ကရင်နီပြည်မှာ ကိုယ်ပိုင်တရားစီရင်ရေးစနစ်ကနေ ရာဇဝတ်မှုပေါင်း ၇၀ ကျော်ကို လက်ခံဆောင်ရွ့က်နိုင်ခဲ့တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အသိပေးထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ တစ်နှစ်တာကာလအတွင်း တရားရေးစနစ်၊ ဥပဒေရုံးများနှင့် အကျဉ်းထောင် ၂ ခု တည်ထောင်နိုင်ခဲ့ပြီး ရာဇဝတ်မှုတွေကို လက်ခံဆောင်ရွက်နိုင်ခဲ့တာပါ။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီက တရားရေးဌာနကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခု ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီလည်း ဖြစ်ပါတယ်။
ကရင်နီဒေသမှာ တရားမျှတတဲ့ တရားစီရင်ရေး မဏ္ဍိုင်တစ်ခုဖော်ဆောင်ရာတွင် အထောက်အကူပြုနိုင်ရန်၊ ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရာတွင် အထောက်အကူပြုနိုင်ရန်၊ ပြည်သူလူထု၏ ဥပဒေပါ အခွင့် အရေးများ ရရှိစေရန်၊ တရားဥပဒေစိုးမိုးရေးကို ပိုမိုပြီး ဦးစားပေးလုပ်ဆောင်နိုင်တော့မယ်လို့လည်း ဖော်ပြထားပါတယ်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီရဲ့ တရားရေးဌာနတွင် ဌာနရုံး၊ စီမံ/ဘဏ္ဍာဌာနခွဲ၊ ဥပဒေရေးရာကြီးကြပ်မှု ဌာနခွဲ၊ အကျင့်စာရိတ္တပြုပြင်ရေးနဲ့ ပြန်လည် ထူထောင်ရေးဌာနခွဲတို့ပါဝင်တယ်လို့ သိရပါတယ်။
လက်ခံဆောင်ရွက်တဲ့ အမှုပေါင်း ၇၁မှုမှာ လတ်တလောတွင် ၂၆ မှု ပြီးပြတ်သွားပြီဖြစ်ကာ ကျန်ရှိတဲ့ အမှုများကို ဆက်လက်စစ်ဆေးနေပြီး ကျန်အမှုများမှာ မူးယစ်ဆေးဝါး၊လူသတ်မှု၊မတရားအသင်း အမှုနဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဆိုင်ရာ အမှုတွေကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
ကရင်နီဒေသမှာ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူလူထု၏ ဥပဒေပါ အခွင့်အရေးများ ရရှိရေး ဦးစားပေး လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကြောရေးမှ ပေးသည့် ဒဏ်ရာများကို ခံစားရင်း ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မဝတ်ရည်အောင် အင်းစိန်ထောင်တွင်း ကျဆုံး

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက မတရား ဖမ်းဆီးအကျဥ်းချထားတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မဝတ်ရည်အောင်ဟာ ဒီနေ့ ဇူလိုင်လ ၂၀ ရက်မှာ အင်းစိန်ထောင်အတွင်း ကျဆုံးသွားခဲ့ပါပြီ။
Read More

နမ့်ခမ်းတွင် အမျိုးသမီး (၁) ဦး ခြံရှင်းရာမှ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ သာယာကုန်းရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံအမျိုးသမီး (၁) ယောက် ခြံရှင်းရာမှာ မိုင်းတစ်လုံးကို ပေါက်မိပြီး ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းတပ်မြို့က စစ်ကောင်စီရဲ့ လက်ကျန်စခန်း ခလရ ၂၇၄ တပ်ကို တိုက်ခိုက်သိမ်းပိုက်၊ မင်းတပ်မြို့နယ်မှာ စစ်တပ်လုံး၀ ကင်းစင်ပြီဖြစ်…

ချင်းပြည်နယ်၊ မင်းတပ်မြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းဖြစ်တဲ့ ခလရ ၂၇၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မင်းတပ် တစ်မြို့နယ်လုံးမှာ စစ်တပ်ကင်းစင်သွားပြီဖြစ်တယ်လို့ ချင်းတော်လှန်ရေး သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ထိတွေ့တိုက်ပွဲမရှိဘဲ စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီမီးခုံမြို့နယ်မှ ဒေသခံတစ်ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံမြို့နယ်မှာ ထိတွေ့တိုက်ပွဲမရှိဘဲ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ဆီမီးခုံသတင်းအဖွဲ့ တာဝန်ခံဆီက သိရပါတယ်။
Read More

ကရင်နီပြည် တော်လှန်ရေးတပ် စိုးမိုးနယ်မြေတစ်နေရာမှာ တော်လှန်ရေးပူးပေါင်းတပ်နဲ့ အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့ ပူးပေါင်းကာ ညကင်းလှည့်ပြီး ရှောင်တခင်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့

ကရင်နီပြည်အတွင်းက တော်လှန်ရေးတပ်တွေ စိုးမိုးနယ်မြေတစ်နေရာမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့နဲ့ အရပ်ဖက်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ညကင်းလှည့်ကာ ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ Unity Generation Z PDF 1101 (UGZ-PDF-1101) က ထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုတွင် စစ်ကောင်စီတပ်၏ ဟောင်ဝစ်ဇာ လက်နက်ကြီးကျည်ကြောင့် နေအိမ် (၂) လုံး ထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့မှာ တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က ဟောင်ဝစ်ဇာနဲ့ လက်နက်ကြီး (၅) လုံး ပစ်ခတ်တိုက်ခိုက်ရာ နေအိမ် (၂) လုံး ထိမှန်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ တအာင်းတပ်မတော် - TNLA က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။