ထိုင်းနိုင်ငံနယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့မှာ နယ်မြေအငြင်းပွားမှုနဲ့ ပတ်သက်ပြီး ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နဲ့ မွန်ပြည်သစ်ပါတီ (NMSP) တို့ကြားမှာ ညှိနှိုင်းမှုတွေ ပြုလုပ်ပြီးနောက် နှစ်ဖက်စလုံးရဲ့ ဂိတ်စခန်းတွေကို ပြန်လည်ဖြုတ်သွားပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာ DKBA တပ်ဖွဲ့တွေက ဘုရားသုံးဆူမြို့နယ်၊ ဂျပန်ရေတွင်းကျေးရွာက NMSP ဂိတ်ရဲ့ မီတာ ၂၅၀ သာ ကွာဝေးတဲ့နေရာမှာ ဂိတ်အသစ်လာချရာကနေ စပြီး နှစ်ဖက် အခြေအနေ စတင်တင်းမာခဲ့တာပါ။
အဲဒီနောက် နိုဝင်ဘာလ ၂၈ ရက်နေ့၊ ညသန်းခေါင် ဝန်းကျင်အချိန်မှာ အဆိုပါ ဂိတ်စခန်းနေရာကနေ သေနတ်ပစ်သံတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
“သေနတ်က ၄-၅ ချက်လောက် ဆက်တိုက် ပစ်တာမျိုးပါ။ တိုက်ပွဲ ဖြစ်သလိုတော့ မဟုတ်ပါဘူး။ အချင်းချင်း သေနတ်ဖောက်ပြီး ခြောက်ကျတဲ့ သဘောမျိုးထင်ပါတယ်။” လ်ု့ ဘုရားသုံးဆူမြို့ခံတဦးက မောင်းကို ပြောပါတယ်။
အဲဒီလို စစ်ရေးတင်းမာမှု အခြေအနေတွေကြောင့် နှစ်ဖက်အဖွဲ့ရဲ့ သက်ဆိုင်ရာ လူကြီးတွေက နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ညှိနှိုင်းဆွေးနွေးမှုတွေကို လုပ်ဆောင်ပြီးနောက် နှစ်ဖက်စလုံးရဲ့ ဂိတ်စခန်းတွေကို ပြန်လည် ဖြုတ်ချသွားခဲ့တယ်လို့ သိရပါတယ်။
DKBA တပ်ဖွဲ့တွေဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ MNSP စိုးမိုးနယ်မြေဖြစ်တဲ့ ဂျပန်ရေတွင်းကျေးရွာ၊ တပ်ရင်း (၃) အနီးမှာ ဂိတ်စခန်းလာချတာကြောင့် ယခုကဲ့သို့ ဖြစ်စဉ်တွေလည်း ရှိခဲ့တာပါ။
လက်ရှိမှာတော့ ဘုရားသုံးဆူမြို့ကို ဗိုလ်အေဝမ်းဦးဆောင်တဲ့ DKBA တပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး စစ်တပ်ရဲ့ အာဏာသက်ရောက်မှုလည်း မရှိပါဘူး။
ဗိုလ်အေဝမ်းဟာ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်တဲ့ တရုတ်လူမျိုးတွေကို ဘုရားသုံးဆူမြို့မှာ နေထိုင်ခွင့်နဲ့ လောင်းကစားဝိုင်းလုပ်ခွင့်တွေကို အခကြေးငွေယူကာ လက်ခံထားသူဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပုံစာ – NMSP-AD နဲ့ DKBA တပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

ဒီပဲယင်းမြို့နယ်အတွင်းရှိ ဆည်မြောင်းတွေ ရေစီး၊ ရေလာ ကောင်းမွန်စေဖို့အတွက် လုပ်ဆောင်ပေး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ဆည်မြောင်းတွေ ရေစီး၊ရေလာကောင်းမွန်စေဖို့အတွက် လုပ်ဆောင်ပေးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ပုလောမြို့နယ်၊ ပါဒစက်တော်ရာဘုရားက စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား (၆) ယောက် သေပြီး (၈) ယောက်ခန့် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပါဒစက်တော်ရာဘုရားက အကြမ်းဖက်စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၆) ယောက် သေပြီး (၈) ယောက်ခန့် ဒဏ်ရာရခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ဒီနေ့မှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

ဖေဖော်ဝါရီလအတွင်း ရန်ကုန်မှာ လူငယ် ၂၃၀ ကျော် ဖမ်းဆီးခံရ

ပြီးခဲ့တဲ့ ၂၀၂၅  ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့ပေါ်မှာ လူငယ်လူရွယ် ၂၃၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း  Rangoon Scout Network (RSN) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာတွင် အကြမ်းဖက်စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ဦး သေဆုံး၊ အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာမှာ အကြမ်းဖက်စစ်တပ် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား(၁) ယောက် သေဆုံးခဲ့ပြီး အမျိုးသမီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မကွေးတိုင်းမှာ PDF တွေ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်နေ (ဓာတ်ပုံသတင်း)

မကွေးတိုင်းအတွင်း မကွေးတိုင်း PDF ရဲဘော်တွေက ပြည်သူတွေနဲ့ တွေ့ဆုံကာ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၇ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

နတ်မောက်နယ်က သားအဖ ၂ ဦးကို အကြမ်းဖက်စစ်တပ် မီးရှို့သတ်ဖြတ်

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ စမ်းကုန်းရွာက သားအဖ နှစ်ဦးကို အကြမ်းဖက်စစ်တပ် စစ်ကြောင်းက ဖမ်းဆီးနှိပ်စက်ပြီး မီးရှို့ သတ်ဖြတ်သွားတယ်လို့ နတ်မောက်မြို့နယ် ပကဖတာဝန်ခံဆီက သိရပါတယ်။