ထိုင်းအစိုးရအနေနဲ့ မြန်မာ့အကျပ်အတည်းအရေး အလွတ်သဘောဆွေးနွေးပွဲတစ်ရပ်ကို နောက်လမှာ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် အတည်ပြုရက် မသတ်မှတ်နိုင်သေးဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန (MFA) က နိုဝင်ဘာ ၂၈ ရက်မှာ ပြောပါတယ်။
MFA ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura ရဲ့အဆိုအရ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၉ နဲ့ ၂၀ ရက်တွေမှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် ဆွေးနွေးပွဲကျင်းပမယ့်ရက်ကို အခြားပါဝင်သူတွေက အတည်ပြုဖို့ လိုအပ်နေပါသေးတယ်။
နောက်ထပ်တိုးချဲ့ အလွတ်သဘော ညှိနှိုင်းဆွေးနွေးပွဲမှာ ယခင်၊ လက်ရှိနဲ့ နောက်လာမယ့် အာဆီယံဥက္ကဋ္ဌတွေ ပါဝင်မှာဖြစ်ပြီး ဆွေးနွေးပွဲမှာ ပါဝင်လိုတဲ့ အခြားအဖွဲ့ဝင်တွေကိုလည်း ကြိုဆိုကြောင်း သူက ပြောပါတယ်။
လက်ရှိ အာဆီယံဥက္ကဋ္ဌ “လာအိုနဲ့ ကျနော်တို့ ညှိနှိုင်းပြီး သူတို့ရဲ့ ပံ့ပိုးကူညီမှုကို ရခဲ့တယ်” နောက်လာမယ့် ဥက္ကဋ္ဌ မလေးရှားရဲ့ ထောက်ခံမှုလည်း ရခဲ့တယ်လို့ သူက ပြောပါတယ်။
ရိုဟင်ဂျာ မွတ်ဆလင် လူနည်းစုတွေအပေါ် ကျုးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် မင်းအောင်လှိုင်ကို ICC မှာ ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုချက်က ဆွေးနွေးပွဲကို ထိခိုက်မှာလားလို့ မေးမြန်းချက်ကိုတော့ Mr Nikorndej က ထိုင်းနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံတစ်ခုမဟုတ်ပေမယ့် လက်ရှိအခြေအနေရဲ့ ထိရှလွယ်မှုကို အသိအမှတ်ပြုကြောင်း ပြောခဲ့ပါတယ်။
ပုံစာ – ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura
ဓာတ်ပုံ – Nation Thailand
0 Shares:
You May Also Like
Read More

မောင်မောင်လွင်၏ တစ်လုံးတည်းသော သွင်းဂိုဖြင့် မန်ယူကို အာဆီယံအသင်း အနိုင်ရ

မလေးရှားနိုင်ငံ၊ ဘူကစ်ဂျာလီကွင်းမှာ ဒီယနေ့ မေလ ၂၈ ရက်ညပိုင်းမှာ ယှဥ်ပြိုင်ကစားခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက်အသင်း နဲ့ အာဆီယံလက်ရွေးစင်အသင်းတို့ ပွဲစဥ်မှာ အာဆီယံလက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း တိုက်စစ်မှူး မောင်မောင်လွင်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အာဆီယံအသင်း အနိုင်ရသွားခဲ့ပါတယ်။
Read More

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်မှာ စျေးရောင်းနေသည့် မြန်မာအလုပ်သမား ၇ ဦး တိုင်ကြားချက်အရ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊ ကထုန့်ဘဲင်မြို့နယ်မှာ စျေးရောင်းနေတဲ့ မြန်မာအလုပ်သမား ၇ ယောက်ကို ထိုင်းအာဏာပိုင်တွေက တိုင်ကြားမှုတွေအရ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းဌာနတွေမှာ သတင်းဖော်ပြထားပါတယ်။ 
Read More

ထိုင်းအစိုးရအဖွဲ့သစ် ကျမ်းကျိန်ပွဲကို ရာထူးဆိုင်းငံ့ခံထားရသည့် ဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ် ယဥ်ကျေးမှုဝန်ကြီးအဖြစ် တက်ရောက် 

ရာထူးတာဝန်ကနေ ဆိုင်းငံ့ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ဟာ အသစ်ဖွဲ့စည်းထားတဲ့  ထိုင်းအစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို ယဉ်ကျေးမှုဝန်ကြီးအဖြစ် တက်ရောက်လာခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။ 
Read More

စစ်အာဏာရှင်လက်အောက် အနှစ်သာရ ကင်းမဲ့နေတဲ့ မြန်မာသင်္ကြန် ယူနက်စကို စာရင်းဝင်ခဲ့ပြီ

မြန်မာ့ရိုးရာအတာသင်္ကြန်ဟာ မြန်မာပြည်သူပြည်သားတွေ အားလုံးမျှော်လင့်နေတဲ့ ယူနက်စကိုရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင်အဖြစ် အသိအမှတ်ပြု စာရင်းဝင်ခဲ့ပါပြီ။
Read More

ကျားဖြန့်လုပ်ငန်းကို ခွင့်ပြုထားခဲ့သည့် BGF၊ စစ်ကော်မရှင်တပ်က ဖိအားများကြောင့် ရွှေကုက္ကိုလ်ကို ပြန်စီးနင်း၊ ကျားဖြန့် ၃၅၀ နီးပါး အဖမ်းခံရ

ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ရွှေကုက္ကိုလ်မြို့ကို ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တွေက နိုဝင်ဘာလ ၁၈ ရက်မှာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ 
Read More

ကန်ချနဘူရီမှာ အထောက်အထားမဲ့ မြန်မာလုပ်သား ၇၀ ဦး ထပ်မံ ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီ၊ စံခလဘူရီမှာ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာလုပ်သား အယောက် ၇၀ ကို အာဏာပိုင်တွေက ထပ်မံဖမ်းဆီးလိုက်ပါတယ်။