ချင်းပြည်နယ် ၊ ဟားခါးမြို့အနီးက စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုကို ချင်းအမျိုးသားတပ်မတော်(CNA) နဲ့ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်း ၁၉ယောက်အထိ ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။
လွှာဗာဇုန်းစစ်ကောင်စီစခန်းကို နိုဝင်ဘာ ၃၀ရက် ၊ ဒီနေ့မနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း ခလရ ၂၂၂ တပ်ရင်းမှူးအပါဝင် အကြမ်းဖက်စစ်သား ၁၀ယောက်ကျော် သေဆုံးကာ၊ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ရက်နေ့ကတည်းက ဟားခါးနဲ့ ထန်တလန်မြို့ကြားက စစ်ကောင်စီစခန်းတွေကို ချင်းအမျိုးသားတပ်မတော် CNA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး နိုဝင်ဘာ ၂၆ရက်နေ့မှာ ပွိုင့်- ၃တောင်ကုန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းအထိနာခဲ့တဲ့စစ်ကောင်စီက ဟားခါးနဲ့ ထန်တလန်မြို့နယ်အကြားကနေရာတွေကို လေကြောင်းကနေ အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။
အလားတူ ချင်းပြည်နယ်ထဲက မင်းတပ်နဲ့ ဖလမ်းမြို့နယ်တွေမှာလည်း ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီကြားထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။
ပုံစာ- စစ်ကောင်စီရဲ့ လွှာဗာဇုန်းတပ်စခန်းသိမ်းပွဲက ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေနဲ့ လက်နက်များကိုတွေ့ရစဥ်
0 Shares:
You May Also Like
Read More

ပေါင်းတည်တွင် စစ်မှုထမ်းနှင့် ရွေးကောက်ပွဲအတုအတွက် အားတက်သရော ကူညီနေသည့် အုပ်ကြီး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပေါင်တည်မြို့နယ်၊ ရေဆည်ကြီးရွာမှာ နေထိုင်တဲ့ အုပ်ချုပ်ရေးမှူး ဝင်းမြင့်ဟာ စစ်မှုထမ်းကိစ္စတွေနဲ့ အတုအယောင် ရွေးကောက်ပွဲကိစ္စတွေမှာ အားတက်သရော ပါဝင်ကူညီနေတဲ့အတွက် အဆိုပါအုပ်ကြီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

အလွမ်းကဖီးရဲ့ ဒေါင့်လေးမှာ ဂျေညီညီ မရှိတော့ပါ

၁၉၈၀ ခုနှစ် ရေဒီယိုခေတ်တွေမှာ တချိန်ကနာမည်ကြီးခဲ့တဲ့ တေးသံရှင် ဂျေညီညီဟာ ဒီနေ့ မတ်လ ၃၁ ရက် မနက်အစောပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။
Read More

ခြုံကြီးရွာကို စစ်အုပ်စုက ပုံမှားရိုက်စီးနင်းပြီး နိုင်ကျဥ်းတော်လှန်ရေးသမား ၁ ယောက် အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ စစ်​အုပ်စုက ခြုံကြီးရွာကို အလစ်အငိုက်ဝင်ရောက်စီးနင်းပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ယောက်နဲ့ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်ကာ လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
Read More

လုံခြုံရေးတင်းကျပ်ထားသည့် မန္တလေးမြို့လယ်တွင် ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

အကြမ်းဖက်စစ်အုပ်စု လုံခြုံရေး အထူးတင်းကြပ်ထားတဲ့ မန္တလေးမြို့လယ်မှာ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူထုတိုက်ပွဲလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပကဖရုံးချုပ်၊ ပြည်သူ့ရေးရာတာဝန်ခံ ဦးမောင်မောင်ဆွေက ပကဖများသည် စစ်ကောင်စီတပ် ချေမှုန်းသုတ်သင်နိုင်ရေးနှင့် ပြည်သူများကို ကူညီကာကွယ်စောင့်ရှောက်နိုင်ရေး အမြဲအသင့် ရှိစေဖို့ တိုက်တွန်း…

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့( ပကဖ) ရုံးချုပ်က ပြည်သူ့ရေးရာတာဝန်ခံ ဦးမောင်မောင်ဆွေက ပကဖ တွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ချေမှုန်းသုတ်သင်နိုင်ရေးနဲ့ ပြည်သူတွေကို ကူညီကာကွယ်စောင့်ရှောက်နိုင်ရေးတို့အတွက် အမြဲအသင့် ရှိစေဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။