ခဲ့ပါသေးတယ်။
မင်းဘူးခရိုင်၊ ပုသိမ်-မုံရွာလမ်းပိုင်းပေါ်က ပွင့်ဖြူနဲ့ စေတုတ္ထရာမြို့နယ်တွေမှာလည်း အလားတူ ထိတွေ့တိုက်ပွဲတွေရှိနေပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေက လမ်းပိုင်းသတိပေးချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ပုံစာ – ရွှေစက်တော်ဘုရားအနီး ဘုရားရွာက စစ်အုပ်စုတွေကို ချေမှုန်းနိုင်ခဲ့စဥ်က မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းရဲဘော်များ
0 Shares:
You May Also Like
Read More

သီပေါနဲ့ နောင်ချိုမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ရာ နေအိမ်တွေ ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါမြို့နယ်နဲ့ နောင်ချိုမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ပြည်သူကို ဦးတည်ကာ လေကြောင်းကတဆင့် နေ့စဥ် လာရောက်ဗုံးကြဲနေပြီး လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေရာ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

Road to Mandalay ကမ်ပိန်းမှာ ပါဝင်ပြီး မန္တလေးတိုင်းစစ်ဌာနချုပ်ကို ထောက်ပံ့ရန် NUG ကာကွယ်ရေးဝန်ကြီးဌာန နှိုးဆော်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ "Road to Mandalay - ထိုးစစ် ထောက်ပို့ မန်းတိုင်းသို့ " အစီအစဥ်မှာ ပါဝင်ပြီး မန္တလေးတိုင်းစစ်ဌာနချုပ်ကို ထောက်ပံ့ဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
Read More

ပြည်သူအပေါ် ခြိမ်းခြောက်ငွေတောင်းခံနေတဲ့ မြဝတီခရိုင်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ရဲ ၃ ယောက်နဲ့ ရဲမိသားစုဝင် ၁ ယောက် ဒဏ်ရာရ

ပြည်သူလူထုအပေါ် ခြိမ်းခြောက်ငွေညှစ်တောင်းခံနေတာကြောင့် ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်ရှိ မြဝတီခရိုင်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

CDF – Thantlang ရဲ့ အပတ်စဉ် (၁၁) Basic Military Training သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

Chinland Defense Force (CDF)- Thantlang ရဲ့ အပတ်စဉ် (၁၁) Basic Military Training သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီလ ၂၈ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တစ်လကျော်အတွင်း စစ်ကိုင်းတိုင်းတွင် စစ်တပ်ကြောင့် အနည်းဆုံး ပြည်သူ ၃၉ ဦး သေဆုံးခဲ့ကြောင်း AAPP ထုတ်ပြန်

စစ်ကိုင်းတိုင်းအတွင်း အောက်တိုဘာလအစကနေ ဒီနေ့အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် အသက် ၁၈ နှစ်အောက် ကလေး ၁၁ ယောက် အပါအဝင် ပြည်သူ ၃၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်မှာ စစ်တပ်ဂိတ်ကို တိုက်ခိုက်ရင်း ကျဆုံးခဲ့သည့် ဖြူးပကဖ ကျဆုံးရဲဘော် ရဲ့ စျာပနကို ပဲခူးတိုင်း ပကဖ စစ်ရေးတာဝန်ခံ သွားရောက် ဦးညွှတ်ဂုဏ်ပြု

ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က စစ်ကောင်စီဂိတ်စခန်းကို သွားရောက်တိုက်ခိုက်ချိန် ကျဆုံးခဲ့တဲ့ ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ရဲဘော်ရဲ့ စျာပနကို ပဲခူးတိုင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ စစ်ရေးတာဝန်ခံ သွားရောက်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။