PDF တပ်ဖွဲ့ဝင်တွေကို လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် Live လွှင့်ပြီး ခြိမ်းခြောက်တက်တဲ့ သွေးသောက် ( ပြည်သူ့စစ်) အဖွဲ့ခေါင်းဆောင် မင်းမင်း ဆိုသူ ပစ်ခတ်ရှင်းလင်းခံရကာ သေဆုံးသွားတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၉ရက် မနေ့ကမွန်းလွဲပိုင်းမှာ နေပြည်တော် ၊ ဥတ္တရသီရိမြို့နယ် ၊ ပျဥ်းမနား- တောင်ညိုလမ်းပိုင်းတစ်နေရာက ကြက်ဝိုင်းတစ်ခုဆီ ဆက်ကြေးလာကောက်တဲ့ မင်းမင်းနဲ့ တပည့်ဖြစ်သူတွေကို ဝင်ရောက်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ အဲ့ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တဲ့ ကြိုးကြာနီပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်က ပြောပါတယ်။
“ကြက်ဝိုင်းကို ဆက်ကြေးလာကောက်တဲ့အချိန်ရှင်းလင်းခဲ့တာပါ။ အဲ့မှာ မင်းမင်းတပည့်တစ်ယောက်က ဓားနဲ့ခုခံလို့ သူ့ပါရှင်းလင်းခဲ့ရပါတယ်။ ရဲဘော် ၂ယောက်တည်းအရဲစွန့်လုပ်ခဲ့တာပါ။မင်းမင်းက ခါတိုင်းသေနတ်ပဲပါပေမယ့် အဲ့နေက သူ့အပိုင်ဆိုတော့ ဓားပဲယူလာတာ ၊ သူရောသူ့တပည့်ရော နှစ်ယောက်လုံးပွဲချင်းပြီးပါပဲ” လို့ ကြိုးကြာနီပြည်သူ့ကာကွယ်ရေးတပ် ၊ မကွေးအရှေ့ခြမ်းရဲဘော် ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
ရှင်းလင်းခံရတဲ့ မင်းမင်းအနေနဲ့ မလေးရှားနိုင်ငံမှာနေထိုင်စဥ် လင်းယုန်ပရဟိတအဖွဲ့ ကို ထူထောင်ရင်း အမျိုးသားရေးအစွန်းရောက် မဘအဖွဲ့ဝင်အဖြစ်ပြည်တွင်းက ပြည်သူ့စစ်တွေအတွက် ငွေကြေးထောက်ပံ့ပေးခဲ့သလို မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာချိန်မှာလည်း ကိုယ်တိုင်လက်နက်ကိုင်ပြည်သူ့စစ်လုပ်ကာ PDF တပ်ဖွဲ့ဝင်တွေနဲ့ပြည်သူလူထုကိုခြိမ်းခြောက်တာ ဖမ်းဆီးတာတွေ ဖမ်းဆီး နှိပ်စက်သတ်ဖြတ်တာတွေကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်။
ပုံစာ – ပစ်ခတ်ရှင်းလင်းခံရတဲ့ သွေးသောက် အဖွဲ့ခေါင်းဆောင် မင်းမင်း
0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ကျိုက်ထိုမှာ ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူခဲ့ရ

စစ်ကောင်စီ က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကျိုက်ထိုခရွဲကျေးရွာဘုန်းကြီးကျောင်းက ဦးပဇ္ဇင်းတစ်ပါး ပျံလွန်ပြီး နှစ်ပါးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်လိုက်ပါတယ်။
Read More

ခန္တီးမြို့နယ်တွင် စစ်ကောင်စီတပ်သား ၁ ဦး မိသားစုနှင့်အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ် ခလရ (၅၂) တပ်ရင်းမှ အကြမ်းဖက်စစ်ကောင်စီ တပ်သား (၁) ယောက် မိသားစုနဲ့အတူ အလင်းဝင်လာတယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့တွေ့ဆုံပွဲတွေ ပြုလုပ်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၊ ပြည်သူ့ဆက်ဆံရေးနှင့် စည်းရုံးရေးဌာနက ပြုလုပ်ခဲ့တဲ့ ပြည်သူနဲ့ တွေ့ဆုံပွဲ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က အောက်တိုဘာလ ၂၂ ရက် ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ကျန်းမာရေးဝန်ထမ်း ၁၄၀ နီးပါး သေဆုံးခဲ့ရ

စစ်အာဏာသိမ်း ၄နှစ်တာအတွင်း စစ်ကောင်စီကြောင့် ကျန်းမာရေးဝန်ထမ်း ၁၄ဝ နီးပါးသေဆုံးပြီး ရှစ်ရာကျော် ဖမ်းဆီးခံထားရတယ်လို့ Reliefweb  အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မလေးဝန်ကြီးချုပ်နဲ့ သက်ဆင်တွေ့ဆုံ၊ မြန်မာ့အကျပ်အတည်းနဲ့ ဒေသတွင်းအရေး ဆွေးနွေး

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးအပါအဝင် ဒေသတွင်းကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ Bernama သတင်းက ဒီဇင်ဘာ ၂၇ ရက်မှာ ဖော်ပြပါတယ်။
Read More

မြန်မာနိုင်ငံအတွင်းက အရပ်သားတွေကို အကြမ်းဖက်နေမှုများအပေါ် အင်ဒိုနီးရှားနဲ့ အမေရိကန်သမ္မတ ရှုတ်ချ

အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုနဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့က မြန်မာနိုင်ငံအတွင်းက အရပ်သားတွေကို အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေတဲ့အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။